အိမ်မှာပဲပျော်ပျော်ပါးပါး မုန့်လုံးရေပေါ်လုပ်စားနေကြတဲ့ မေကဗျာတို့မိသားစုရဲ့ဗီဒီယို
Posted on
အတာသင်္ကြန်နေ့ရက်တွေမှာ အားလုံးအိမ်မှာပဲနေရတာဆိုတော့ အိမ်တွင်းသင်္ကြန်လေးတွေ ကျင်းပပြီးပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတာ လည်း ချစ်စရာပါ။ သင်္ကြန်မှာ မပါမဖြစ်ကတော့ မုန်ံလုံး ရေပေါ်ဖြစ်ပြီး အားလုံးကလည်း သင်္ကြန်စာထဲမှာ မုန့်လုံးရေပေါ်ကိုသာ အနှစ် သက်ဆုံးဆိုရင် တော့ မမှားပါဘူးနော်။ အနုပညာရှင်တော်တော်များများလည်း ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့ရတဲ့ သင်္ကြန်ပွဲကိုလွမ်းနေကြမှာပါ။
နောက်နှစ်သင်္ကြန်ဆိုရင်တော့ ကပ်ရောဂါကြီးလည်း လွင့်စင်သွားလောက်ပြီး အားလုံးအတူတူ ပျော်ရွှင်တဲ့ ရိုးရာသင်္ကြန်ဆို ပြန်ဆင်နွှဲနိုင် မယ်ဆိုတာ အသေအချာပါပဲ။ ဒီနေ့ဟာတော့ မဟာသင်္ကြန်အကျနေ့ဖြစ်ပြီး တစ်နိုင်ငံလုံးနဲ့အတူတူ မပျော်ရွှင်ရပေမယ့် ကိုယ့်မိသားစုနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်တာလည်း ပျော်စရာတစ်ခုပေါ့နော်။
ဒီနေ့မှာလည်း မေကဗျာတစ်ယောက် သူမတို့မိသားစုတွေအတူတူ အိမ်မှာ ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ် လုပ်စားနေတဲ့ ဗီဒီယိုလေးကို ဝေမျှခဲ့ပါတယ်။ အပျော်ဆိုတာ အပြင်လောကမှာ ရှာတာထက် ကိုယ့်အိမ်တွင်းမှာပိုရှိနိုင်ပါတယ်။ မိသားစုတွေနဲ့အတူတူရှိတဲ့အချိန်က အပျော်ဆုံးအချိန်ပါပဲ။ ပရိသတ်ကြီးလည်း မိသားစုနဲ့အတူတူ ပျော်စရာလေးတွေ ရှာလိုက်ပါဦးနော်။
Happy – Cele Zone
Photo – May Kabyar
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – May Kabyar