အခမဲ့ Birthday Show မှာ အလှူငွေ သိန်း (၈၀၀) ခန့် ရခဲ့ပြီး လိုအပ်တဲ့နေရာတွေကို လှူတန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted on

April (10) ရက်နေ့ဟာ စိုင်းစိုင်းခမ်းလိုင်ရဲ့မွေးနေ့ဆိုတာ တစ်နိုင်ငံလုံးအလွတ်ရနေလောက်ပါရဲ့ နော်။ လတ်တလောဖြစ်ပွားနေတဲ့ ရောဂါတွေကြောင့် နှစ်တိုင်းလုပ်နေကျ Birthday Show ကို မလုပ်ဖြစ်တော့ဘဲ အိပ်ခန်းထဲမှာပဲ ဖျော်ဖြေတဲ့ပွဲလေးလုပ်ခဲ့ပါတယ်။ သေချာအစီအစဉ်တကျ စီစဉ်ထားခဲ့ပြီး အခမဲ့ပြသပေးတဲ့ ဒီပွဲလေးမှာ Covid – 19 ကုသရေးနဲ့ ကာကွယ်ရေးအတွက် အလှူခံခဲ့ပါသေးတယ်။

စိုင်းစိုင်းချစ်သူခင်သူတွေရဲ့ဝိုင်းဝန်းလှူတန်းမှုကြောင့် လက်ရှိအချိန်ထိကို အလှူငွေ သိန်း (၈၀၀) အထိ ရရှိခဲ့ပြီး ဒီထဲကမှ အလှူငွေ သိန်း (၃၀၀) ကို နိုင်ငံတော်ရဲ့ Covid – 19 ကာကွယ်ရေး အတွက် လှူတန်းခဲ့ပြီး ကျန်ငွေတွေကိုလည်း လိုအပ်တဲ့နေရာတိုင်းမှာ လှူတန်းသွားမယ် လို့ ပြောခဲ့ပါတယ်။ ကိုယ်တိုင်လည်း လှူတန်းထားတဲ့အပြင်ကို တတ်နိုင်တဲ့ဖက်က တတ်အားသရွေ့ပါဝင်ပေးတာတော့ တကယ်ကို ကျေးဇူးတင်ပါတယ်နော်။

ဒီလိုအလှူလေးကို ” SAISAI Birthday Show မွေးနေ့ပွဲကို အခမဲ့ဖျော်ဖြေတဲ့အတွက် ပရိသတ်များနဲ့ မိတ်ဆွေများမှ ဝိုင်းဝန်းလှူဒါန်းရာမှာ အခုအချိန်ထိ အလှူငွေ သိန်း (၈၀၀) ခန့်ရရှိပြီးဖြစ်ပါတယ် ရရှိတဲ့အလှူငွေများထဲက ငွေကျပ် သိန်း (၃၀၀) ကို Covid အရေးပေါ် တုံ့ပြန်ရေးကော်မတီကို လှူဒါန်းခဲ့ပါတယ် ဒီအလှူငွေတွေဟာ ကပ်ရောဂါထိန်းချုပ်ရေး အလုပ်နား ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ အိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှရေးထဲကို ရောက်ရှိမှာ ဖြစ်ပါတယ် (ကျန်တဲ့ အလှူငွေကိုလည်း လိုအပ်တဲ့ နေရာကိုဆက်လက် လှူဒါန်းသွားပါမယ်) Birthday Show ကနေတဆင့်ရံပုံငွေရှာဖွေတဲ့အစီအစဉ်မှာ ကျနော်နဲ့အတူပူးပေါင်းပါဝင်ခဲ့ကြတဲ့ သူငယ်ချင်းများ အနုပညာရှင်များ အတတ်ပညာရှင်များ လုပ်ငန်းရှင်များ နဲ့ ပရိသတ်များ အားလုံးကိုကျေးဇူးတင်ပါတယ် ” ဆိုပြီး အားလုံးကိုဝေမျှ ပေးခဲ့ပါတယ်။

Happy – Cele Zone
Photo – Sai Sai Kham Leng

(ဇော်ဂျီဖြင့်ဖတ်ရန်)

