စည်ပင်ဝန်ထမ်းနဲ့ အနှေးယာဉ်လုပ်သား မိသားစု (၇၀၀) အတွက် တစ်ပတ်စာရိက္ခာ လှူတန်းပေးသွားမယ့်စမိုင်း

Posted on

Stay At Home ဆိုတဲ့စကားလေးကို နိုင်ငံသားတိုင်းလိုက်နာစေဖို့အတွက် အိမ်ထဲမှာပဲနေပြီး စားသောက်ဖို့အဆင်ပြေစေရန် နိုင်ငံတော်က တရားဝင်ထောက်ပံ့မှုတွေလုပ်နေသလို တတ်နိုင်သူ တွေကလည်း လက်လှမ်းမှီရာ ကူညီနေကြပါတယ်။ ဒီတစ်ခေါက်မှာ လည်း စမိုင်းလ်က စည်ပင် အောက်ခြေဝန်ထမ်းတွေနဲ့ အနှေးယာဉ်လုပ်သားတွေရဲ့ မိသားစု (၇၀၀) အတွက် တစ်ပတ်စာ ရိက္ခာကိုလှူတန်း ပေးသွားမယ့်အကြောင်း လူမှုကွန်ယက်ကနေတဆင့် ပြောလာခဲ့ပါတယ်။

ဒီအလှူလေးဟာ ယောက္ခမဖြစ်သူရဲ့ အသက် (၇၀) ပြည့် မွေးနေ့အလှူလေးဖြစ်ပြီး အခုလို အကြောင်းတိုက်ဆိုင်လာတာကြောင့် လိုအပ် နေသူတွေရဲ့ကွက်လပ်ကို ဖြည့်ပေးခွင့်ရခဲ့ပါတယ်။ မြန်မာ့ရိုးရာသင်္ကြန်ကာလတွေဟာလည်း တိတ်ဆိတ်ခြောက်သွေ့ပြီး ပျင်းရိဖွယ် ကုန်ဆုံးသွားမှာ တော့ တကယ်ကိုစိတ်မကောင်းစရာပါပဲ။ လက်လုပ်လက်စားတွေရဲ့ စားသောက်ရေးအတွက် အခုလိုထောက်ပံ့လှူတန်း မှုအတွက် သာဓုခေါ်ဆိုပါတယ်စမိုင်းလ်ရေ။

သူမရဲ့ကြည်နူးစရာအလှူလေးအကြောင်းကို ” မနက်ဖြန်ကျရောက်မဲ့ မောင့်အမေရဲ့ အသက် (၇၀) ပြည့်မွေးနေ့အတွက် ရန်ကင်းရှိ စည်ပင်ဝန်ထမ်းများနဲ့ အနှေးယာဉ်မောင်းများရဲ့ မိသားစု များအတွက် အိမ်ထောင်စု (၇၀၀) စာ တစ်ပတ်စာလှူဒါန်းသွားမှာဖြစ်ပါတယ်။ ” ဆိုပြီး ဝေမျှခဲ့ပါ တယ်။ နောက်ထပ်လည်း ဒီထက်မကအလှူတွေပိုပြီးလှူတန်းနိုင်ပါစေနော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

စည္ပင္ဝန္ထမ္းနဲ႔ အေႏွးယာဥ္လုပ္သား မိသားစု (၇၀၀) အတြက္ တစ္ပတ္စာရိကၡာ လႉတန္းေပးသြားမယ့္စမိုင္း

Stay At Home ဆိုတဲ့စကားေလးကို ႏိုင္ငံသားတိုင္းလိုက္နာေစဖို႔အတြက္ အိမ္ထဲမွာပဲေနၿပီး စားေသာက္ဖို႔အဆင္ေျပေစရန္ ႏိုင္ငံေတာ္က တရားဝင္ေထာက္ပံ့မႈေတြလုပ္ေနသလို တတ္ႏိုင္သူ ေတြကလည္း လက္လွမ္းမွီရာ ကူညီေနၾကပါတယ္။ ဒီတစ္ေခါက္မွာလည္း စမိုင္းလ္က စည္ပင္ ေအာက္ေျခဝန္ထမ္းေတြနဲ႔ အေႏွးယာဥ္လုပ္သားေတြရဲ႕ မိသားစု (၇၀၀) အတြက္ တစ္ပတ္စာ ရိကၡာကိုလႉတန္းေပးသြားမယ့္အေၾကာင္း လူမႈကြန္ယက္ကေနတဆင့္ ေျပာလာခဲ့ပါတယ္။

ဒီအလႉေလးဟာ ေယာကၡမျဖစ္သူရဲ႕ အသက္ (၇၀) ျပည့္ ေမြးေန႔အလႉေလးျဖစ္ၿပီး အခုလို အေၾကာင္းတိုက္ဆိုင္လာ တာေၾကာင့္ လိုအပ္ေနသူေတြရဲ႕ကြက္လပ္ကို ျဖည့္ေပးခြင့္ရခဲ့ပါတယ္။ ျမန္မာ့႐ိုးရာသၾကၤန္ကာလေတြဟာလည္း တိတ္ဆိတ္ေျခာက္ေသြ႕ၿပီး ပ်င္းရိဖြယ္ကုန္ဆုံးသြားမွာ ေတာ့ တကယ္ကိုစိတ္မေကာင္းစရာပါပဲ။ လက္လုပ္လက္စားေတြရဲ႕ စားေသာက္ ေရးအတြက္ အခုလိုေထာက္ပံ့လႉတန္းမႈအတြက္ သာဓုေခၚဆိုပါတယ္စမိုင္းလ္ေရ။

သူမရဲ႕ၾကည္ႏူးစရာအလႉေလးအေၾကာင္းကို ” မနက္ျဖန္က်ေရာက္မဲ့ ေမာင့္အေမရဲ႕ အသက္ (၇၀) ျပည့္ေမြးေန႔ အတြက္ ရန္ကင္းရွိ စည္ပင္ဝန္ထမ္းမ်ားနဲ႔ အေႏွးယာဥ္ေမာင္းမ်ားရဲ႕ မိသားစု မ်ားအတြက္ အိမ္ေထာင္စု (၇၀၀) စာ တစ္ပတ္စာလႉဒါန္း သြားမွာျဖစ္ပါတယ္။ ” ဆိုၿပီး ေဝမွ်ခဲ့ပါ တယ္။ ေနာက္ထပ္လည္း ဒီထက္မကအလႉေတြပိုၿပီးလႉတန္းႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – Smile