ကိုးရက်တိတိ သာသနာ့ဘောင်ဝင်ရောက်သွားခဲ့ပြီဖြစ်တဲ့ မိတ်ကပ်ဖန်တီးရှင် မေဦး

Posted on

မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ မေဦးကတော့ စိတ်အေးချမ်းရာအရပ်ဖြစ်တဲ့ ဘုရားရိပ် တရားရိပ်မှာ ခိုလှုံနေပြီပဲဖြစ်ပါတယ်။ လတ်တလောကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုးကြီး ကြောင့် ပြည်သူတစ်ရပ်လုံး စိုးရိမ်ကြောင့်ကြမှုတွေရှိနေပြီး မကြာခင်မှာ ရောက်လာ တော့မယ့် အတာသင်္ကြန်နေ့ရက်တွေဟာလည်း တိတ်ဆိတ်ခြောက်သွေ့သွားခဲ့ပါတယ်။ ပျော်စရာတွေ အားလုံးကို ခိုးယူသွားတဲ့ ဒီရောဂါ ဆိုးကြီးကို အားလုံးကမုန်းနေကြပါပြီ။

ဒီနေ့မှာလည်းမေဦးတစ်ယောက် သာသနာ့ဘောင်ကို (၉) ရက် တိတိ ဝင်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မိတ်ကပ်ဖန်တီး ရှင်တစ်ယောက်လည်းဖြစ်သလို ပျော်စရာ အချစ်ရေးလေးကိုလည်း တည်ဆောက်ထားနိုင်ခဲ့သူတစ်ယောက်ပါ။ အလှူအတန်းဆိုလည်း လက်မနှေးတတ်သလို ဘာသာတရားလည်းကိုင်းရှိုင်းတတ်ပါသေးတယ်။

သာသနာ့ဘောင်မှာအေးချမ်းနေတဲ့ပုံရိပ်လေးကို ” ဘုရားတပည့်တော်သည် သံသရာဝဠ်ဒုက္ခမှ လွတ်မြောက်ခြင်းအလို့ငှါ ဿသနာ့ ဘောင်သို့ (၉) ရက်တိတိ ဝင်၍ တရားအားထုတ်ပါမည် အရှင်ဘုရား ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မြင်ရကြည့်ရတာ အေးချမ်း လိုက်တာနော်။

Happy – Cele Zone
Photo – May Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကိုးရက္တိတိ သာသနာ့ေဘာင္ဝင္ေရာက္သြားခဲ့ၿပီျဖစ္တဲ့ မိတ္ကပ္ဖန္တီးရွင္ ေမဦး

မိတ္ကပ္ဖန္တီးရွင္တစ္ဦးျဖစ္တဲ့ ေမဦးကေတာ့ စိတ္ေအးခ်မ္းရာအရပ္ျဖစ္တဲ့ ဘုရားရိပ္ တရားရိပ္မွာ ခိုလႈံေနၿပီပဲျဖစ္ပါတယ္။ လတ္တေလာ ႀကဳံေတြ႕ေနရတဲ့ ကပ္ေရာဂါဆိုးႀကီး ေၾကာင့္ ျပည္သူတစ္ရပ္လုံး စိုးရိမ္ေၾကာင့္ၾကမႈေတြရွိေနၿပီး မၾကာခင္မွာ ေရာက္လာေတာ့မယ့္ အတာသၾကၤန္ေန႔ရက္ေတြဟာလည္း တိတ္ဆိတ္ေျခာက္ေသြ႕သြားခဲ့ပါတယ္။ ေပ်ာ္စရာေတြ အားလုံးကို ခိုးယူသြားတဲ့ ဒီေရာဂါဆိုးႀကီးကို အားလုံးကမုန္းေနၾကပါၿပီ။

ဒီေန႔မွာလည္းေမဦးတစ္ေယာက္ သာသနာ့ေဘာင္ကို (၉) ရက္ တိတိ ဝင္ေရာက္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ မိတ္ကပ္ ဖန္တီးရွင္တစ္ေယာက္လည္းျဖစ္သလို ေပ်ာ္စရာ အခ်စ္ေရးေလးကိုလည္း တည္ေဆာက္ထားႏိုင္ခဲ့သူတစ္ေယာက္ပါ။ အလႉအတန္း ဆိုလည္း လက္မေႏွးတတ္သလို ဘာသာတရားလည္းကိုင္းရႈိင္းတတ္ပါေသးတယ္။

သာသနာ့ေဘာင္မွာေအးခ်မ္းေနတဲ့ပုံရိပ္ေလးကို ” ဘုရားတပည့္ေတာ္သည္ သံသရာဝဠ္ဒုကၡမွ လြတ္ေျမာက္ျခင္းအလို႔ ငွါ ႆသနာ့ေဘာင္သို႔ (၉) ရက္တိတိ ဝင္၍ တရားအားထုတ္ပါမည္ အရွင္ဘုရား ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ျမင္ရၾကည့္ရတာ ေအးခ်မ္းလိုက္တာေနာ္။

Happy – Cele Zone
Photo – May Oo