ရွှေအိမ်စည်ကြောင့် ကုသိုလ်တစ်ခုပြုလုပ်ဖြစ်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်နေခဲ့တဲ့ ဂျွန်လွင်

Posted on

ဂျွန်လွင်ကိုတော့ အနုပညာလောကရဲ့ငွေကြယ်ပွင့်တွေကိုမွေးထုတ်ပေးတဲ့ Stars & Models Agency ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အနေနဲ့သိကြမှာပါ။ ဂျွန်လွင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တွေကို မွေးထုတ်ပေးတဲ့သူတစ်ယောက်အဖြစ်လေးစားခံရသလို လိုအပ်တဲ့နေရာမှာ မကြာခဏဆိုသလို ရက်ရက်ရောရောလှူတန်းတတ်သူလည်း ဖြစ်ပါတယ်။ အခုလည်း လိုအပ်တဲ့သူကို လှူဒါန်းမှုပြုလုပ်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။


ဂျွန်လွင်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”အမ Naw Li Zar အမြန်နေကောင်းပါစေ။သမီးShwe Eain Si လဲဒီထက်မက အောင်မြင်ကျော်ကြားပြီးကျန်းမာပါစေ။(၁၄-၄-၂၀၂၀) သင်္ကြန် အကြတ်နေ့ လေးမှာ ကျွန်တော် ဂျွန်လွင် (Stars & Models) ထံကို အဆိုတော် အစ်မ နော်လီဇာ ၏ သမီး မဂျူလီ က သူ့အမေ ကင်ဆာဝေဒနာ ခံစားနေရပြီး ၊ခွဲစိတ်ထားရကြောင်း ဆေးလည်းသွင်းထားရကြောင်း ပြောလာသည်။ ကျွန်တော်နှင့်လည်း အဆက်အသွယ်မရသည်မှာ အချိန်တော်တော်ကြာခဲ့ပါပြီ၊ ဒါကြောင့် သူ့မိခင်ကျန်းမာရေးအခြေအနေကို သိချင်တာကြောင့် အစ်မ နော်လီဇာ နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပါသည် ၊ ရောဂါအခြေအနေကို သိရှိရသောကြောင့် ကျွန်တော့်အနေဖြင့် သရုပ်ဆောင် မော်ဒယ်ရွှေအိမ်စည် မှ ဆရာလိုအပ်သောနေရာများတွင် ကုသိုလ်ပြုလှူဒါန်းရန်အတွက် ပေးအပ်ထားသော ငွေကျပ် (၁၀) သိန်း ကို ကျွန်တော်အနေဖြင့် ပထမ နေပြည်တော်ရှိ လည်ပင်းကြီး ဝေဒနာရှင် ပြည်ထောင်စု ဝေဝေ ကို ခွဲစိတ်မှုတွင် လှူဒါန်းအသုးပြုရန် ရည်ရွယ်ထားသောလည်း ပြည်ထောင်စု ဝေဝေ ကို ခွဲစိတ်ပေးမှုတွင် ငွေကြေးလုံလောက်စွာကူညီနိုင်ခဲ့သောကြောင့် ၊ အစ်မနော်လီဇာ အနေဖြင့် ဆေးကုသစရိတ် ငွေကျပ် (၁၅) သိန်း လိုအပ်နေသောလည်းကျွန်တော့်အနေဖြင့် သရုပ်ဆောင် ရွှေအိမ်စည် ကိုယ်စားပေးအပ်လှူဒါန်းထားသော အဆိုပါ ငွေကျပ်(၁၀)သိန်းကို ပေးအပ်ခဲ့ပါသည်။”လို့ ရေးသားထားခဲ့ပါတယ်။


သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဂျွန်လွင်ရဲ့တပည့်တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာလည်း ပရိသတ်အခိုင်အမာရထားသူတစ်ယောက်ပါ။ ဆရာဖြစ်သူကိုအလိုက်သိတတ်တဲ့ရွှေအိမ်စည်ကတော့ အလှူအတန်းရက်ရောတဲ့ဆရာဖြစ်သူဂျွန်လွင်ကြောင့် ကုသိုလ်နှစ်ဆတိုးရတော့မှာဖြစ်ပါတယ်။ လိုအပ်တဲ့သူကိုကူညီတတ်တဲ့ ဆရာဂျွန်လွင်ကတော့ တကယ့်ကိုလေးစားစရာပါပဲနော်…
Source : JohnLwin
Anna – CeleZone