အပြင်မှာမတွေ့ရတာကြာလို့ မက်စင်ဂျာကပဲ ဗီဒီယိုကောပြောနေရတဲ့ နှင်းဆီအဖွဲ့သားတွေ

Posted on

ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ဟာသတွေဖန်တီးပေးတဲ့ နှင်းဆီအဖွဲ့သားတွေလည်း Covid -19 ကြောင့် အိမ်တွင်းအောင်း ရင်း အချင်းချင်းမတွေ့ရတဲ့အချိန်တွေလည်း ကြာသွားခဲ့ပုံပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မက်စင်ဂျာမှာ ဂရုဖွဲ့ပြီး ဗီဒီယိုကောနဲ့ပဲ အပြန်အလှန် အလွမ်းဖြေတဲ့ပုံလေးတွကို ထွန်းထွန်းက သူ့ရဲ့လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။

စိုင်းစိုင်းတစ်ယောက် နှင်းဆီအဖွဲ့သားတွေကို အွန်လိုင်းကဖျော်ဖြေမှုလုပ်ရန် တိုက်တွန်းခဲ့ပြီး ထွန်းထွန်းကလည်း ဒီလိုလုပ်ဖို့ စဉ်းစားမယ် လို့အကြောင်းပြန်ခဲ့ပါသေးတယ်။ နှင်းဆီငါးပွင့်မှာ မင်းမော်ကွန်းကတော့ လိုင်းပေါ်မရှိလို့ စကားပြောတဲ့အထဲမပါလိုက်တာမို့ ” အား မပြောလိုက်ရဘူးကွာ ” ဆိုပြီး နှမြောတသဖြစ်နေပါသေးတယ်။

နှင်းဆီလေးပွင့်ရဲ့တွေ့ဆုံခန်းကို ” ကိုကျော်က လိုင်းပေါ်မှာမရှိတော့ မပါတာ ကျနော်တို့ နှင်းဆီတွေ မတွေ့ရတာကြာပြီးဖြစ်လို့ အလွမ်းသယ် စောင် Virus ဒင်းကြောင့် ” ဆိုပြီး ထွန်းထွန်းကဝေမျှခဲ့ပါတယ်။ အပြင်မှာ မတွေ့ရပေမယ့်လည်း ဆိုရှယ်နက်ဝေါ့ကြောင့် အချိန်ပြည့်တွေ့နိုင်တာမို့ ပရိသတ်ကြီးလည်း တတ်နိုင်သမျှ အိမ်မှာပဲနေပါနော်။

Happy – Cele Zone
Photo – Htin Aung Tun

(ဇော်ဂျီဖြင့်ဖတ်ရန်)

အျပင္မွာမေတြ႕ရတာၾကာလို႔ မက္စင္ဂ်ာကပဲ ဗီဒီယိုေကာေျပာေနရတဲ့ ႏွင္းဆီအဖြဲ႕သားေတြ

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ရေအာင္ ဟာသေတြဖန္တီးေပးတဲ့ ႏွင္းဆီအဖြဲ႕သားေတြလည္း Covid -19 ေၾကာင့္ အိမ္တြင္းေအာင္းရင္း အခ်င္းခ်င္းမေတြ႕ရတဲ့အခ်ိန္ေတြလည္း ၾကာသြားခဲ့ပုံပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ မက္စင္ဂ်ာမွာ ဂ႐ုဖြဲ႕ၿပီး ဗီဒီယိုေကာနဲ႔ပဲ အျပန္အလွန္ အလြမ္းေျဖတဲ့ပုံေလးတြကို ထြန္းထြန္းက သူ႔ရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ခဲ့ပါတယ္။

စိုင္းစိုင္းတစ္ေယာက္ ႏွင္းဆီအဖြဲ႕သားေတြကို အြန္လိုင္းကေဖ်ာ္ေျဖမႈလုပ္ရန္ တိုက္တြန္းခဲ့ၿပီး ထြန္းထြန္းကလည္း ဒီလိုလုပ္ဖို႔ စဥ္းစားမယ္လို႔အေၾကာင္းျပန္ခဲ့ပါေသးတယ္။ ႏွင္းဆီငါးပြင့္မွာ မင္းေမာ္ကြန္းကေတာ့ လိုင္းေပၚမရွိလို႔ စကားေျပာတဲ့အထဲမပါလိုက္တာမို႔ ” အား မေျပာလိုက္ရဘူးကြာ ” ဆိုၿပီး ႏွေျမာတသျဖစ္ေနပါေသးတယ္။

ႏွင္းဆီေလးပြင့္ရဲ႕ေတြ႕ဆုံခန္းကို ” ကိုေက်ာ္က လိုင္းေပၚမွာမရွိေတာ့ မပါတာ က်ေနာ္တို႔ ႏွင္းဆီေတြ မေတြ႕ရ တာၾကာၿပီးျဖစ္လို႔ အလြမ္းသယ္ ေစာင္ Virus ဒင္းေၾကာင့္ ” ဆိုၿပီး ထြန္းထြန္းကေဝမွ်ခဲ့ပါတယ္။ အျပင္မွာ မေတြ႕ ရေပမယ့္လည္း ဆိုရွယ္နက္ေဝါ့ေၾကာင့္ အခ်ိန္ျပည့္ေတြ႕ႏိုင္တာမို႔ ပရိသတ္ႀကီးလည္း တတ္ႏိုင္သမွ် အိမ္မွာပဲေနပါေနာ္။

Happy – Cele Zone
Photo – Htin Aung Tun