ရွှေထူးကို မျက်ရည်မိုးတွေသွန်းရလောက်တဲ့ ထိ မွေးနေ့မှာ Supriseအကြီးကြီး လုပ်ပေးခဲ့တဲ့ ရွှေမှုန်ရတီ

Posted on

အနုပညာရှင်စုံတွဲတွေကြားမှာ လူငယ်စုံတွဲလေးဖြစ်တဲ့ဖြစ်ပြီး အရမ်းကိုRoကြတဲ့ ရွှေနှစ်ရွှေတို့စုံတွဲလေးက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အတွဲလေးပါ။ ပရိသတ်တွေ သဝန်တို အားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တတ်လွန်းလို့ ဒုတိယ‌မြောက် ရိုမိယို၊ ဂျူးလီယက် စုံတွဲလေးလို့တောင် သတ်မှတ်ထားရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ အနုပညာနယ်ပယ်အသီးသီးမှာ ကိုယ်စီ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးလည်းဖြစ်ပါတယ်။

 

 

ယခုဆိုရင်တော့ အိမ်ထောင်သက်တမ်းအနည်းငယ်ကြာနေပြီဖြစ်ပေမယ့် အရင်လိုပဲ တစ်ယောက်ကိုယ် တစ်ယောက်ချစ်လို့ မဝနိုင်ဖြစ်နေတဲ့ ရွှေနှစ်ရွှေတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေကြားမှာ အကဲပိုပြီး ချစ်စရာကောင်းတဲ့ ဇနီး‌မောင်နှံလေးအဖြစ် နာမည်ကြီးပါသေးတယ်။ နှစ်ယောက်သား ယုံကြည် နားလည်မှုတွေနဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး သာယာ‌ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးနိုင်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

 

 

မကြာသေးခင်က ‌ရောက်ရှိခဲ့တဲ့ ရွှေထူးရဲ့ မွေးနေ့ပွဲ‌လေးမှာ ရွှေမှုန်လေးက ပရိသတ်တွေပါ မျက်ရည်ဝဲလောက်အောင် Suprise အကြီးကြီး လုပ်ပေးခဲ့တာပါ။ ရွှေထူးတစ်ယောက် ငိုရလောက်အောင် ပျော်စရာကောင်းတဲ့ မွေးနေ့ပွဲလေးနဲ့ အတူ မွေးနေ့လက်ဆောင်လေးကို ပေးခဲ့ပြီး ကြည်နူးစရာကောင်းတဲ့ မွေးနေ့ပွဲလေးကို အတူတူဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။ အရမ်းကို Ro ဆန်တတ်တဲ့ ရွှေမှုန်လေးက မွေးနေ့ပွဲတစ်လျှောက်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုလေးကို CeleZoneပရိသတ်ကြီးလည်း ကြည့်ရှူပြီး ကြည်နူးပီတိဖြစ်စေဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Shwe MhoneYati

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



