သင်္ကြန်ပြီးရင်အားလုံးကိုဝေပေးဖို့အတွက် သုံးလွှာ Mask တွေ ချုပ်နေတဲ့ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်

Posted on

လူတန်းစေ့ Mask တပ်နိုင်ဖို့အတွက် အတော်လေးအရေးကြီးပါတယ်။ အစိုးရကလည်း စားနပ်ရိက္ခာတွေထောက်ပံ့နေသလို တတ်နိုင်သူ တွေအနေနဲ့လည်း ကာကွယ်ရေးပစ္စည်းတွေကို လှူတန်းနေတာလည်း အားလုံးမျက်မြင်ပါပဲ။ တစ်ချို့တွေလည်း ကိုယ်တိုင် ချုပ်ကြသလို တစ်ချို့ကလည်း မတတ်သာတဲ့အဆုံး ဈေးကြီးပေးပြီးဝယ်သုံးနေခဲ့ရပါတယ်။ ဒီတစ်ခေါက် မှာတော့ သုသုက သင်္ကြန်မကဲရမယ့်အတူတူ အိမ်ထဲမှာပဲနေပြီး အားလုံးအတွက် အကျိုးရှိ အောင် သုံးလွှာ Mask တွေ ချုပ်နေခဲ့ပါတယ်။

တကယ့်မိန်းမအစစ်တွေထက်တောင် အိမ်မှုကိစ္စနိုင်နင်းတဲ့ သုသုကိုတော့ မချီးကျူးဘဲ မနေနိုင်တော့ပါဘူးနော်။ အချက်အပြုတ်ဆို လည်း ရတယ် စီးပွားရှာရာမှာလည်းတော်သလို ပရိသတ်တွေကို ရယ်မောအောင်လည်းစွမ်းဆောင်နိုင်ပါသေးတယ်။ နောက်ဆုံး အချုပ် အလုပ်မှာပါ ကျွမ်းကျင်တယ်ဆိုတော့ သုသုလေးက အထင်ကြီးစရာပါပဲနော်။ ပျော်ပျော်နေတတ်သလို အရည်အချင်းလည်းရှိတဲ့ သုသုပါ။

Mask တွေချုပ်နေတဲ့ပုံလေးတွေကို ” အချိန်ကိုတန်ဖိုးရှိရှိအသုံးချဖို့ သင်္ကြန် မနန့်ရတော့လဲ အကျိုးရှိစေမဲ့ ၃လွှာ ချည်သား Mask လေးတွေချုပ်နေပါတယ် ပြန်လျော်ပြီး သုံးလို့လဲရပါတယ် သင်္ကြန်ပြီးရင် မေတ္တာနဲ့ ဝေပေးပါမယ်နော် ရောဂါကပ်ဆိုးကြီး အမြန်ဆုံး ပပျောက်ပါစေ ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ ထင်ထားတာထက်အများကြီးပိုပြီး အလှူအတန်းတွေ လုပ်နိုင်ပါစေ သုသုရေ။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

သၾကၤန္ၿပီးရင္အားလုံးကိုေဝေပးဖို႔အတြက္ သုံးလႊာ Mask ေတြ ခ်ဳပ္ေနတဲ့ မိတ္ကပ္ဖန္တီးရွင္ ညီညီေမာင္

လူတန္းေစ့ Mask တပ္ႏိုင္ဖို႔အတြက္ အေတာ္ေလးအေရးႀကီးပါတယ္။ အစိုးရကလည္း စားနပ္ရိကၡာေတြေ ထာက္ပ့ံေန သလို တတ္ႏိုင္သူေတြအေနနဲ႔လည္း ကာကြယ္ေရးပစၥည္းေတြကို လႉတန္းေနတာလည္း အားလုံးမ်က္ျမင္ပါပဲ။ တစ္ခ်ိဳ႕ေတြလည္း ကိုယ္တိုင္ခ်ဳပ္ၾကသလို တစ္ခ်ိဳ႕ကလည္း မတတ္သာတဲ့အဆုံး ေဈးႀကီးေပးၿပီးဝယ္သုံးေနခဲ့ရပါတယ္။ ဒီတစ္ေခါက္ မွာေတာ့ သုသုက သၾကၤန္မကဲရမယ့္အတူတူ အိမ္ထဲမွာပဲေနၿပီး အားလုံးအတြက္ အက်ိဳးရွိ ေအာင္ သုံးလႊာ Mask ေတြ ခ်ဳပ္ေနခဲ့ပါတယ္။

တကယ့္မိန္းမအစစ္ေတြထက္ေတာင္ အိမ္မႈကိစၥႏိုင္နင္းတဲ့ သုသုကိုေတာ့ မခ်ီးက်ဴးဘဲ မေနႏိုင္ေတာ့ပါဘူးေနာ္။ အခ်က္အျပဳတ္ဆို လည္း ရတယ္ စီးပြားရွာရာမွာလည္းေတာ္သလို ပရိသတ္ေတြကို ရယ္ေမာေအာင္လည္းစြမ္းေဆာင္ႏိုင္ပါေသးတယ္။ ေနာက္ဆုံး အခ်ဳပ္အလုပ္မွာပါ ကြၽမ္းက်င္တယ္ဆိုေတာ့ သုသုေလးက အထင္ႀကီးစရာပါပဲေနာ္။ ေပ်ာ္ေပ်ာ္ေနတတ္သလို အရည္အခ်င္းလည္းရွိတဲ့ သုသုပါ။

Mask ေတြခ်ဳပ္ေနတဲ့ပုံေလးေတြကို ” အခ်ိန္ကိုတန္ဖိုးရွိရွိအသုံးခ်ဖို႔ သၾကၤန္ မနန႔္ရေတာ့လဲ အက်ိဳးရွိေစမဲ့ ၃လႊာ ခ်ည္သား Mask ေလးေတြခ်ဳပ္ေနပါတယ္ ျပန္ေလ်ာ္ၿပီး သုံးလို႔လဲရပါတယ္ သၾကၤန္ၿပီးရင္ ေမတၱာနဲ႔ ေဝေပးပါမယ္ေနာ္ ေရာဂါကပ္ဆိုး ႀကီး အျမန္ဆုံး ပေပ်ာက္ပါေစ ” ဆိုၿပီး လူမႈကြန္ယက္မွာ ေဝမွ်ခဲ့ပါတယ္။ ထင္ထားတာထက္အမ်ားၾကီးပိုျပီး အလွဴအတန္းေတြ လုပ္ႏိုင္ပါေစ သုသုေရ

Happy – Cele Zone
Photo – Nyi Nyi Maung