ဝါရင့်ဇာတ်ပို့သရုပ်ဆောင်တွေအတွက် လိုအပ်တာတွေထောက်ပံ့ပေးခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ ဘဝတူအနုပညာသမားတွေအတွက် လိုအပ်တာ လေးတွေ လှူတန်းခဲ့ပါတယ်။ အခုလို ခက်ခဲနေတဲ့အချိန်မှာ လိုအပ်နေသူတွေအတွက် အပြည့်အဝထောက်ပံ့ပေးခဲ့တဲ့ ကလေးတို့မေမေရဲ့ လှူချင်စိတ်လေးကိုတော့ မလေးစားပဲ မနေနိုင်ပါဘူး။ ဝမ်းမနာသားသမီးတွေကိုလည်း ကိုယ့်သားသမီးအရင်းလို ပြုစုစောင့်ရှောက် ပေးခဲ့ပြီး နေမကောင်းဖြစ်တဲ့အခါတိုင်း လည်း ရင်ခွင်ထဲပိုက်ပြီးပြုစုပေးတတ်တဲ့ မေတ္တာကြီးမားသူတစ်ယောက်ပါ။

ဒီနေ့မှာလည်း ဘဝတူအနုပညာရှင်တွေအတွက် လှူတန်းခဲ့တဲ့ သူမရဲ့ကျေနပ်ပီတိ အခိုက်အတန့် လေးတွေကို ” အနုပညာအလုပ်တွေ ပါးနေချိန် ဒီလိုကပ်ဆိုးကြီးကို ရင်ဆိုင်နေရချိန်မှာ ကျမတို့ မင်းသား မင်းသမီးတွေ အတွက် ပံ့ပိုးသရုပ်ဆောင်ပေးကြတဲ့ ဇာတ်ပို့ အနုပညာရှင်ကြီးတွေဖြစ်တဲ့ ဦးဧရာ၊ ဦးတိမ်ညွှန့်၊ ဦးမောင်မောင်မျိုးသန့်၊ ဦးမွန်ကြီး မနွယ်နီတို့အတွက် လိုအပ်မယ့် ဆန် (၁) အိတ် ဆီ (၂) ပိဿာ နှင့် ငွေကျပ် ၁သိန်းကျပ် တို့ကိုသွားရောက် ဂါရဝပြုခဲ့ပါတယ်ရှင် ”

” ကျမတို့ အနုပညာရှင်တွေက သိပ် နှလုံးသားနုကြတယ် တခုခုဆို ပုံမှန်ထက်သိပ်ခံစားလွယ် ကြတယ် အခုလိုအချိန်မှာ အနုပညာ သမားအချင်းချင်း သူတို့ ခံစားချက် အခက်အခဲကို ကျမ ခံစားပေးနိုင်လို့ ဒီနေ့ တက်နိုင်တဲ့ဘက်က အထောက်အကူပြုနိုင်တာထက် အများကြီးပိုပြီး အထောက်အကူပြုနိုင်ဖို့ ဆုတောင်းပါတယ်ရှင် ” ဆိုပြီး ဝေမျှခဲ့တာဖြစ်ပါတယ်။ နောက်လည်း ဒီထက်မကလှူတန်းနိုင်ပြီး အနုပညာလမ်းကြောင်းပေါ်မှာလည်း အောင်မြင်မှုတွေနဲ့ အကယ်ဒမီ ဆုကြီးဆွတ်ခူးနိုင်ပါစေ ကလေးတို့မေမေရေ။

Happy – Cele Zone
Photo – Khine Hnin Wai

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဝါရင့္ဇာတ္ပို႔သ႐ုပ္ေဆာင္ေတြအတြက္ လိုအပ္တာေတြေထာက္ပံ့ေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ ဘဝတူအႏုပညာသမားေတြအတြက္ လိုအပ္တာ ေလးေတြ လႉတန္းခဲ့ပါ တယ္။ အခုလိုခက္ခဲေနတဲ့အခ်ိန္မွာ လိုအပ္ေနသူေတြအတြက္ အျပည့္အဝေထာက္ပံ့ေပးခဲ့တဲ့ ကေလးတို႔ေမေမရဲ႕ လႉခ်င္စိတ္ေလး ကိုေတာ့ မေလးစားပဲ မေနႏိုင္ပါဘူး။ ဝမ္းမနာသားသမီးေတြကိုလည္း ကိုယ့္သားသမီးအရင္းလို ျပဳစုေစာင့္ေရွာက္ ေပးခဲ့ ၿပီး ေနမေကာင္းျဖစ္တဲ့အခါတိုင္းလည္း ရင္ခြင္ထဲပိုက္ၿပီးျပဳစုေပးတတ္တဲ့ ေမတၱာႀကီးမားသူတစ္ေယာက္ပါ။

ဒီေန႔မွာလည္း ဘဝတူအႏုပညာရွင္ေတြအတြက္ လႉတန္းခဲ့တဲ့ သူမရဲ႕ေက်နပ္ပီတိ အခိုက္အတန႔္ ေလးေတြကို ” အႏုပညာ အလုပ္ေတြပါးေနခ်ိန္ ဒီလိုကပ္ဆိုးႀကီးကို ရင္ဆိုင္ေနရခ်ိန္မွာ က်မတို႔ မင္းသား မင္းသမီးေတြ အတြက္ ပံ့ပိုးသ႐ုပ္ေဆာင္ ေပးၾကတဲ့ ဇာတ္ပို႔ အႏုပညာရွင္ႀကီးေတြျဖစ္တဲ့ ဦးဧရာ၊ ဦးတိမ္ၫႊန႔္၊ ဦးေမာင္ေမာင္မ်ိဳးသန႔္၊ ဦးမြန္ႀကီး မႏြယ္နီတို႔အတြက္ လိုအပ္မယ့္ ဆန္ (၁) အိတ္ ဆီ (၂) ပိႆာ ႏွင့္ ေငြက်ပ္ ၁သိန္းက်ပ္ တို႔ကိုသြားေရာက္ ဂါရဝျပဳခဲ့ပါတယ္ရွင္ ”

” က်မတို႔ အႏုပညာရွင္ေတြက သိပ္ ႏွလုံးသားႏုၾကတယ္ တခုခုဆို ပုံမွန္ထက္သိပ္ခံစားလြယ္ ၾကတယ္ အခုလိုအခ်ိန္မွာ အႏုပညာ သမားအခ်င္းခ်င္း သူတို႔ ခံစားခ်က္ အခက္အခဲကို က်မ ခံစားေပးႏိုင္လို႔ ဒီေန႔ တက္ႏိုင္တဲ့ဘက္က အေထာက္အကူျပဳႏိုင္တာထက္ အမ်ားႀကီးပိုၿပီး အေထာက္အကူျပဳႏိုင္ဖို႔ ဆုေတာင္းပါတယ္ရွင္ ” ဆိုၿပီး ေဝမွ်ခဲ့တာျဖစ္ပါတယ္။ ေနာက္လည္း ဒီထက္မကလႉ တန္းႏိုင္ၿပီး အႏုပညာလမ္းေၾကာင္းေပၚမွာလည္း ေအာင္ျမင္မႈေတြနဲ႔ အကယ္ဒမီ ဆုႀကီးဆြတ္ခူးႏိုင္ပါေစ ကေလးတို႔ေမေမေရ။

Happy – Cele Zone
Photo – Khine Hnin Wai