သမီးလေးအတွက် ရည်မှန်းချက်ကြီးကြီးထားပြီး တန်ဖိုးကြီးမွေးနေ့လက်ဆောင်တစ်ခုပေးခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်

Posted on

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကိုများစွာပိုင်ဆိုင်ထားတဲ့ မင်းသား ပိုင်ဇေရဲထွန်းကိုတော့ ပရိသတ်တွေသိကြမှာပါ။ ချစ်စရာကောင်းတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကို လိုက်ဖက်ညီတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေကြားမှာ အားကျရတဲ့ အိမ်‌ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီး ထက်မြတ်တဲ့ သားသားမီမီးလေးတွေ ကိုလည်း ပိုင်ဆိုင်ထားတာပါသေးတယ်။

 

ပိုင်ဇေရဲထွန်းရဲ့ ချစ်ရာကောင်းတဲ့ သားသားမီးမီးတွေနဲ့အတူ အမြဲလိုလို တက်ညီလက်ညီ မိသားစု အလှူတွေလုပ်နေကြဖြစ်ပြီး ကြည်နူးအေးချမ်းတဲ့ မိသားစုလေးတစ်စုပါ။ ယခုဆိုရင် ကျောက်မြတ်ရတနာဆိုင်တစ်ခုကို ဖွင့်ထားပြီး သားသမီးရေးရဲ့ နောင်ရေးအတွက် အကောင်းဆုံး ကြိုးစားနေတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံရဲ့ မိဘမေတ္တာကိုလည်း ပရိသတ်တွေ နားလည်ခံစားရမှာပါ။ယခုဆိုရင် သမီးလေး Juliaက အသက် ၁၃နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

မေမေ ဇင်သဲနိုင်က သမီးလေးJuliaအတွက် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ တန်ဖိုးကြီးမွေးနေ့လက်ဆောင်လေးတစ်ခုကို ပေးခဲ့ပါတယ် ။ “ညကသမီးလေးမွေးနေ့အမှတ်တရမေမေ့အစီစဉ်….အသက်၁၃နှစ်ပြည့်တဲ့သမီးလေးကို လက်ဆောင်ပေးဖို့စီစဉ်ရင်း မေမေသဲအကြံလေးတစ်ခုရတယ်..နှစ်တိုင်းနှစ်တိုင်းသူတို့လိုချင်တဲ့ electronic ပစ္စည်း အသုံးဆောင် အရုပ်ဘယ်လောက်ပဲသတိတရဝယ်ပေးပေး နောက်တစ်နှစ်မွေးနေ့မှာ သူတို့သတိမရကြတော့ဘူး သူတို့လက်ထဲ အမြတ်တနိုးရှိမနေတော့ဘူး….
အဲ့ဒါကြောင့်ဒီနှစ်မွေးနေ့ကို သမီးအတွက် သူကြိုက်တဲ့ပုံလက်စွပ်လေးကိုဝတ်ဖို့ရယ်… သူ့အတွက်တစ်နှစ်အတွင်းတိုးပွား အောင်လုပ်ဖို့ကျောက်ဘူးလေး တစ်ဘူးရယ်စီးပွားရေးတစ်ခုအစပြုဖို့လက်ဆောင်ပေးလိုက်တယ်… မီးမီးပိုင်တဲ့ဒီကျောက်ဘူးလေးကိုရောင်းပေးပီး နောက်တစ်ခုထပ်ဝယ်ပေးမယ်… နောက်နှစ်ဒီလိုအချိန်ဘယ်လောက်တိုးပွားလာလဲသိချင်မိတယ်” ဆိုပြီး သမီးလေးအတွက် အမျှော်အမြင်ရှိစွာ မွေးနေ့လက်ဆောင်လေးတစ်ခုကိုပေးခဲ့တာပါ။ CeleZone ပရိသတ်ကြီးလည်း သမီးလေး Juliaကို မွေးနေ့ဆုတောင်းလေးပေးလိုက်ကြပါအုံးနော်။

 

 

Source:Zin Thae Naing

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)



