အိမ်မှာနေရင်း သမီးလေးနှစ်ယောက်နဲ့အတူ ဘုရားတရားတွေလုပ်နေတဲ့ စမိုင်းလ်

Posted on

ကိုယ်တိုင်လည်း ဘာသာတရားကိုင်းရှိုင်းသလို ကိုယ့်သွေးသား သမီးလေးနှစ်ယောက်ကိုလည်း လူ့ယဉ်ကျေးလေးတွေဖြစ်အောင် ဆုံးမသွန်သင်တတ်တဲ့ စမိုင်းလ်ကတော့ တကယ့်ကို မိခင်ကောင်းပါပဲ။ ကြည်နူးစရာမိသားစုဘဝလေးကို အတူတူ ထူထောင်နိုင်ခဲ့တဲ့ ခင်ပွန်းဖြစ်သူနဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတဲ့အထိ ချစ်ခြင်းမေတ္တာတွေက လတ်ဆတ်နေပြီး သမီးလေး နှစ်ယောက်ကိုလည်း မေတ္တာနဲ့ အကောင်းမွန်ဆုံး ပျိုးထောင်နိုင်ခဲ့ပါတယ်။

အိမ်မှာပဲနေရတဲ့ဒီလိုနေ့ရက်တွေမှာ အချည်းနှီးမဖြစ်ရလေအောင် သမီးလေးနှစ်ယောက်နဲ့အတူ ဘုရားတရားလုပ်ပြီး သမီးနှစ်ယောက် ကိုလည်း ဘာသာတရားကို ပိုပြီးကိုင်းရှိုင်းတတ်လာ အောင် လမ်းညွှန်ပေးခဲ့ပါသေးတယ်။ မိဘတွေမရှိတော့တာမို့ အဖွားဖြစ်သူကိုပဲ ပိုပြီး ချစ်ခင် ကာ ကလေးတစ်ယောက်လို အလိုလိုက်တတ်တဲ့ ချစ်စရာမင်းသမီးလေးပါပဲ။

သားမိသုံးယောက်အတူတူလုပ်တဲ့ ကုသိုလ်ရေးအကြောင်းလေးကို ” သမီလေးတွေနဲ့ ဘုရားရှိခိုး ဘုရားရေသပ္ပယ်။ သူတို့အသက် အလိုက် အရဟံ ၁၅၀၀ နဲ့ (၁၂၀၀) စိတ်ခိုင်းပြီး အရဟံ သိဒ္ဓိ ဘဂဝါအောင် ၁၀ပတ်စီစိတ်ခိုင်း ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ချစ်စရာသမီးလေး နှစ်ယောက်က မေမေ့စကားကိုအမြဲနားထောင်ပြီး လိမ္မာတဲ့သမီးလေးတွေမို့ သွန်သင်ဆုံးမရကျိုး နပ်တာပေါ့နော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ္မွာေနရင္း သမီးေလးႏွစ္ေယာက္နဲ႔အတူ ဘုရားတရားေတြလုပ္ေနတဲ့ စမိုင္းလ္

ကိုယ္တိုင္လည္း ဘာသာတရားကိုင္းရႈိင္းသလို ကိုယ့္ေသြးသား သမီးေလးႏွစ္ေယာက္ကိုလည္း လူ႔ယဥ္ေက်းေလးေတြ ျဖစ္ေအာင္ ဆုံးမသြန္သင္တတ္တဲ့ စမိုင္းလ္ကေတာ့ တကယ့္ကို မိခင္ေကာင္းပါပဲ။ ၾကည္ႏူးစရာမိသားစုဘဝေလးကို အတူတူ ထူေထာင္ႏိုင္ခဲ့တဲ့ ခင္ပြန္းျဖစ္သူနဲ႔ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာတဲ့အထိ ခ်စ္ျခင္းေမတၱာေတြက လတ္ဆတ္ေနၿပီး သမီးေလး ႏွစ္ေယာက္ကိုလည္း ေမတၱာနဲ႔ အေကာင္းမြန္ဆုံး ပ်ိဳးေထာင္ႏိုင္ခဲ့ပါတယ္။

အိမ္မွာပဲေနရတဲ့ဒီလိုေန႔ရက္ေတြမွာ အခ်ည္းႏွီးမျဖစ္ရေလေအာင္ သမီးေလးႏွစ္ေယာက္နဲ႔အတူ ဘုရားတရားလုပ္ၿပီး သမီးႏွ စ္ေယာက္ကိုလည္း ဘာသာတရားကို ပိုၿပီးကိုင္းရႈိင္းတတ္လာ ေအာင္ လမ္းၫႊန္ေပးခဲ့ပါေသးတယ္။ မိဘေတြမရွိေတာ့ တာမို႔ အဖြားျဖစ္သူကိုပဲ ပိုၿပီး ခ်စ္ခင္ ကာ ကေလးတစ္ေယာက္လို အလိုလိုက္တတ္တဲ့ ခ်စ္စရာမင္းသမီးေလးပါပဲ။

သားမိသုံးေယာက္အတူတူလုပ္တဲ့ ကုသိုလ္ေရးအေၾကာင္းေလးကို ” သမီေလးေတြနဲ႔ ဘုရားရွိခိုး ဘုရားေရသပၸယ္။ သူတို႔အသက္အလိုက္ အရဟံ ၁၅၀၀ နဲ႔ (၁၂၀၀) စိတ္ခိုင္းၿပီး အရဟံ သိဒၶိ ဘဂဝါေအာင္ ၁၀ပတ္စီစိတ္ခိုင္း ” ဆိုၿပီး ေဝမွ်ထား တာပဲျဖစ္ပါတယ္။ ခ်စ္စရာသမီးေလး ႏွစ္ေယာက္က ေမေမ့စကားကိုအၿမဲနားေထာင္ၿပီး လိမၼာတဲ့သမီးေလးေတြမို႔ သြန္သင္ဆုံးမရက်ိဳး နပ္တာေပါ့ေနာ္။

Happy – Cele Zone
Photo – Smile