အမေ့ကိုလုပ်ပေးချင်တာတွေမလုပ်ပေးလိုက်ရလို့ နောင်တကြီးစွာရနေပါပြီဆိုတဲ့ ချောရတနာ

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဘဝတစ်ပါးကိုပြောင်းသွားပြီဖြစ်တဲ့ ချောရတနာရဲ့မိခင်အတွက် ခင်မင်သူအနုပညာရှင်တော်တော်များများ လည်း ကာယကံရှင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲ နေခဲ့ကြပါတယ်။ သမီးနှစ်ယောက်လုံးကို အကောင်းမွန်ဆုံးနဲ့ အလှပဆုံးပျိုးထောင် နိုင်ခဲ့တဲ့ အတော်ဆုံးဥယျာဉ်မှုးက တကယ်ကိုအကြွေစောခဲ့ပါတယ်။ မကြာခဏဆိုသလိုလည်း ကောင်းမှုတွေလုပ်ခဲ့တာမို့ ကောင်းရာ မွန်ရာဘုံဘဝကိုရောက်ရှိမှာပါ။

မိဘတွေအသက်ရှိစဉ်အချိန်မှာ ကိုယ်လုပ်ပေးချင်တဲ့ဆန္ဒလေးတွေကို နှောင့်နှေးမနေပဲ ဖြည့်ဆည်းပေးသင့်ပြီး မိဘတွေမရှိတော့မှ မဖြည့်ဆည်းပေးလိုက်ရလေခြင်းဆိုပြီး နောင်တရမနေဖို့အတွက် ချောရတနာတစ်ယောက် သူမရဲ့အတွေ့အကြုံလေးနဲ့ယှဉ်ပြီး စာလေး ရေးသားခဲ့တာပဲဖြစ်ပါတယ်။ အနည်းဆုံးတော့ အန်တီဝါနုတစ်ယောက် ချစ်စရာကောင်းတဲ့ မြေးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း ခဲ့ရတာမို့ အများကြီး ဝမ်းနည်းနောင်တရမနေပါနဲ့ချောရေ။

သူမရဲ့ခံစားချက်တစ်ချို့ကို ” အမေ့ကို လုပ်ပေးချင်တာတွေ စိတ်ကူးထားတာတွေ မလုပ်ပေး လိုက်ရဘူးအများကြီး အခုနောင်တ ရနေမိတယ် မိဘကို ဖြည့်ဆည်းပေးချင်တာလေးတွေရှိရင် ချက်ချင်းလုပ်ပေးလိုက်ပါ ဒီနေ့နဲ့မနက်ဖြန်မသေချာတာ မေ့သွားခဲ့လို့ နောင်တကြီးစွာရနေပါပြီ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Happy – Cele Zone
Photo – Chaw Yadanar

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေမ့ကိုလုပ္ေပးခ်င္တာေတြမလုပ္ေပးလိုက္ရလို႔ ေနာင္တၾကီးစြာရေနပါၿပီဆိုတဲ့ ေခ်ာရတနာ

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က ဘဝတစ္ပါးကိုေျပာင္းသြားၿပီျဖစ္တဲ့ ေခ်ာရတနာရဲ႕မိခင္အတြက္ ခင္မင္သူအႏုပညာရွင္ေတာ္ေ ေတာ္မ်ားမ်ားလည္း ကာယကံရွင္ေတြနဲ႔ထပ္တူ ဝမ္းနည္းေၾကကြဲ ေနခဲ့ၾကပါတယ္။ သမီးႏွစ္ေယာက္လုံးကို အေကာင္း မြန္ဆုံးနဲ႔ အလွပဆုံးပ်ိဳးေထာင္ႏိုင္ခဲ့တဲ့ အေတာ္ဆုံးဥယ်ာဥ္မႈးက တကယ္ကိုအေႂကြေစာခဲ့ပါတယ္။ မၾကာခဏဆိုသလိုလည္း ေကာင္းမႈေတြလုပ္ခဲ့တာမို႔ ေကာင္းရာမြန္ရာဘုံဘဝကိုေရာက္ရွိမွာပါ။

မိဘေတြအသက္ရွိစဥ္အခ်ိန္မွာ ကိုယ္လုပ္ေပးခ်င္တဲ့ဆႏၵေလးေတြကို ေႏွာင့္ေႏွးမေနပဲ ျဖည့္ဆည္းေပးသင့္ၿပီး မိဘေတြမရွိေတာ့မွ မျဖည့္ဆည္းေပးလိုက္ရေလျခင္းဆိုၿပီး ေနာင္တရမေနဖို႔အတြက္ ေခ်ာရတနာတစ္ေယာက္ သူမရဲ႕အေတြ႕အႀကဳံေလး နဲ႔ယွဥ္ၿပီး စာေလးေရးသားခဲ့တာပဲျဖစ္ပါတယ္။ အနည္းဆုံးေတာ့ အန္တီဝါႏုတစ္ေယာက္ ခ်စ္စရာေကာင္းတဲ့ ေျမးေလး ေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းခဲ့ရတာမို႔ အမ်ားႀကီး ဝမ္းနည္းေနာင္တရမေနပါနဲ႔ေခ်ာေရ။

သူမရဲ႕ခံစားခ်က္တစ္ခ်ိဳ႕ကို ” အေမ့ကို လုပ္ေပးခ်င္တာေတြ စိတ္ကူးထားတာေတြ မလုပ္ေပး လိုက္ရဘူးအမ်ားႀကီး အခုေနာင္တ ရေနမိတယ္ မိဘကို ျဖည့္ဆည္းေပးခ်င္တာေလးေတြရွိရင္ ခ်က္ခ်င္းလုပ္ေပးလိုက္ပါ ဒီေန႔နဲ႔မနက္ျဖန္မေသခ်ာတာ ေမ့သြား ခဲ့လို႔ ေနာင္တႀကီးစြာရေနပါၿပီ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Happy – Cele Zone
Photo – Chaw Yadanar