ပရိသတ်တွေသဘောကျနေကြတဲ့ နေတိုးရဲ့အိမ်တွင်းသင်္ကြန်ဗီဒီယိုလေးတွေ

Posted on

အပြင်မထွက်ရတဲ့ ပထမဆုံးသင်္ကြန်လေးကိုတော့ 2020 မှာ မြန်မာနိုင်ငံသားအားလုံး ကြုံဖူးသွားခဲ့ပါပြီ။ သင်္ကြန်အချိန်အခါတွေဆိုရင် အလှူလုပ်တဲ့သူတွေ ရေပက်ခံထွက်တဲ့သူ တွေအပြင် ရေတွေပက်ပြီး ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြသူတွေနဲ့ အရမ်းကိုစည်ကားပြီး ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ ငါးရက်ဖြစ်တာကြောင့် အားလုံးက ပျော်ဖို့ စိတ်ကူးယဉ်ပြီးမှ ကပ်ရောဂါကြီးကြောင့် ပျင်းရိဖွယ်သင်္ကြန်နေ့ရက်တွေဖြစ်ခဲ့ရတာ စိတ်မကောင်းစရာပါ။

အနုပညာရှင်တွေအနေနဲ့လည်း သင်္ကြန်နေ့ရက်တွေမှာ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတာမို့ ဒီအချိန်တွေက အားလုံးကိုယ်စီလွမ်းနေရမယ့်အချိန်လေးပေါ့နော်။ အိမ်ထဲမှာပဲနေတာ ဘေးအကင်းဆုံးမို့ တစ်ချို့အနုပညာရှင်တွေကတော့ အိမ်တွင်း သင်္ကြန်လေးတွေ ကျင်းပကြပါသေးတယ်။ ပရိသတ်ကြီးလည်း အိမ်တွင်းသင်္ကြန်လေးလုပ်ပြီး မိသားစုနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းဖို့ တိုက်တွန်းတယ်နော်။

လူပျိုကြီးကိုနေတိုးကတော့ ပရိသတ်တွေကို လူမှုကွန်ရက်ကနေတဆင့် ရေလောင်းလိုက်တဲ့ ဗီဒီယိုလေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပျော်စရာသင်္ကြန်အချိန်အခါလေးတွေဟာ အပြင်ထွက်မှရတာမဟုတ်ပါဘူးနော်။ ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစုနဲ့ ဘေးကင်း ကင်းနေရင်း သင်္ကြန်ရဲ့အငွေ့အသက်လေးတွေနဲ့ ပျော်ပျော်ကြီးဖြတ်သန်းလို့ရပါတယ်။

Happy – Cele Zone
Photo – Nay Toe

(ဇော်ဂျီဖြင့်ဖတ်ရန်)

ပရိသတ္ေတြသေဘာက်ေနၾကတဲ့ ေနတိုးရဲ႕အိမ္တြင္းသၾကၤန္ဗီဒီယိုေလးေတြ

အျပင္မထြက္ရတဲ့ ပထမဆံုးသၾကၤန္ေလးကိုေတာ့ 2020 မွာ ျမန္မာႏိုင္ငံသားအားလံုး ၾကံဳဖူးသြားခဲ့ပါျပီ။ သၾကၤန္အခ်ိန္အခါ ေတြဆိုရင္ အလွဴလုပ္တဲ့သူေတြ ေရပက္ခံထြက္တဲ့သူ ေတြအျပင္ ေရေတြပက္ျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကခုန္ေနၾကသူေတြနဲ႔ အရမ္းကိုစည္ကားျပီး ေပ်ာ္ဖို႔ေကာင္းခဲ့ပါတယ္။ ဒီႏွစ္သၾကၤန္ကေတာ့ ငါးရက္ျဖစ္တာေၾကာင့္ အားလံုးက ေပ်ာ္ဖို႔ စိတ္ကူး ယဥ္ျပီးမွ ကပ္ေရာဂါၾကီးေၾကာင့္ ပ်င္းရိဖြယ္သၾကၤန္ေန႔ရက္ေတြျဖစ္ခဲ့ရတာ စိတ္မေကာင္းစရာပါ။

အႏုပညာရွင္ေတြအေနနဲ႔လည္း သၾကၤန္ေန႔ရက္ေတြမွာ ပရိသတ္ေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခဲ့ၾက တာမို႔ ဒီအခ်ိန္ေတြက အားလံုးကိုယ္စီလြမ္းေနရမယ့္အခ်ိန္ေလးေပါ့ေနာ္။ အိမ္ထဲမွာပဲေနတာ ေဘးအကင္းဆံုးမို႔ တစ္ခ်ိဳ႕အႏုပညာရွင္ေတြကေတာ့ အိမ္တြင္းသၾကၤန္ေလးေတြ က်င္းပၾကပါေသးတယ္။ ပရိသတ္ၾကီးလည္း အိမ္တြင္း သၾကၤန္ေလးလုပ္ျပီး မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းဖို႔ တိုက္တြန္းတယ္ေနာ္။

လူပ်ိဳၾကီးကိုေနတိုးကေတာ့ ပရိသတ္ေတြကို လူမႈကြန္ရက္ကေနတဆင့္ ေရေလာင္းလုိက္တဲ့ ဗီဒီယိုေလးေတြကို ေဝမွ်ထား တာပဲျဖစ္ပါတယ္။ ေပ်ာ္စရာသၾကၤန္အခ်ိန္အခါေလးေတြဟာ အျပင္ထြက္မွရတာမဟုတ္ပါဘူးေနာ္။ ကိုယ့္အိမ္မွာပဲ ကိုယ့္မိသားစုနဲ႔ ေဘးကင္းကင္းေနရင္း သၾကၤန္ရဲ႕အေငြ႕အသက္ေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ၾကီးျဖတ္သန္းလို႔ရပါတယ္။

Happy – Cele Zone
Photo – Nay Toe