သူမရဲ့ခွေးလေးနှစ်ကောင်နဲ့ ဆင်တူအင်္ကျီလေးတွေဝတ်ခဲ့တဲ့ ပက်ထရစ်ရှာရဲ့ Tik Tok ဗီဒီယို

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ရှာရှာတစ်ယောက် ခွေးပေါက်လေးနှစ်ကောင်လက်ဆောင်ရခဲ့ပါ တယ်။ မိခင်ဖြစ်သူ သဘောမတူတဲ့ ကြားထဲက အဆူခံပြီးလက်ဆောင်ပေးတဲ့ သူမရဲ့ မိတ်ဆွေကို လည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။ ဒီခွေးလေးတွေကို ကိုယ့်ကလေးလေးတွေကို ဂရုစိုက်ပြီးချစ်လွန်းတဲ့ရှာရှာတစ်ယောက် ခွေးလေးနှစ်ကောင်ကို သူမရဲ့အင်္ကျီလေးတွေနဲ့ ဆင်တူချုပ်ပေးပြီး ချစ်စရာ Tik Tok လေး ရိုက်ကူးခဲ့ပါတယ်။

အိမ်ထဲမှာပဲနေရတဲ့ကာလဆိုတော့ ချစ်စရာအပန်းဖြေစရာအဖော်လေးတွေရလို့ ရှာရှာလည်း အရမ်းကိုပျော်နေပုံပါပဲ။ မိခင်ဖြစ်သူက လည်း ပြောမရတဲ့အဆုံးတော့ ကိုယ့်သမီးလေး စိတ်ချမ်း သာအောင် ခွေးလေးနှစ်ကောင်ကိုပါ ရှာရှာရဲ့အင်္ကျီနဲ့ပုံစံတူလေးတွေ ချုပ်ပေးခဲ့ ပါသေးတယ်။ ချစ်စရာကောင်းတဲ့ မေမေပဲနော်။

ခွေးလေးနှစ်ကောင်နဲ့အတူ အင်္ကျီဆင်တူလေးတွေ တစ်ထည်ပြီးတစ်ထည်ဝတ်ပြထားတဲ့ Tik Tok ဗီဒီယိုလေးကို “သားအမိတွေဆင်တူ ဝတ်ကြသည်ပေါ့ ကလေးတွေအတွက်ကျမရဲ့မာမီ ချုပ်ပေး ထားတဲ့အင်္ကျီလေးတွေနဲ့ပေါ့ရှင် ” ဆိုပြီး ရှာရှာက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးမို့ အားလုံးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Shu Sha Naing

(ဇော်ဂျီဖြင့်ဖတ်ရန်)

သူမရဲ႕ေခြးေလးႏွစ္ေကာင္နဲ႔ ဆင္တူအက်ႌေလးေတြဝတ္ခဲ့တဲ့ ပက္ထရစ္ရွာရဲ႕ Tik Tok ဗီဒီယို

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က ရွာရွာတစ္ေယာက္ ေခြးေပါက္ေလးႏွစ္ေကာင္လက္ေဆာင္ရခဲ့ပါ တယ္။ မိခင္ျဖစ္သူ သေဘာမတူတဲ့ ၾကားထဲက အဆူခံၿပီးလက္ေဆာင္ေပးတဲ့ သူမရဲ႕ မိတ္ေဆြကို လည္း ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါေသးတယ္။ ဒီေခြးေလးေတြကို ကိုယ့္ကေလးေလးေတြကို ဂ႐ုစိုက္ၿပီးခ်စ္လြန္းတဲ့ရွာရွာတစ္ေယာက္ ေခြးေလးႏွစ္ေကာင္ကို သူမရဲ႕အက်ႌေလးေတြနဲ႔ ဆင္တူခ်ဳပ္ေပးၿပီး ခ်စ္စရာ Tik Tok ေလး ႐ိုက္ကူးခဲ့ပါတယ္။

အိမ္ထဲမွာပဲေနရတဲ့ကာလဆိုေတာ့ ခ်စ္စရာအပန္းေျဖစရာအေဖာ္ေလးေတြရလို႔ ရွာရွာလည္း အရမ္းကိုေပ်ာ္ေနပုံပါပဲ။ မိခင္ျဖစ္သူကလည္း ေျပာမရတဲ့အဆုံးေတာ့ ကိုယ့္သမီးေလး စိတ္ခ်မ္း သာေအာင္ ေခြးေလးႏွစ္ေကာင္ကိုပါ ရွာရွာရဲ႕ အက်ႌနဲ႔ပုံစံတူေလးေတြ ခ်ဳပ္ေပးခဲ့ပါေသးတယ္။ ခ်စ္စရာေကာင္းတဲ့ ေမေမပဲေနာ္။

ေခြးေလးႏွစ္ေကာင္နဲ႔အတူ အက်ႌဆင္တူေလးေတြ တစ္ထည္ၿပီးတစ္ထည္ဝတ္ျပထားတဲ့ Tik Tok ဗီဒီယိုေလးကို “သားအမိ ေတြဆင္တူဝတ္ၾကသည္ေပါ့ ကေလးေတြအတြက္က်မရဲ႕မာမီ ခ်ဳပ္ေပး ထားတဲ့အက်ႌေလးေတြနဲ႔ေပါ့ရွင္ ” ဆိုၿပီး ရွာရွာက သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ခဲ့ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ဗီဒီယိုေလးမို႔ အားလံုးအတြက္ တင္ဆက္ေပးလိုက္တယ္ ေနာ္။

Happy – Cele Zone
Photo – Shu Sha Naing