ကားပေါ်မှာဆန်တွေဆီတွေတင်ပြီး တစ်မြို့လုံးပတ်ကာ လှူတန်းခဲ့တဲ့ လင်းအောင်ခေတ်

Posted on

အနုပညာရှင်တော်တော်များများ တတ်နိုင်သလောက်လှူတန်းမှုတွေလုပ်နေကြတဲ့အချိန် လင်းအောင်ခေတ်တစ်ယောက်လည်း ကားပေါ်ကို ဆန်တွေဆီတွေတင်ပြီး လမ်းမှာတွေ့သမျှ အခြေခံလူတန်းစားတွေအကုန်လုံးကို လိုက်ဝေခဲ့တာဖြစ်ပါတယ်။ ခက်ခဲနေတဲ့ အခြေအနေတွေမှာ အခုလိုလေးလှူတန်းတာမြင်ရတော့လည်း တကယ်ကိုကြည်နူးမိပါတယ်။

ပျော်စရာကောင်းတဲ့အလှူပုံရိပ်လေးတွေကို ” ဒီနေ့တော့ ကားပေါ်ကို ဆီတွေဆန်တွေ တင်ပြီး စားဝတ် နေရေး အတွက် ရုန်းကန်နေရတဲ့ လူ အချို့ ကို ကျွန်တော် တက်နိုင်သလောက်လေး ဒါနပြုခဲ့ပါတယ် ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ ရေနစ်နေသူအတွက်တော့ ကောက်ရိုးတစ်မျှင်ကလည်း အားကိုးရာပါပဲ။

 

နောက်ထပ်လည်းလှူသွားမယ့်အကြောင်းလေးကို ” သူတို့ ရဲ့ ပျော်လို့ ကိုယ့်အပေါ် ဆုတောင်း ပေးခဲ့ တဲ့ ဆုတောင်းလေးတွေ က အခုထိ ရင်ထဲပီတိဖြစ်ရပါတယ် နောက်လဲ အမြဲလှုနိုင်အောင် ကြိုးစားပါ့မယ် ” ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဒီထက်မကသော လှူတန်းမှုတွေ ပိုပြီးလုပ်နိုင်ပါစေနော်။

Happy – Cele Zone
Photo – Lin Aung Khit

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Lin Aung Khit