ဝေဘာဂီဆေးရုံမှဆေးဝန်ထမ်းတွေကို ထမင်း၊ဟင်းနဲ့ရေသန့်ဘူးတွေလှူဒါန်းခဲ့တဲ့ ပိုပို

Posted on

ပိုပိုကတော့ ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားရုံသာမက စိတ်ကောင်းစေတနာကောင်းရှိတာကြောင့်လည်း လေးစားစရာကောင်းတဲ့သူတစ်ယောက်ပါ။ သင်္ကြန်တွင်းမှာလည်း တရားဘာဝနာအားထုတ်နိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်းထားပေးခဲ့သလို ဒီနေ့မှာလည်း ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သူငယ်ချင်းတွေနဲ့အတူအလှူပြုလုပ်ခဲ့တာပါ။


ပိုပိုကတော့ သူ့ရဲ့အလှူကို “မိတ်ဆွေ ရဲ့ စေတနာ များကြောင့် ဝေဘာဂီက ဆေးဝန်ထမ်းများကို လှူခွင့်ရခဲ့ပါတယ်။ ပြည်သူတွေ အတွက် အမြဲတမ်းရှိနေပေးတဲ့ ဆေးဝန်ထမ်းများကို ကျေးဇူးပါ Fighting ပါနော်” လို့ အသိပေးရေးသားထားတာပါ။ အခုအချိန်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံးကြောက်လန့်နေရသလို မြန်မာနိုင်ငံမှာလည်း ကာကွယ်ကုသမှုတွေကို ပြုလုပ်နေကြတာပါ။ ဒီလိုကပ်ရောဂါဆိုးကြီးကို မအားလပ်နိုင်ဘဲနဲ့အင်တိုက်အားတိုက်ကြိုးစားနေရတာကတော့ ကျန်းမာရေးဝန်ထမ်းတွေပါပဲ။


ပိုပိုကတော့ သူငယ်ချင်းတွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထမင်း၊ဟင်းနဲ့ရေသန့်ဘူးတွေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပိုပိုကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းက ပြည်ပကနေပြန်လာပြီး Quarantine ဝင်နေရတဲ့သူတွေကိုလည်း သွားရောက်ဖျော်ဖြေပေးခဲ့တဲ့အပြင် နွမ်းပါးတဲ့သူတွေကိုလည်း ဆန်တွေလှူဒါန်းခဲ့သေးတာပါ။အခုလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် မမေ့မလျော့နဲ့ အလှူပြုလုပ်လိုက်ပြန်တဲ့ စေတနာကောင်းသူလေးတစ်ဦးပါပဲနော်…
Source : ပိုပို