အိမ်မှာပဲနေရပေမယ့် သမီးလေးနှစ်ယောက်ကြောင့် မပျင်းဘဲ ပျော်နေရတဲ့ လင်းလင်းနဲ့ ချစ်သုဝေရဲ့ ဗီဒီယို

Posted on

လက်ရှိအချိန်လေးကတော့ မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်စွာနေရမယ့်အချိန်ပါပဲ။ မိသားစု တွေ နေ့တိုင်းဆုံကြပေမယ့် အခုလိုမျိုး အိမ်မှာပဲ အချိန်ကြာကြာအတူတူရှိပြီး ရင်းနှီးနွေးထွေး ပျော်ရွှင်ဖို့ကတော့ တစ်နှစ်မှာတစ်ခါတောင်မသေချာသလောက်ပါပဲ။ ကိုယ်စီ အလုပ်တွေနဲ့ ရုန်းကန်နေရချိန်မှာ မိသားစုကို အချိန်အပြည့်မဝမပေးနိုင်တာတွေတောင်ရှိနိုင်ပါတယ်။ အခုလို Lock Down ချလိုက်တဲ့ အချိန်မှာတော့ ကိုယ့်မိသားစုကို အချိန်များများပိုပေးဖြစ်သွားတာပေါ့နော်။

အရင်ကလူစည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့လမ်းမတစ်ချို့ဟာ အခုဆိုရင်တိတ်ဆိတ်ခြောက်သွေ့ သွားခဲ့ပါတယ်။ ကိုယ့်မိသားစုထဲမှာပဲ အပျော်လေးတွေဖန်တီးပြီး ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်မိသားစုရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေတတ်ဖို့လိုပါတယ်။ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ ပျော်စရာမိသားစုဘဝလေးဟာ သမီးလေးနှစ်ယောက်ကြောင့် ပိုပြီးစိုပြေခဲ့တာတော့ အမှန်ပါပဲ။

ချစ်စရာသမီးလေးနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်ထမင်းစားနေတဲ့ဗီဒီယိုလေးကို လင်းလင်းက ” ဟုမ်းမ် စတေးလေးနှစ်ယောက်ရဲ့ Dancing နဲ့ ဝါးတီး with “ John Mayer “ ” ဆိုပြီး ဝေမျှထား တာပဲဖြစ်ပါတယ်။ ဖေဖေမေမေတို့ရဲ့ အေးချမ်းသာယာရဲ့ အရိပ်အမြုံ အောက်မှာ ပျော်ရွှင် ကောင်းမွန်စွာကြီးပျင်းလာခဲ့ ကလေးတွေက တစ်နေ့တခြား ပိုပိုပြီးချစ်စရာကောင်းလာတာတော့ အမှန်ပဲနော်။

Happy – Cele Zone
Photo – Htwe Lynn Ko

(ဇော်ဂျီဖြင့်ဖတ်ရန်)

အိမ္မွာပဲေနရေပမယ့္ သမီးေလးႏွစ္ေယာက္ေၾကာင့္ မပ်င္းဘဲ ေပ်ာ္ေနရတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝရဲ႕ ဗီဒီယို

လက္ရွိအခ်ိန္ေလးကေတာ့ မိသားစုနဲ႔အတူ ေႏြးေထြးေပ်ာ္႐ႊင္စြာေနရမယ့္အခ်ိန္ပါပဲ။ မိသားစုေတြ ေန႔တိုင္းဆုံၾ ကေပ မယ့္ အခုလိုမ်ိဳး အိမ္မွာပဲ အခ်ိန္ၾကာၾကာအတူတူရွိၿပီး ရင္းႏွီးေႏြးေထြး ေပ်ာ္႐ႊင္ဖို႔ကေတာ့ တစ္ႏွစ္မွာတစ္ခါ ေတာင္မေ သခ်ာသေလာက္ပါပဲ။ ကိုယ္စီအလုပ္ေတြနဲ႔ ႐ုန္းကန္ေနရခ်ိန္မွာ မိသားစုကို အခ်ိန္အျပည့္မဝမေပးႏိုင္တာ ေတြေတာင္ရွိႏိုင္ပါတယ္။ အခုလို Lock Down ခ်လိုက္တဲ့အခ်ိန္မွာေတာ့ ကိုယ့္မိသားစုကို အခ်ိန္မ်ားမ်ားပိုေပးျဖစ္သြားတာေပါ့ ေနာ္။

အရင္ကလူစည္ကားခဲ့တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕လမ္းမတစ္ခ်ိဳ႕ဟာ အခုဆိုရင္တိတ္ဆိတ္ေျခာက္ေသြ႕ သြားခဲ့ပါတယ္။ ကိုယ့္မိသားစုထဲမွာပဲ အေပ်ာ္ ေလးေတြဖန္တီးၿပီး ကိုယ့္ေပ်ာ္႐ႊင္မႈနဲ႔ ကိုယ့္မိသားစုရဲ႕ေပ်ာ္႐ႊင္မႈကို ကိုယ္တိုင္ရွာေဖြတတ္ဖို႔လိုပါတယ္။ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕ ေပ်ာ္စရာမိသားစုဘဝေလးဟာ သမီးေလးႏွစ္ေယာက္ေၾကာင့္ ပိုၿပီးစိုေျပခဲ့တာေတာ့ အမွန္ပါပဲ။

ခ်စ္စရာသမီးေလးႏွစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ထမင္းစားေနတဲ့ဗီဒီယိုေလးကို လင္းလင္းက ” ဟုမ္းမ္ စေတး ေလးႏွ စ္ေယာက္ရဲ႕ Dancing နဲ႔ ဝါးတီး with “ John Mayer “ ” ဆိုၿပီး ေဝမွ်ထား တာပဲျဖစ္ပါတယ္။ ေဖေဖေမေမတို႔ရဲ႕ ေအးခ်မ္း သာယာရဲ႕ အရိပ္အၿမဳံေအာက္မွာ ေပ်ာ္႐ႊင္ ေကာင္းမြန္စြာႀကီးပ်င္းလာခဲ့ ကေလးေတြက တစ္ေန႔တျခား ပိုပိုၿပီးခ်စ္စရာ ေကာင္းလာတာေတာ့ အမွန္ပဲေနာ္။

Happy – Cele Zone
Photo – Htwe Lynn Ko