ပထမဆုံး ကိုယ်တိုင်ဆွဲထားတဲ့ပန်ချီကားလေးကို Live လွှင့်ပြီး ပရိသတ်တွေကိုပြသခဲ့တဲ့ အိန္ဒြာကျော်ဇင်

Posted on

အားလုံးအိမ်ထဲမှာနေရတဲ့အခိုက်အတန့်လေးမှာ အူဝဲကတော့ ကိုယ်ဝါသနာပါတဲ့ အရာလေးကို ကြိုးစားထားပြီး အောင်မြင်သွားတဲ့ အခိုက်အတန့်လေးကို ပရိသတ်တွေနဲ့အတူ အပျော်တွေ ဝေမျှခဲ့ပါတယ်။ အနုပညာအလုပ်တွေကို အချိန်အကြာကြီးလုပ်ခဲ့ပြီးနောက် ကိုယ်ပိုင်မိသားစု ဘဝလေးမှာ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်နေပြီဖြစ်တဲ့ မေမေအူဝဲ တစ်ယောက် ကိုယ်ဝါသနာပါတဲ့ ပန်းချီပညာလေးကို စပြီးလက်စွမ်းပြနေခဲ့ပါပြီ။

ကိုယ့်မိသားစုနဲ့ပဲအချိန်တွေကိုပျော်ပျော်ကြီးဖြတ်သန်းရတာဆိုတော့ အူဝဲအတွက် ပျင်းချိန်တောင်ရမှာမဟုတ်ဘူးနော်။ အရင်ကတော့ အလုပ်တွေနဲ့ ကလေးတွေကြားမှာ အချိန်ရအောင်မနည်းလုပ်နေရတာမို့ အခုလိုအေးဆေးနားရတဲ့အချိန်လေးမှာ မိသားစုအတွက် အရင်ကထက်ပိုပြီး အချိန်တွေအများကြီးပေးဖြစ်တာပေါ့။

ကိုယ်တိုင်ဆွဲထားတဲ့ ပထမဆုံးပန်းချီကားချပ်လေးကို Facebook မှာ Live လွှင့်ပြီး ပရိသတ်တွေကို ပြသခဲ့တာပဲဖြစ်ပါတယ်။ ပထမဆုံး လက်ရာလေးကလည်း သေသပ်ပြီး လှပါတယ်အူဝဲရေ။ အသက်လေးဆယ်ကျော်အရွယ်အမျိုးသမီးရဲ့ နုပျိုမှုတွေနဲ့ အလှတရားတွေဟာ အသက်နှစ်ဆယ်ကျော်တွေနဲ့တောင်ယှဉ်လို့ရနိုင်ပါသေးတယ်။ အချိန်တိုင်းလှနေရတဲ့လျို့ဝှက်ချက်ကတော့ ပျော်စရာမိသားစုလေး ကြောင့်လို့ထင်ပါရဲ့နော်။

Happy – Cele Zone
Photo – Eaindra Kyaw Zin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Eaindra Kyaw Zin