အခြေခံမိသားစုတွေအတွက်လှူတန်းရာမှာ ငွေ(၁၀)သိန်းထပ်မံပါဝင်လှူဒါန်းလိုက်ပြန်တဲ့ ဝတ်မှုန်ရွှေရည်

Posted on

ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံကရုပ်ရှင်ချစ်ပရိသတ်တိုင်းမသိသူမရှိတဲ့ သရုပ်ဆောင်မင်းသမီးချောလေးပါ။ ဖြူဖြူသွယ်သွယ်နဲ့ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့မင်းသမီးလေးဖြစ်ပြီး အလှူအတန်းလည်း ရက်ရောတဲ့သူလေးလို့ဆိုရမှာပါ။ ကပ်ရောဂါဆိုးကြီးမကူးစက်ရအောင်တတ်နိုင်သမျှကာကွယ်မှုတွေပြုလုပ်နေကြတဲ့အခုလို အခြေအနေမှာ ဝတ်မှုန်ရွှေရည်ကတော့ လိုအပ်တဲ့နေရာတွေကို တစ်ခုပြီးတစ်ခုလှူဒါန်းသွားတာကိုတွေ့ရမှာပါ။


ဒီနေ့မှာဆိုရင် (၁၀) သိန်းကျပ်လှူဒါန်းဖြစ်ခဲ့တဲ့အကြောင်းကို “7th sense creation / Myanmar Media 7 တို့ရဲ့ ကမကထပြု အလှူဖြစ်တဲ့ ၁၀ရက်နေ့ ပိတ်ရက်ရှည်မတိုင်မီ ၉ ရက်နေ့မှာ တောင်ဒဂုံ မြို့နယ်ရှိ အခြေခံမိသားစုများ စားဝတ်နေရေးအတွက် ဆန်၊ ဆီ ၊ဆား ၊ ကြက်သွန် ပို့ပေးမည့်အစီအစဉ်အလှူအတွက် ကစ်က အလှူငွေ 10 သိန်းကျပ် ပါဝင်လှူဒါန်းဖြစ်ပါတယ်။ပြုတဲ့အလှူ လေးကို ချစ်တဲ့ပရိတ်သတ်ကြီးကောအလှူ လက်ခံရရှိသည့် မိသားစုတွေကော သာဓုခေါ်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပြုပါတယ်ရှင့် ။‌အားလုံးဘေးဘယာကပ်ဆိုး မှကင်းဝေးကြပါစေလို့” လို့ အသိပေးရေးသားထားပါတယ်။


ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးမတွေ့ခင်ကတည်းက လှူတန်းမှုတွေလုပ်လာတာပါ။ နွမ်းပါးတဲ့သူတွေကိုလည်း ဆန်၊Mask နဲ့ Sanitizer အပြင်ငွေသားတွေပါ လိုက်လံလှူဒါန်းခဲ့ပါသေးတယ်။ အခုလည်း အခြေခံမိသားစုတွေအတွက် လှူဒါန်းရာမှာ ထပ်မံပြီး (၁၀) သိန်းပါဝင်လှူဒါန်းခဲ့တာပါ။ အလှူအတန်းရက်ရောတဲ့မင်းသမီးချောလေး အခုထက်အဆပေါင်းများစွာအောင်မြင်ချမ်းသာပါစေ..
Source:WuttHmoneShweYi

Anna – CeleZone