စတိတ်ကျောင်းသူဘဝတုန်းက ရခဲ့တဲ့ရည်းစားစာ အစောင် (၄၀) ကျော်ကို အမှတ်တရ ဝေမျှလိုက်တဲ့ နန်းဆုရတီစိုး

Posted on

လူတိုင်းမှာငယ်ဘဝအမှတ်တရတွေတော့ရှိကြမှာပါပဲ။ နန်းဆုရဲ့ စတိတ်ကျောင်းမှာတက်ခဲ့တုန်း က အမှတ်တရတွေကတော့ တကယ့်ကို အမှတ်ရစရာပါပဲ။ ရုပ်ရည်ချောမောသူမို့ အမျိုးသားတွေရဲ့ဝန်းရံမှုကို ငယ်စဉ်ကတည်းက ရခဲ့သူတစ်ယောက်ပါ။ ငယ်တုန်းရွယ်တုန်း ဆိုတော့ လှသွေးကြွယ်စအပျိုဖြန်းလေးကို ချစ်သူခင်သူတွေလည်း ဝိုင်းဝိုင်းလည်လို့ပေါ့။ ချစ်စာတွေတပြုံကြီးဝိုင်းပေးကြတဲ့ အမျိုးသား ထုကြီးရဲ့ ချစ်ခြင်းမေတ္တာစာလွှာတွေကလည်း အများသားပါပဲ။

ဒီစာလေးတွေရဲ့အမှတ်တရတွေကို ” သူများတွေလို ဗီဒိုရှင်းရင်း ပိုက်ဆံတွေများထွက်လာ မလားလို့ ရည်းစားစာတွေပဲထွက်လာတယ် ပြန်ဖတ်ကြည့်မိတော့ ငယ်ဘဝကို သတိရ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်(၈) တန်း (၉) တန်း (၁၀) တန်း state ကျောင်းသူဘဝတုန်းက ရတဲ့ စာတွေ အခုခေတ်မှာ သိပ်ရှားသွားပြီဖြစ်တဲ့ ရည်စားစာ တချို့ ပေးတဲ့သူတွေကို မမှတ်မိ တချို့ က မိန်းမတွေဘာတွေရ ကလေးတွေရ တချို့ ကနိုင်ငံခြားမှာ တချို့က လက်ရှိသူငယ်ချင်း တချို့ကဘယ်ရောက်မှန်းမသိ ဘာပဲဖြစ်ဖြစ် အပျင်းပြေဖတ်လို့ရတယ် ကျောင်းတက် တုန်းက ငယ်ဘဝ အမှတ်တရအလွမ်းပြေပေါ့ ”

” ယူတိူ့လည်း အိမ်မှာနေရင်း အပျင်းပြေ ဖတ်လို့ရအောင် share လိုက်တယ် အသက်၁၃ ၁၄ ၁၅ ကျောင်းသားလေးတွေရဲ့ ရည်းစားစာ ဟာ ဘယ်လောက်ဖြုစင်ပြီး ချစ်ဖို့ကောင်းလိုက်လဲလို့ (ဒီထက်ကောင်းတဲ့စာတချို့ကတော့ အမေမိသွားလို့မရှိတော့ဘူး ဟီး) ကဲ ဖတ်ပြီး ရင် အလုပ်တခု ပေးပါမယ် ယူတို့အိမ်ကနေ အိုင့်ကိုလက်ရေးလှလှလေးနဲ့ ရည်းစာစာ ရေးပေးကြ ပါလား သူတို့ထက်သာအောင် ပြန်လန်နေအောင်ရေးနော် ပြီးရင် ဓာတ်ပုံရိုက်ပြီးပို့ပေး သင်္ကြန် ရက်အတွင်းဖတ်ချင်လို့ ” ဆိုပြီး ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီး ရော ငယ်ငယ်က စားပေးခံရဖူးလား ဒါမှမဟုတ် စာရဖူးလား ပြောပေးခဲ့ဦးနော်။

Happy – Cele Zone
Photo – Nansu Yati Soe

(ဇော်ဂျီဖြင့်ဖတ်ရန်)

စတိတ္ေက်ာင္းသူဘဝတုန္းက ရခဲ့တဲ့ရည္းစားစာ အေစာင္ (၄၀) ေက်ာ္ကို အမွတ္တရ ေဝမွ်လိုက္တဲ့ နန္းဆုရတီစိုး

