အခြေခံလူတန်းစားတွေကို ကိုယ်တိုင် Mask တပ်ပေးပြီး အစားအသောက်တွေလှူတန်းနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို

Posted on

နဂိုကတည်းက စိတ်ထားဖြူစင်ပြီး ကြုံရင်ကြုံသလို ကာလဒါနလေးတွေလည်းလုပ်တတ်တဲ့ ဖြူဖြူထွေးကတော့ ဒီနေ့မှာတော့ YSG ပရဟိတအဖွဲ့နဲ့ပူးပေါင်းပြီး အလှူလေးတွေ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး စိတ်ထားဖြူသူလေးရဲ့ ပွင့်လင်းတဲ့ အပြုအမူ လေးတွေက တကယ့်ကိုအရိုးရှင်းဆုံးပါပဲ။ ဟန်ဆောင်မှုမရှိတဲ့ ပကတိအရိုးခံလေးဟာ မြင်သူတိုင်းရဲ့ အချစ်တွေကို အပိုင်သိမ်းနိုင်ခဲ့ပါ တယ်။

လမ်းမှာတွေ့သမျှ အခြေခံလူတန်းစားတွေကို ကိုယ်တိုင် Mask တပ်ပေးပြီး အလှူငွေတွေလည်း ပေးကာ စားသောက်ကုန်တွေလည်း လှူတန်းခဲ့ပြီး ပျော်ရွှင်နေတဲ့ ဖြူဖြူထွေးရဲ့ပုံစံလေးက ချစ်စရာကောင်းလွန်းပါတယ်။ အမြဲလိုလို ရွာမှာလည်းအလှူလုပ်တတ်ပြီး ဒီလိုအရေးကြုံတဲ့ ကာလမှာလည်း လက်မနှေးစတမ်းအလှူပေးနေပုံက တကယ်လေးစားစရာပါပဲ။

သူမရဲ့ ကြည်နူးစရာအလှူလေးကို ” ဒီနေ့ YSG ပရဟိတအသင်းနဲ့ ဖြူဖြူထွေးဒို့ အလှူလေး ဖြူဖြူစကားလေးအလေးထားဖို့ Mask လေး ချွတ်ပြောမိတယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ လှူဖို့တန်းဖို့ဆို ဘယ်တုန်းကမှ လက်မနှေးတတ်တဲ့ သဒ္ဓါထက်သန်သူ ဖြူဖြူ တစ်ယောက် အခုလိုလှူခွင့်ကြုံတော့လည်း ပျော်ပျော်ကြီးကိုလှူနေပုံက ကြည်နူးစရာပါ။

Happy – Cele Zone
Photo – Phyu Phyu Htwe

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေျခခံလူတန္းစားေတြကို ကိုယ္တိုင္ Mask တပ္ေပးၿပီး အစားအေသာက္ေတြလႉတန္းေနတဲ့ ျဖဴျဖဴေထြးရဲ႕ဗီဒီယို

 

နဂိုကတည္းက စိတ္ထားျဖဴစင္ၿပီး ႀကဳံရင္ႀကဳံသလို ကာလဒါနေလးေတြလည္းလုပ္တတ္တဲ့ ျဖဴျဖဴေထြးကေတာ့ ဒီေန႔မွာေတာ့ YSG ပရဟိတအဖြဲ႕နဲ႔ပူးေပါင္းၿပီး အလႉေလးေတြ လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းၿပီး စိတ္ထားျဖဴသူေလးရဲ႕ ပြင့္လင္းတဲ့အျပဳအမူေလးေတြက တကယ့္ကိုအ႐ိုးရွင္းဆုံးပါပဲ။ ဟန္ေဆာင္မႈမရွိတဲ့ ပကတိအ႐ိုးခံေလးဟာ ျမင္သူတိုင္းရဲ႕ အခ်စ္ေတြကို အပိုင္သိမ္းႏိုင္ခဲ့ပါတယ္။

လမ္းမွာေတြ႕သမွ် အေျခခံလူတန္းစားေတြကို ကိုယ္တိုင္ Mask တပ္ေပးၿပီး အလႉေငြေတြလည္း ေပးကာ စားေသာက္ ကုန္ေတြလည္းလႉတန္းခဲ့ၿပီး ေပ်ာ္႐ႊင္ေနတဲ့ ျဖဴျဖဴေထြးရဲ႕ပုံစံေလးက ခ်စ္စရာေကာင္းလြန္းပါတယ္။ အၿမဲလိုလို ႐ြာမွာလည္းအလႉလုပ္တတ္ၿပီး ဒီလိုအေရးႀကဳံတဲ့ ကာလမွာလည္း လက္မေႏွးစတမ္းအလႉေပးေနပုံက တကယ္ေလးစားစရာ ပါပဲ။

သူမရဲ႕ ၾကည္ႏူးစရာအလႉေလးကို ” ဒီေန႔ YSG ပရဟိတအသင္းနဲ႔ ျဖဴျဖဴေထြးဒို႔ အလႉေလး ျဖဴျဖဴစကားေလး အေလးထားဖို႔ Mask ေလး ခြၽတ္ေျပာမိတယ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ လႉဖို႔တန္းဖို႔ဆို ဘယ္တုန္းကမွ လက္မေႏွး တတ္တဲ့ သဒၶါထက္သန္သူ ျဖဴျဖဴတစ္ေယာက္ အခုလိုလႉခြင့္ႀကဳံေတာ့လည္း ေပ်ာ္ေပ်ာ္ႀကီးကိုလႉေနပုံက ၾကည္ႏူးစရာပါ။

Happy – Cele Zone
Photo – Phyu Phyu Htwe