Ei Chaw Po

ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေအပြင် အိမ်ခြေ (၅၀၀) အတွက်ပါ ရိက္ခာတွေ လှူတန်းခဲ့တဲ့ အိချောပို

Posted on

အခုချိန်ကတော့ တတ်နိုင်သူတွေအတွက် အလှူရေစက်လက်နဲ့မကွာဆိုတဲ့အချိန်ပါပဲ။ လိုအပ်သူတွေလည်း အများအပြားရှိနေသလို လှူတန်းသူတွေကလည်း အများအပြားပါပဲ။ တတ်နိုင်သလောက်အားနဲ့ အဖက်ဖက်ကဖြည့်ဆည်းပြီး လှူတန်းပေးကြသူတွေကိုလည်း အားလုံးကိုယ်စားကျေးဇူးတင်မဆုံးပါဘူး။ လူတိုင်းအပြင်မထွက်နိုင်ဖို့အတွက်ဦးစားပေးပြီး လှူတန်းနေတာဖြစ်လို့ တတ်နိုင်သမျှတော့ အိမ်မှာနေဖို့လိုပါတယ်။

မနက်ဖြန်မှာဆိုရင်လည်း နိုင်ငံတော်က တရားဝင်ထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်သူတွေလက်ထဲရောက်လာတော့မှာ ဆိုတော့ ပျော်စရာကြီးပေါ့နော်။ အစိုးရကလည်း လှူတန်းသလို တတ်နိုင်သူတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆင်ပြေသလို လှူတန်း ကြတာ တကယ့်ကိုကြည်နူးစရာပါပဲ။

အားလုံးလှူနေကြတဲ့အတိုင်း အိချောပိုကလည်း သူမရဲ့အလှူအကြောင်းကို ” ယနေ့တတ်နိုင်သမျှ အလှူလေးလုပ်ဖြစ်ခဲ့ပါတယ် ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်း ပေါင်း ၃ ကျောင်းစာ ဆန် ၃အိတ် ဆီ ၃ပိဿာ ၃ပုံး ရေကဒ် ၂၀ အလှူ စော်ဘွားကြီးကုန်း ရပ်ကွက်ကြီး (၁၁) မှာ အိမ်ခြေ ၁၀၀ စာအတွက် တစ်မိသားစုကို ဆန် ၅ပြည် ဆီ ၅၀သား အလှူ လှူဖို့အတွက် စနစ်တကျလေး ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ ဘုန်းဘုန်းကြီး ၊ ရပ်ကွက်လူကြီးများ ၊ တာဝန်ရှိသူများ အားလုံးကျေးဇူးတင်ပါတယ်ရှင့် အိမ်ခြေ (၅၀၀) ကျော်ရှိ စော်ဘွားကြီးကုန်းက ရပ်ကွက်ကြီး များမှာ လှူဒါန်းချင်သူများလည်း သွားရောက်လှူဒါန်းလို့ရပါတယ်ရှင့် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Ei Chaw Po

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဘုန္းႀကီးေက်ာင္းနဲ႔ သီလရွင္ေက်ာင္းေတြအျပင္ အိမ္ေျခ (၅၀၀) အတြက္ပါ ရိကၡာေတြ လႉတန္းခဲ့တဲ့ အိေခ်ာပို

အခုခ်ိန္ကေတာ့ တတ္ႏိုင္သူေတြအတြက္ အလႉေရစက္လက္နဲ႔မကြာဆိုတဲ့အခ်ိန္ပါပဲ။ လိုအပ္သူေတြလည္း အမ်ားအျပားရွိေနသလို လႉတန္းသူေတြကလည္း အမ်ားအျပားပါပဲ။ တတ္ႏိုင္သေလာက္အားနဲ႔ အဖက္ဖက္ကျဖည့္ဆည္းၿပီး လႉတန္းေပးၾကသူေတြ ကိုလည္း အားလုံးကိုယ္စားေက်းဇူးတင္မဆုံးပါဘူး။ လူတိုင္းအျပင္မထြက္ႏိုင္ဖို႔အတြက္ဦးစားေပးၿပီး လႉတန္းေနတာျဖစ္လို႔ တတ္ႏိုင္သမွ်ေတာ့ အိမ္မွာေနဖို႔လိုပါတယ္။

မနက္ျဖန္မွာဆိုရင္လည္း ႏိုင္ငံေတာ္က တရားဝင္ေထာက္ပံ့တဲ့ စားနပ္ရိကၡာေတြလည္း လိုအပ္သူေတြလက္ထဲေရာက္လာေတာ့မွာ ဆိုေတာ့ ေပ်ာ္စရာႀကီးေပါ့ေနာ္။ အစိုးရကလည္း လႉတန္းသလို တတ္ႏိုင္သူေတြကလည္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ အဆင္ေျပသလိုလႉတန္း ၾကတာ တကယ့္ကိုၾကည္ႏူးစရာပါပဲ။

အားလုံးလႉေနၾကတဲ့အတိုင္း အိေခ်ာပိုကလည္း သူမရဲ႕အလႉအေၾကာင္းကို ” ယေန႔တတ္ႏိုင္သမွ် အလႉေလးလုပ္ ျဖစ္ခဲ့ပါတယ္ ဘုန္းႀကီးေက်ာင္းနဲ႔ သီလရွင္ေက်ာင္း ေပါင္း ၃ ေက်ာင္းစာ ဆန္ ၃အိတ္ ဆီ ၃ပိႆာ ၃ပုံး ေရကဒ္ ၂၀ အလႉ ေစာ္ဘြားႀကီးကုန္း ရပ္ကြက္ႀကီး (၁၁) မွာ အိမ္ေျခ ၁၀၀ စာအတြက္ တစ္မိသားစုကို ဆန္ ၅ျပည္ ဆီ ၅၀သား အလႉ လႉဖို႔ အတြက္ စနစ္တက်ေလး ျဖစ္ေအာင္ ဝိုင္းဝန္းကူညီေပးၾကတဲ့ ဘုန္းဘုန္းႀကီး ၊ ရပ္ကြက္လူႀကီးမ်ား ၊ တာဝန္ရွိသူမ်ား အားလုံး ေက်းဇူးတင္ပါတယ္ရွင့္ အိမ္ေျခ (၅၀၀) ေက်ာ္ရွိ ေစာ္ဘြားႀကီးကုန္းက ရပ္ကြက္ႀကီး မ်ားမွာ လႉဒါန္းခ်င္သူမ်ားလည္း သြားေရာက္လႉဒါန္းလို႔ရပါတယ္ရွင့္ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Ei Chaw Po