ဖေဖေ ‌နောက်ကမြူနေတာ ကြည့်ပြီး နို့ဘူးစို့ရင်း တခစ်ခစ်ရယ်နေတဲ့ နန်းမြတ်ရဲ့ သားလေး Jack Jack

Posted on

ချစ်စရာကောင်းတဲ့ နန်းမြတ်ဖြိုးသင်းတို့ မိသားစုလေးက ပရိသတ်တွေကြားမှာ ချစ်စရာကောင်းပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ် အားလုံးက သိကြပါတယ်။ အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးတစ်ဦး အဖြစ် ပရိသတ်အခိုင်အမာရရှိထားတဲ့ နန်းမြတ်က အိမ်ထောင်ကျပြီးတဲ့ နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့် ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အချစ်တွေပိုနေရဆဲပါ။

 

ကိုယ်ဝန်ဆောင်စဉ်အချိန်ကတည်းက ဂရုတစိုက်နဲ့ သားလေးအတွက် ရင်ခုန်ခဲ့တဲ့ နန်းမြတ်က ခုဆိုရင် အပြုံးချိုပြီး အရမ်းကို ချစ်စရာကောင်းတဲ့ သားလေး Jack Jackကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သားလေးနဲ့ အတူ အချိန်တွေကုန်ဆုံးရင်း မိခင်မေတ္တာကို အပြည့်အဝရရှိအောင် သားလေးကို အချိန်တွေအကုန်ပေးထားတဲ့ နန်းမြတ်ရဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကို မြင်တွေ့ရမှာပါ။

 

ဘယ်လိုကြည့်ကြည့် အသည်းတွေကလိကလိဖြစ်စေတဲ့ သားလေး Jack Jackက ယခုဆိုရင် ၅လ‌‌ပြည့်ပြီးသွားပြီဖြစ်ပါတယ်။ မေမေနဲ့ အနေနီးပေမယ့် ဖေချစ်ကြီးလို့ ပြောရအောင် ဖေဖေနဲ့ ဆို အရမ်းတွေ ပျော်နေတတ်တဲ့ Jack Jack ရဲ့ ပုံရိပ်လေးတွေကို မေမေ နန်းမြတ်က အမိအရဓာတ်ဖမ်းပြီး တင်ပေးတတ်ပါသေးတယ်။ အခုလည်း နို့ဘူးတိုက်ရင်း ဖေဖေက နောက်က မြူနေတာကို တခစ်ခစ်နဲ့ ရယ်နေလို့ “သီးမှာတောင် စိတ်ပူရတယ်” ဆိုပြီး နန်းမြတ်က Jack Jackရဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း ဗီဒီယိုလေးကို ကြည့်ပြီး Jack Jack လေးကို အချစ်တွေတိုးစေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source: Nan Myat Phyo Thin

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)

ေဖေဖ ‌ေနာက္ကျမဴေနတာ ၾကည့္ၿပီး ႏို႔ဘူးစို႔ရင္း တခစ္ခစ္ရယ္ေနတဲ့ နန္းျမတ္ရဲ႕ သားေလး Jack Jack


ခ်စ္စရာေကာင္းတဲ့ နန္းျမတ္ၿဖိဳးသင္းတို႔ မိသားစုေလးက ပရိသတ္ေတြၾကားမွာ ခ်စ္စရာေကာင္းၿပီး ေႏြးေထြးတဲ့ မိသားစုေလးအျဖစ္ အားလုံးက သိၾကပါတယ္။ အႏုပညာေလာကမွာ ေအာင္ျမင္တဲ့ မင္းသမီးတစ္ဦး အျဖစ္ ပရိသတ္အခိုင္အမာရရွိထားတဲ့ နန္းျမတ္က အိမ္ေထာင္က်ၿပီးတဲ့ ေနာက္မွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာေနေပမယ့္ ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြက အခ်စ္ေတြပိုေနရဆဲပါ။

ကိုယ္ဝန္ေဆာင္စဥ္အခ်ိန္ကတည္းက ဂ႐ုတစိုက္နဲ႔ သားေလးအတြက္ ရင္ခုန္ခဲ့တဲ့ နန္းျမတ္က ခုဆိုရင္ အၿပဳံးခ်ိဳၿပီး အရမ္းကို ခ်စ္စရာေကာင္းတဲ့ သားေလး Jack Jackကို ပိုင္ဆိုင္ထားၿပီ ျဖစ္ပါတယ္။ သားေလးနဲ႔ အတူ အခ်ိန္ေတြကုန္ဆုံးရင္း မိခင္ေမတၱာကို အျပည့္အဝရရွိေအာင္ သားေလးကို အခ်ိန္ေတြအကုန္ေပးထားတဲ့ နန္းျမတ္ရဲ႕ မိခင္တစ္ေယာက္ရဲ႕ ေမတၱာကို ျမင္ေတြ႕ရမွာပါ။

ဘယ္လိုၾကည့္ၾကည့္ အသည္းေတြကလိကလိျဖစ္ေစတဲ့ သားေလး Jack Jackက ယခုဆိုရင္ ၅လ‌‌ျပည့္ၿပီးသြားၿပီျဖစ္ပါတယ္။ ေမေမနဲ႔ အေနနီးေပမယ့္ ေဖခ်စ္ႀကီးလို႔ ေျပာရေအာင္ ေဖေဖနဲ႔ ဆို အရမ္းေတြ ေပ်ာ္ေနတတ္တဲ့ Jack Jack ရဲ႕ ပုံရိပ္ေလးေတြကို ေမေမ နန္းျမတ္က အမိအရဓာတ္ဖမ္းၿပီး တင္ေပးတတ္ပါေသးတယ္။ အခုလည္း ႏို႔ဘူးတိုက္ရင္း ေဖေဖက ေနာက္က ျမဴေနတာကို တခစ္ခစ္နဲ႔ ရယ္ေနလို႔ “သီးမွာေတာင္ စိတ္ပူရတယ္” ဆိုၿပီး နန္းျမတ္က Jack Jackရဲ႕ ဗီဒီယိုေလးကို တင္ထားတာပါ။ ဒီေတာ့ CeleZone ပရိသတ္ႀကီးလည္း ဗီဒီယိုေလးကို ၾကည့္ၿပီး Jack Jack ေလးကို အခ်စ္ေတြတိုးေစဖို႔အတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။