သင်္ကြန်ကို ရက်ရွှေ့ပြီး ကျင်းပမယ်ဆိုတဲ့ သတင်းမျှော်နေမိတာ ကျွန်တော်တစ်ယောက်တည်းလားလို့ မေးခွန်းထုတ်လာတဲ့ ထွန်းထွန်း

Posted on

လတ်တလော ကမ္ဘာနဲ့တစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါကြောင့် မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့တာ အားလုံးလည်းသိကြမှာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်သွယ်ရေးတွေအားလုံးပြတ်တောက်သွားတဲ့အပြင် နိုင်ငံအတွင်းမှာဆိုရင်လည်း မြို့တစ်ခုနဲ့တစ်ခုသာမက အိမ်တစ်အိမ်ချင်းဆီတောင် ကူးလူးပြီး မသွားကြတော့တဲ့အထိ ပြည်သူတွေကို စိုးရိမ်စိတ်မြင့်တက်စေခဲ့တဲ့ အရာဆိုရင်လည်း မမှားပါဘူး။ ဗိုင်းရပ်စ်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် အရေးကြီးကိစ္စမှန်သမျှနဲ့ ပွဲလမ်းသဘင်တွေကိုပါ ဖျက်သိမ်းခဲ့ပြီး လူစုလူဝေးမဖြစ်စေဖို့က အဓိကအရေးကြီးတဲ့ အချက်တစ်ခုဖြစ်လာခဲ့တာပါ။

ဒါကြောင့်မို့လည်း မြန်မာနိုင်ငံမှာနှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်တဲ့ မြန်မာ့ရိုးရာအတာရေသဘင်ပွဲကိုပါ ဖျက်သိမ်းလိုက်ဖို့ အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တစ်နှစ်မှာတစ်ခါ ကျရောက်တဲ့သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေ၊ ရိုးရာအစဉ်အလာတွေကတော့ မြန်မာပြည်သူ ပြည်သားတွေစိတ်ထဲမှာ ကိန်းအောင်းနေမှာ အမှန်ပဲမို့ သင်္ကြန်ချိန်ခါကို ပြောင်းရွှေ့ပြီး ပြန်လည်ကျင်းပပေးဖို့ မျှော်လင့်နေသူတွေလည်း ဒုနဲ့ဒေးပါပဲ ။ အဲ့ဒီထဲမှာတော့ မင်းသားချော ထွန်းထွန်းလည်း ပါဝင်ခဲ့ပြီး သင်္ကြန်နဲ့ပတ်သက်တဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မျှဝေခဲ့ပါတယ်။

“သင်္ကြန်ကို ရက်ရွှေ့ပြီးကျင်းပမယ်ဆိုတဲ့ သတင်းကိုမျှော်နေမိတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်လောက်ဘူးထင်ပါတယ်… အခုအချိန်မှာ စိုးရိမ်ပြီး စိတ်ကျဉ်းကြပ်နေရသမျှတွေကို ပြန်ပြီး ပျော်ရွှင်ဖို့ငါတို့မြန်မာတွေရဲ့ ကိုယ်ပိုင်သင်္ကြန်ပြန်နွှဲခွင့်ရအုံးမှာဆိုပြီးတော့လေ…. အထင်အမြင်ကတော့တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးဗျာ. ဒါပေမယ့်လည်းအများဆန္ဒကတော့ သင်္ကြန်ကို ဒါတွေ ပြီးသွားရင် ဒီတစ်နှစ် အတွက် ရက်ကလေးပြန်သတ်မှတ်ပေးရင် ပျော်ကြမယ်ထင်ပါတယ်…. ဒီလောက်ရှုပ်နေရတဲ့ အထဲ အပျော်အပါးလာမက်နေတယ်ကောင်လို့ စွပ်စွဲပြီး မင်းကဘာနားလည်လို့လည်းဆိုရင်တော့အများကြီးနားမလည်ပါဘူး. သင်္ကြန်ဆိုတာ မူးပြဲကွဲသောက်စား တာထက်အများကြီးပိုတယ်ဆိုတာတော့ ကျွန်တော်နားလည်ပါတယ်” ဆိုပြီး ရင်ထဲက ခံစားချက်တွေကို မျှဝေလာပါတယ်။ ပရိသတ်ကြီးရော သင်္ကြန်ပွဲပျက်သွားတဲ့အပေါ် ဘယ်လိုခံစားနေရသလဲဆိုတာ မှတ်ချက်လေးရေးပေးခဲ့ပါဦးနော်။


Source – Htin Aung Tun
Ki Ki – Cele Zone