မနားတမ်းတသောသောရယ်နေရမယ့် စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မိတ်ကပ်ပြင်တဲ့ ဗီဒီယို

Posted on

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ စမိုင်းလ်တို့ရဲ့ မိသားစု ဘဝလေးဟာ မြင်သူတိုင်းအားကျစရာပါ။ ဒီနေ့မှာလည်း ခင်ပွန်းကို မိတ်ကပ်ပြင်ခိုင်းတဲ့ စမိုင်းလ်ရဲ့ Challenge လေးက တကယ်ကို ရယ်ချင်စရာပါပဲ။ အမျိုးသားတွေဟာ မိတ်ကပ်ပစ္စည်းနဲ့ မရင်းနှီးကြပါဘူး။ ဒါကိုမှ မိတ်ကပ်ပြင်ခိုင်းတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ နော်။

အမြဲတမ်း မိန်းကလေးတွေမိတ်ကပ်လိမ်းရင် ကြာတယ်ဆိုပြီးဝေဖန်တတ်တဲ့ အမျိုးသားတွေကို မိတ်ကပ်လိမ်းရတာ မလွယ်ကူကြောင်း နဲ့ လှပတဲ့အသွင်အပြင်ထွက်လာဖို့အတွက် ဘယ်လိုတွေ ခက်ခဲကြောင်းကို ဒီဗီဒီယိုလေးက သက်သေပြမှာပါ။ ရယ်လဲရယ်ရသလို အမျိုးသားတွေလည်း ကိုယ့်အမျိုးသမီးရဲ့ မိတ်ကပ်လိမ်းရတဲ့အခက်အခဲတွေကို သိသွားတာပေါ့နော်။

သူမတို့နှစ်ယောက်ရဲ့ Live ဗီဒီယိုလေးကို ” အလှပြင်လို့ကြာရင်အမြဲပြောတဲ့ယေကျား မိတ်ကပ်ပြင်တာလွယ်သလားစမ်းခိုင်းကြည့် ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ လင်မယား နှစ်ယောက် ကြည်ကြည်နူးနူး စစနောက်နောက်နဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတန့် လေးဟာ ကြည့်မိသူတိုင်းကိုလည်း အပျော်တွေကူးစက် သွားစေတာတော့အမှန်ပါပဲ။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

မနားတမ္းတေသာေသာရယ္ေနရမယ့္ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ မိတ္ကပ္ျပင္တဲ့ ဗီဒီယို

တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္နားလည္မႈေတြ ခ်စ္ျခင္းေမတၱာေတြနဲ႔ ခိုင္ခိုင္မာမာ တည္ေဆာက္ထားတဲ့ စမိုင္းလ္တို႔ရဲ႕ မိသားစုဘဝေလးဟာ ျမင္သူတိုင္းအားက်စရာပါ။ ဒီေန႔မွာလည္း ခင္ပြန္းကို မိတ္ကပ္ျပင္ခိုင္းတဲ့ စမိုင္းလ္ရဲ႕ Challenge ေလးက တကယ္ကို ရယ္ခ်င္စရာပါပဲ။ အမ်ိဳးသားေတြဟာ မိတ္ကပ္ပစၥည္းနဲ႔ မရင္းႏွီးၾကပါဘူး။ ဒါကိုမွ မိတ္ကပ္ျပင္ခိုင္းတယ္ဆိုေတာ့ စဥ္းစား ၾကည့္ေပါ့ေနာ္။

အၿမဲတမ္း မိန္းကေလးေတြမိတ္ကပ္လိမ္းရင္ ၾကာတယ္ဆိုၿပီးေဝဖန္တတ္တဲ့ အမ်ိဳးသားေတြကို မိတ္ကပ္လိမ္းရတာ မလြယ္ကူေၾကာင္း နဲ႔ လွပတဲ့အသြင္အျပင္ထြက္လာဖို႔အတြက္ ဘယ္လိုေတြ ခက္ခဲေၾကာင္းကို ဒီဗီဒီယိုေလးက သက္ေသျပမွာပါ။ ရယ္လဲရယ္ရသလို အမ်ိဳးသားေတြလည္း ကိုယ့္အမ်ိဳးသမီးရဲ႕ မိတ္ကပ္လိမ္းရတဲ့အခက္အခဲေတြကို သိသြားတာေပါ့ေနာ္။

သူမတို႔ႏွစ္ေယာက္ရဲ႕ Live ဗီဒီယိုေလးကို ” အလွျပင္လို႔ၾကာရင္အၿမဲေျပာတဲ့ေယက်ား မိတ္ကပ္ျပင္တာလြယ္သလားစမ္းခိုင္းၾ ကည့္ ” ဆိုၿပီးတင္ထားတာပဲျဖစ္ပါတယ္။ လင္မယား ႏွစ္ေယာက္ ၾကည္ၾကည္ႏူးႏူး စစေနာက္ေနာက္နဲ႔ ေပ်ာ္စရာေကာင္း တဲ့ အခိုက္အတန႔္ေလးဟာ ၾကည့္မိသူတိုင္းကိုလည္း အေပ်ာ္ေတြကူးစက္ သြားေစတာေတာ့အမွန္ပါပဲ။

Happy – Cele Zone
Photo – Smile