လူတိုင္းမွာငယ္ဘဝအမွတ္တရေတြေတာ့ရွိၾကမွာပါပဲ။ နန္းဆုရဲ႕ စတိတ္ေက်ာင္းမွာတက္ခဲ့တုန္း က အမွတ္တရေတြကေတာ့ တကယ့္ကိုအမွတ္ရစရာပါပဲ။ ႐ုပ္ရည္ေခ်ာေမာသူမို႔ အမ်ိဳးသားေတြရဲ႕ဝန္းရံမႈကို ငယ္စဥ္ကတည္းက ရခဲ့သူတစ္ေယာက္ပါ။ ငယ္တုန္း ႐ြယ္တုန္း ဆိုေတာ့ လွေသြးႂကြယ္စအပ်ိဳျဖန္းေလးကို ခ်စ္သူခင္သူေတြလည္း ဝိုင္းဝိုင္းလည္လို႔ေပါ့။ ခ်စ္စာေတြတၿပဳံႀကီး ဝိုင္းေပးၾကတဲ့ အမ်ိဳးသားထုႀကီးရဲ႕ ခ်စ္ျခင္းေမတၱာစာလႊာေတြကလည္း အမ်ားသားပါပဲ။

ဒီစာေလးေတြရဲ႕အမွတ္တရေတြကို ” သူမ်ားေတြလို ဗီဒိုရွင္းရင္း ပိုက္ဆံေတြမ်ားထြက္လာ မလားလို႔ ရည္းစားစာေတြပဲ ထြက္လာတယ္ ျပန္ဖတ္ၾကည့္မိေတာ့ ငယ္ဘဝကို သတိရ လြန္ခဲ့တဲ့ (၁၅) ႏွစ္ေလာက္(၈) တန္း (၉) တန္း (၁၀) တန္း state ေက်ာင္းသူဘဝတုန္းက ရတဲ့ စာေတြ အခုေခတ္မွာ သိပ္ရွားသြားၿပီျဖစ္တဲ့ ရည္စားစာ တခ်ိဳ႕ ေပးတဲ့သူေတြကို မမွတ္မိ တခ်ိဳ႕ က မိန္းမေတြဘာေတြရ ကေလးေတြရ တခ်ိဳ႕ ကႏိုင္ငံျခားမွာ တခ်ိဳ႕က လက္ရွိသူငယ္ခ်င္း တခ်ိဳ႕ကဘယ္ေရာက္မွန္းမသိ ဘာပဲျဖစ္ျဖစ္ အပ်င္းေျပဖတ္လို႔ရတယ္ ေက်ာင္းတက္တုန္းက ငယ္ဘဝ အမွတ္တရအလြမ္းေျပေပါ့ ”

” ယူတိူ႔လည္း အိမ္မွာေနရင္း အပ်င္းေျပ ဖတ္လို႔ရေအာင္ share လိုက္တယ္ အသက္၁၃ ၁၄ ၁၅ ေက်ာင္းသားေလးေတြရဲ႕ ရည္းစားစာဟာ ဘယ္ေလာက္ျဖဳစင္ၿပီး ခ်စ္ဖို႔ေကာင္းလိုက္လဲလို႔ (ဒီထက္ေကာင္းတဲ့စာတခ်ိဳ႕ကေတာ့ အေမမိသြားလို႔ မရွိ ေတာ့ဘူး ဟီး) ကဲ ဖတ္ၿပီးရင္ အလုပ္တခု ေပးပါမယ္ ယူတို႔အိမ္ကေန အိုင့္ကိုလက္ေရးလွလွေလးနဲ႔ ရည္းစာစာ ေရးေပးၾက ပါလား သူတို႔ထက္သာေအာင္ ျပန္လန္ေနေအာင္ေရးေနာ္ ၿပီးရင္ ဓာတ္ပုံ႐ိုက္ၿပီးပို႔ေပး သၾကၤန္ ရက္အတြင္းဖတ္ခ်င္လို႔ ” ဆိုၿပီး ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရာ ငယ္ငယ္က စားေပးခံရဖူးလား ဒါမွမဟုတ္ စာရဖူးလား ေျပာေပးခဲ့ဦးေနာ္။

Happy – Cele Zone
Photo – Nansu Yati Soe