ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ စိုးပြည့်သဇင်တို့ သားဖနှစ်ယောက်ရဲ့ သီချင်းဗီဒီယို

Posted on

သရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေစတင်သတိထားမိလာတဲ့ စိုးညီမလေးဖော်ထဲက ချစ်စရာ စိုးပြည့်လေးကတော့ အိမ်မှာနေရင်း ဖခင်ဖြစ်သူနဲ့အတူ ” နင်နဲ့ငါ ” ဆိုတဲ့ သီချင်းလေးကို သီဆို ထားတာပဲဖြစ်ပါတယ်။ ဂီတအမွေကတော့ ဖခင်ဖြစ်သူဆီကရတယ်ဆိုတာ အသေအချာပါပဲ။ ဖေဖေက ဂစ်တာလေးတီးပြီး စိုးပြည့်က အသံချိုအေးအေးလေးနဲ့ သီဆိုခဲ့တဲ့ ဗီဒီယိုလေးဟာ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားသွားခဲ့ပါတယ်။

သရုပ်ဆောင်ပိုင်းမှာလည်းထူးချွန်တာကြောင့် အကယ်ဒမီဆုကြီးကိုပါဆွတ်ခူးနိုင်ခဲ့ပြီး သူမရဲ့ အဆိုဝါသနာအရ သီချင်းတွေလည်း သီဆိုခဲ့ ပြီး တေးစီးရီးခွေလည်းထုတ်ဝေခဲ့ပါသေးတယ်။ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံလေးက ကြားရသူတိုင်းနားထဲကို စွဲသွားစေ လောက်ပါရဲ့။ ဘာ Edit မှ မလုပ်ထားတဲ့ ပကတိအသံလေးက ချိုကြည်အေးပြီး အရမ်းကို နားဝင်ပီယ ဖြစ်ခဲ့ပါတယ်။

ဖခင်နဲ့အတူ သီဆိုထားတဲ့ သီချင်းဗီဒီယိုလေးကို ” Stay homeရင်းဖေကြီးနဲ့စုံတွဲသီချင်းဆို နားဆင်ပေးနော် ” ဆိုပြီး ဝေမျှထားတာပဲဖြစ် ပါတယ်။ ပရိသတ်တွေကလည်း အရမ်းကို သဘောကျပြီး အတိုင်အဖောက်ညီညီနဲ့ သီဆိုနေကြတဲ့ စိုးပြည့်တို့သားဖနှစ်ယောက်ကို အားပေးခဲ့ကြပါတယ်။ သရုပ်ဆောင်လည်းကောင်း အသံလေးလည်းကောင်းတဲ့စိုးပြည့်ရဲ့ ချစ်စရာဗီဒီယိုလေးကို ဝေမျှပေးလိုက်တယ် နော်။

Happy – Cele Zone
Photo – Soe Pyae Thazin

(ဇော်ဂျီဖြင့်ဖတ်ရန်)

ပရိသတ္ေတြၾကားမွာေရပန္းစားေနတဲ့ စိုးျပည့္သဇင္တို႔ သားဖႏွစ္ေယာက္ရဲ႕ သီခ်င္းဗီဒီယို

သ႐ုပ္ေဆာင္အျဖစ္နဲ႔ ပရိသတ္ေတြစတင္သတိထားမိလာတဲ့ စိုးညီမေလးေဖာ္ထဲက ခ်စ္စရာ စိုးျပည့္ေလးကေတာ့ အိမ္မွာေနရင္း ဖခင္ျဖစ္သူနဲ႔အတူ ” နင္နဲ႔ငါ ” ဆိုတဲ့ သီခ်င္းေလးကို သီဆို ထားတာပဲျဖစ္ပါတယ္။ ဂီတအေမြကေတာ့ ဖခင္ျဖစ္သူဆီကရတယ္ဆို တာ အေသအခ်ာပါပဲ။ ေဖေဖက ဂစ္တာေလးတီးၿပီး စိုးျပည့္က အသံခ်ိဳေအးေအးေလးနဲ႔ သီဆိုခဲ့တဲ့ ဗီဒီယိုေလးဟာ ပရိသတ္ေတြၾကားမွာ အရမ္းကိုေရပန္းစားသြားခဲ့ပါတယ္။

သရုပ္ေဆာင္ပိုင္းမွာလည္းထူးခြ်န္တာေၾကာင့္ အကယ္ဒမီဆုၾကီးကိုပါဆြတ္ခူးႏိုင္ခဲ့ျပီး သူမရဲ႕ အဆိုဝါသနာအရ သီခ်င္း ေတြလည္းသီဆိုခဲ့ျပီး ေတးစီးရီးေခြလည္းထုတ္ေဝခဲ့ပါေသးတယ္။ သာယာနာေပ်ာ္ဖြယ္ေကာင္းတဲ့ အသံေလးက ၾကားရသူတိုင္းနားထဲကို စြဲသြားေစေလာက္ပါရဲ႕။ ဘာ Edit မွ မလုပ္ထားတဲ့ ပကတိအသံေလးက ခ်ိဳၾကည္ေအးျပီး အရမ္းကို နားဝင္ပီယ ျဖစ္ခဲ့ပါတယ္။

ဖခင္နဲ႔အတူ သီဆိုထားတဲ့ သီခ်င္းဗီဒီယိုေလးကို ” Stay homeရင္းေဖႀကီးနဲ႔စုံတြဲသီခ်င္းဆို နားဆင္ေပးေနာ္ ” ဆိုျပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အရမ္းကို သေဘာက်ျပီး အတိုင္အေဖာက္ညီညီနဲ႔ သီဆိုေနၾကတဲ့ စိုးျပည့္တို ႔သားဖႏွစ္ေယာက္ကို အားေပးခဲ့ၾကပါတယ္။ သရုပ္ေဆာင္လည္းေကာင္း အသံေလးလည္းေကာင္းတဲ့စိုးျပည့္ရဲ႕ ခ်စ္စရာဗီဒီယိုေလးကို ေဝမွ်ေပးလိုက္တယ္ေနာ္။

Happy – Cele Zone
Photo – Soe Pyae Thazin