အခမဲ့ Birthday Show မွာ အလႉေငြ သိန္း (၈၀၀) ခန႔္ ရခဲ့ၿပီး လိုအပ္တဲ့ေနရာေတြကို လႉတန္းခဲ့တဲ့ စိုင္းစိုင္းခမ္းလိုင္

April (10) ရက္ေန႔ဟာ စိုင္းစိုင္းခမ္းလိုင္ရဲ႕ေမြးေန႔ဆိုတာ တစ္ႏိုင္ငံလုံးအလြတ္ရေနေလာက္ပါရဲ႕ ေနာ္။ လတ္တေလာျဖစ္ပြား ေနတဲ့ ေရာဂါေတြေၾကာင့္ ႏွစ္တိုင္းလုပ္ေနက် Birthday Show ကို မလုပ္ျဖစ္ေတာ့ဘဲ အိပ္ခန္းထဲမွာပဲ ေဖ်ာ္ေျဖတဲ့ ပြဲေလးလုပ္ခဲ့ပါတယ္။ ေသခ်ာအစီအစဥ္တက် စီစဥ္ထားခဲ့ၿပီး အခမဲ့ျပသေပးတဲ့ ဒီပြဲေလးမွာ Covid – 19 ကုသေရးနဲ႔ ကာကြယ္ေရး အတြက္ အလႉခံခဲ့ပါေသးတယ္။

စိုင္းစိုင္းခ်စ္သူခင္သူေတြရဲ႕ဝိုင္းဝန္းလႉတန္းမႈေၾကာင့္ လက္ရွိအခ်ိန္ထိကို အလႉေငြ သိန္း (၈၀၀) အထိ ရရွိခဲ့ၿပီး ဒီထဲကမွ အလႉေငြ သိန္း (၃၀၀) ကို ႏိုင္ငံေတာ္ရဲ႕ Covid – 19 ကာကြယ္ေရး အတြက္ လႉတန္းခဲ့ၿပီး က်န္ေငြေတြကိုလည္း လိုအပ္ တဲ့ေနရာတိုင္းမွာ လႉတန္းသြားမယ္လို႔ ေျပာခဲ့ပါတယ္။ ကိုယ္တိုင္လည္း လွဴတန္းထားတဲ့အျပင္ကို တတ္ႏိုင္တဲ့ဖက္က တတ္အားသေရြ႕ ပါဝင္ေပးတာေတာ့ တကယ္ကို ေက်းဇူးတင္ပါတယ္ေနာ္။

ဒီလိုအလႉေလးကို ” SAISAI Birthday Show ေမြးေန႔ပြဲကို အခမဲ့ေဖ်ာ္ေျဖတဲ့အတြက္ ပရိသတ္မ်ားနဲ႔ မိတ္ေဆြမ်ားမွ ဝိုင္းဝန္းလႉဒါန္းရာမွာ အခုအခ်ိန္ထိ အလႉေငြ သိန္း (၈၀၀) ခန႔္ရရွိၿပီးျဖစ္ပါတယ္ ရရွိတဲ့အလႉေငြမ်ားထဲက ေငြက်ပ္ သိန္း (၃၀၀) ကို Covid အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီကို လႉဒါန္းခဲ့ပါတယ္ ဒီအလႉေငြေတြဟာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အလုပ္နား ကာလမွာ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံအိမ္ေထာင္စုေတြအတြက္ ရိကၡာေဝငွေရးထဲကို ေရာက္ရွိမွာ ျဖစ္ပါတယ္ (က်န္တဲ့ အလႉေငြကိုလည္း လိုအပ္တဲ့​ ေနရာကိုဆက္လက္လႉဒါန္းသြားပါမယ္) Birthday Show ကေနတဆင့္ရံပုံေငြရွာေဖြတဲ့အစီအစဥ္မွာ က်ေနာ္နဲ႔အတူပူးေပါင္းပါဝင္ခဲ့ၾကတဲ့ သူငယ္ခ်င္းမ်ား အႏုပညာရွင္မ်ား အတတ္ပညာရွင္မ်ား လုပ္ငန္းရွင္မ်ား နဲ႔ ပရိသတ္မ်ား အားလုံးကို ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး အားလုံးကိုေဝမွ်ေပးခဲ့ပါတယ္။

Happy – Cele Zone
Photo – Sai Sai Kham Leng