မရယ်ဘဲမနေနိုင်လောက်အောင်ကို ဟာသမြောက်လွန်းတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ Tik Tok ဗီဒီယို

Posted on

သရုပ်ဆောင်တိုင်းလိုလို မိန်းမလျာဇာတ်ဝင်ခန်းကို သရုပ်ဆောင်ဖူးကြမှာပါ။ ဒီထဲမှာ ဒါရိုက်တာကိုပေါက်လည်း တစ်ယောက်အပါ အဝင်ပါ။ ” အပျိုစင်ကတုံးမ ကတုံးမပါမောင်ရယ် ” ဆိုတဲ့ သီချင်းသံလေးနဲ့ ကိုပေါက်တစ်ယောက် မိန်းမလျာဇာတ်ရုပ်ကို သရုပ်ဆောင် ခဲ့စဉ်က ပရိသတ်တွေအားလုံးအကြိုက်တွေ့ခဲ့ပြီး တဝါးဝါး တဟားဟားနဲ့ ရယ်မောခဲ့ကြတာ တကယ်ကို အမှတ်တရပါပဲနော်။

ဒီနောက်မှာလည်း ရုပ်တည်ကြီးနဲ့ ” အိမ်ကိုပဲ သိမ်းလို့မရဘူးကွ လူကိုပါသိမ်း ” ဆိုပြီး ဟန်နဲ့ ပန်နဲ့ နွဲ့ခဲ့တုန်းကလည်း အားလုံး တသောသောရဲ့ရယ်ခဲ့ကြပါသေးတယ်။ အားလုံး အိမ်ထဲမှာပဲ နေရတာဆိုတော့ အပန်းဖြေဖို့အတွက် ပျော်စရာလေးတွေရှာရင်း အနုပညာ ရှင် တော်တော် များများလည်း Tik Tok ကစားလာကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ ဒါရိုက်တာကိုပေါက်က သူ့ရဲ့ Tik Tok ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အစပိုင်းကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ ယောကျာ်းဆန်ဆန် နေရင်းကနေ ရုတ်တရက်ကြီး နွဲ့သွားတဲ့ပုံစံက တကယ့်ကိုရယ်ချင်စရာပါပဲ။ ခင်မင်သူတွေက လည်း ဝိုင်းပြီးစနောက်ကြတော့ ပျော်စရာကောင်းတဲ့အခိုက်အတန့်လေး ဖြစ်ခဲ့ပါတယ်။

Happy – Cele Zone
Photo – Aung Min Naing

(ဇော်ဂျီဖြင့်ဖတ်ရန်)

မရယ္ဘဲမေနႏိုင္ေလာက္ေအာင္ကို ဟာသေျမာက္လြန္းတဲ့ ဒါရိုက္တာကိုေပါက္ရဲ႕ Tik Tok ဗီဒီယို

သ႐ုပ္ေဆာင္တိုင္းလိုလို မိန္းမလ်ာဇာတ္ဝင္ခန္းကို သ႐ုပ္ေဆာင္ဖူးၾကမွာပါ။ ဒီထဲမွာ ဒါ႐ိုက္တာကိုေပါက္လည္း တစ္ေယာက္အပါ အဝင္ပါ။ ” အပ်ိဳစင္ကတုံးမ ကတုံးမပါေမာင္ရယ္ ” ဆိုတဲ့ သီခ်င္းသံေလးနဲ႔ ကိုေပါက္တစ္ေယာက္ မိန္းမလ်ာဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ ခဲ့စဥ္က ပရိသတ္ေတြအားလုံးအႀကိဳက္ေတြ႕ခဲ့ၿပီး တဝါးဝါး တဟားဟားနဲ႔ ရယ္ေမာခဲ့ၾကတာ တကယ္ကို အမွတ္တရပါပဲေနာ္။

ဒီေနာက္မွာလည္း ႐ုပ္တည္ႀကီးနဲ႔ ” အိမ္ကိုပဲ သိမ္းလို႔မရဘူးကြ လူကိုပါသိမ္း ” ဆိုၿပီး ဟန္နဲ႔ ပန္နဲ႔ ႏြဲ႕ခဲ့တုန္းကလည္း အားလုံးတေသာေသာရဲ႕ရယ္ခဲ့ၾကပါေသးတယ္။ အားလံုး အိမ္ထဲမွာပဲ ေနရတာဆိုေတာ့ အပန္းေျဖဖို႔အတြက္ ေပ်ာ္စရာ ေလးေတြရွာရင္း အႏုပညာရွင္ ေတာ္ေတာ္ မ်ားမ်ားလည္း Tik Tok ကစားလာၾကတာပဲျဖစ္ပါတယ္။

ဒီတစ္ေခါက္ေတာ့ ဒါရိုက္တာကိုေပါက္က သူ႕ရဲ႕ Tik Tok ဗီဒီယိုေလးကို လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ အစပိုင္း ကေတာ့ ၾကမ္းၾကမ္းရမ္းရမ္းနဲ႔ ေယာက်ာ္းဆန္ဆန္ ေနရင္းကေန ရုတ္တရက္ၾကီး ႏြဲ႕သြားတဲ့ပံုစံက တကယ့္ကို ရယ္ခ်င္စရာပါပဲ။ ခင္မင္သူေတြကလည္း ဝိုင္းျပီးစေနာက္ၾကေတာ့ ေပ်ာ္စရာေကာင္းတဲ့အခိုက္အတန္႔ေလး ျဖစ္ခဲ့ပါတယ္။

Happy – Cele Zone
Photo – Aung Min Naing