မယုံနိုင်လောက်အောင်များပြားတဲ့ သူမရဲ့အသုံးအဆောင် ပစ္စည်းတွေကို ချပြလိုက်တဲ့ နေခြည်ဦး

Posted on

နဂိုကတည်းက ပြည့်စုံကြွယ်ဝတဲ့မိသားစုကနေ ဆင်းသက်လာခဲ့တဲ့ နေခြည်ဦးတစ်ယောက် မိဘရဲ့အထောက်အပံ့တွေမယူဘဲ ကိုယ်ပိုင် ကြိုးစားမှုနဲ့ စီးပွားရေးတစ်ခုလည်း ထူထောင်နိုင်ခဲ့သလို အနုပညာလမ်းကြောင်းပေါ်မှာလည်း အောင်မြင်သူတစ်ယောက်အဖြစ် နေရာတစ်နေရာ အပြည့်အဝရရှိထားသူလည်းဖြစ်ပါတယ်။ အလှူအတန်းဆိုရင်လည်း လက်မနှေးတတ်သူလေးပါ။

ဒီနှစ်သင်္ကြန်ကတော့ အားလုံးအတူတူ အိမ်ထဲမှာပဲနေရတဲ့သင်္ကြန်ဖြစ်တာကြောင့် အိမ်မှာပဲနေမယ့်အတူတူ အကျိုးရှိအောင် ကိုယ့်ဖိနပ် လေးတွေကို သန့်ရှင်းရေးလုပ်တဲ့ ပုံလေးကို ချီချီက လူမှုကွန်ယက်မှာဝေမျှခဲ့တာပဲဖြစ်ပါတယ်။ သဘောကျတဲ့ဖိနပ်လေးတွေကို ဝယ်စု ထားပြီး အမြတ်တနိုးနဲ့ စီစီရီရီထားထားတာ တကယ်ကိုလှလွန်းပါတယ်။ Brand တွေ ကိုလည်း မထပ်ရအောင်ဝတ်နိုင်တဲ့ချီချီကတော့ ရွှေလင်းဗန်းနဲ့အချင်းဆေးခဲ့သူလေး ပီသပါရဲ့။

များပြားလွန်းတဲ့ချီချီ့ရဲ့အသုံးအဆောင်တွေကို ဝေဖန်သူတစ်ချို့က ကြွားလုံးထုတ်တယ်လို့ ပြောတဲ့အပေါ်မှာ ချီချီက ” အိမ်မှာနေရင်း ကိုယ့်ဖိနပ်လေးတွေ သန့်ရှင်းရေး လုပ်နေတာပါ။ ” ဆိုပြီး ခပ်ရိုးရိုးလေး ပြန်ဖြေခဲ့ပါတယ်။ ကံကောင်းမှုတွေနဲ့ချည်းဖက်ပြီး မွေးဖွားလာ သူလေးမို့ ဒီထက်မကပိုပြီး အဆင့်မြင့်တဲ့ဘဝမှာ တင့်တယ်ဦးမယ်ဆိုတာ ယုံကြည်ပါတယ်နော်ချီရေ။

Happy – Cele Zone
Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Nay Chi Oo