မြင်ဖူးနေကျမဟုတ်ဘဲ တမူထူးခြားတဲ့ဖက်ရှင်တွေနဲ့ ရင်သပ်ရှုမောစရာအလှတွေကို ပြလိုက်တဲ့ နေခြည်ဦး

Posted on

နေခြည်ဦးကတော့ မြန်မာနိုင်ငံမှာမသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အချိန်တိုအတွင်း Beauty Blogger အနေနဲ့သာမက ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့အောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချီချီလို့ ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးကတော့ ထက်မြက်ပြီးပွင့်လင်းတဲ့စတိုင်လေးတွေကြောင့် ပရိသတ်တွေသတိထားမိတာကို ခံရသူပါ။


ချီချီဟာ ဖက်ရှင်နဲ့ပတ်သက်ရင်ခေတ်ရှေ့ပြေးလွန်းသူတစ်ယောက်ပါ။ မျက်နှာနဲ့အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေခွဲစိတ်မှုပြုလုပ်တဲ့အခါမှာလည်း ရဲရဲဝံ့ဝံ့နဲ့ပရိသတ်ကို ချပြလေ့ရှိတဲ့သူတစ်ယောက်ပါ။ ဒီနေ့မှာတော့ “လောကကြီး အေးချမ်းကြပါစေ” ဆိုတဲ့ စာသားနဲ့အတူ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေခဲ့တာပါ။

ဆံပင်ကိုအပြောင်သိမ်းထားကာ အနက်ရောင်ဘလောက်စ်အကျီၤနဲ့ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားတဲ့ချီချီကတော့ အမိုက်စားပိုစ့်တွေနဲ့အတူ ညှို့ချက်ပြင်းပြင်းလှနေခဲ့တာပါ။ ဒီပုံတွေကတော့ မြင်ဖူးနေကြချီချီနဲ့ပုံစံနဲ့မတူဘဲ တမူထူးခြားနေတာပါ။ ပရိသတ်တွေကတော့ ဒီ့ပုံလေးတွေကို အမျိုးမျိုးမှတ်ချက်ပေးနေခဲ့ကြတာပါ။ ချီချီရဲ့အမိုက်စားပုံရိပ်တွေကို ကြွေသွားတဲ့သူတွေရှိလားနော်…


Source : NayChiOo
Anna – CeleZone