ခန္ဓာကိုယ်လှတဲ့မိန်းကလေးတွေသာလုပ်နိုင်မယ့် အမိုက်စားချဲလန့်တစ်ခုကိုလုပ်ခဲ့တဲ့ ဆုအိမ့်စံ

Posted on

တော်တော်များများအိမ်မှာပဲနေရတာဆိုတော့ အပျင်းပြေချဲလန့်လေးတွေခေါ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပျော်တွေဖလှယ်ခဲ့ကြ ပါတယ်။ ဒီထဲမှာမှ ကိုယ့်ရဲ့ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေပေါ်လွင်အောင်ပြရတဲ့ ချဲလန့်လေးကတော့ ခန္ဓာကိုယ်လှတဲ့ မိန်းကလေး တွေမှသာ လုပ်နိုင်တာဖြစ်ပြီး အချောအလှလေးတွေတော်တော်များများလည်း ဒီချဲလန့်မှာ ပါဝင်ခဲ့ပါတယ်။

အခုတော့ ဆုဆုပါ ဒီချဲလန့်လေးမှာပါဝင်လာခဲ့ပြီပေါ့နော်။ ခပ်ပွပွအင်္ကျီတစ်ထည်ကိုဝတ်ပြီး ကိုယ့်ခန္ဓာအလှပေါ်အောင် အကျပ်ဆုံးထိ ဆွဲရတဲ့ ဒီချဲလန့်လေးဟာ အမျိုးသမီးတွေကြားမှာ အတော်လေးရေပန်းစားပြီး ခန္ဓာကိုယ်အလှကိုဖော်ပြချင်တဲ့ အမျိုးသမီးတွေလည်း တော်တော် များများ ပါဝင်ခဲ့ကြပါတယ်။ ကောက်ကြောင်းအလှလေးတွေဟာလည်း ရင်ခုန်ချင်စရာနဲ့ ပေါ်လွင်လာခဲ့ပါတော့တယ်။

ဆုဆုကတော့ နဂိုကတည်းက ခန္ဓာကိုယ်လှပြီးသားဖြစ်ပေမယ့် အခုချိန် ကိုယ်အလေးချိန် နည်းနည်းကျသွားတော့ ပိုပြီးကျစ်ကျစ် လျစ်လျစ်နဲ့ အရမ်းကိုလှသွားခဲ့ပါပြီ။ ပေါင်လယ်ထိ ရှည်တဲ့ တီရှပ်အင်္ကျီလေးကိုအပွဝတ်ထားရာက သူမရဲ့လှပလွန်းတဲ့ ခန္ဓာကိုယ်လေး ပေါ်အောင် ဆွဲလိုက်တဲ့အချိန်မှာတော့ ရင်ခုန်ချင်စရာကောက်ကြောင်းလေးတွေပေါ်လာပါတော့တယ်။ ဆုဆုရဲ့အလှတရားတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Happy – Cele Zone
Photo – Hsu Eaint San

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Hsu Eaint San