ရပ်ကွက်ထဲကလူအယောက် (၁၀၀) စာအတွက် ဆန်နဲ့ဆီတွေလှူပေးခဲ့တဲ့ တိုင်ရွန်

Posted on

မော်ဒယ်သရုပ်ဆောင်တစ်ဦးလည်းဖြစ် ပျိုပျိုမေတို့ရဲ့အသည်းကျော်လေးလည်းဖြစ်တဲ့ တိုင်ရွန်ကတော့ ရပ်ကွက်ထဲက ချို့တဲ့သူ အယောက် (၁၀၀) စာအတွက် ဆန်သုံးပြည်နဲ့ ဆီ ငါးဆယ်သားကို တစ်ယောက်သုံးပေအကွာစီနဲ့ စနစ်တကျအလှူပေးခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာရရှိလာခဲ့ပြီး အခုချိန်မှာတော့ ပရိသတ်တွေကို ပြန်လည်အကျိုးပြုတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

လိုအပ်တဲ့အချိန်မှာ လိုအပ်သလိုအကျိုးပြုတဲ့ သရုပ်ဆောင်ကောင်းတွေကတော့ တကယ့်ကို လေးစားစရာပါပဲ။ လက်လုပ် လက်စားသမားတွေအတွက်က မဖြစ်မနေအိမ်ပြင်ထွက်မှ နေရေးစာရေးအဆင်ပြေမယ့်အနေအထားဖြစ်တာမို့ အခုလိုလှူတန်းသူတွေ ကြောင့် တိုင်းပြည်ကို ဗိုင်းရပ်(စ်)ရဲ့ ရန်က ကာကွယ်ပြီးသားဖြစ်သလို ကိုယ့်လူမျိုးအချင်းချင်းလည်း ရိုင်းပင်းကူညီနေတာဟာ တကယ့်ကိုမင်္ဂလာတစ်ပါးပါပဲ။

အလှူလုပ်နေတဲ့ပုံရိပ်တွေကို တိုင်ရွန်က ” ဒီနေ့ မနက် ရပ်ကွက်ထဲ လူတစ်ဦးကို ဆန်၃ပြည် ဆီ ၅၀ သား အယောက် ၁၀၀ စာ စနစ်တကျ ၃ပေခြား တန်းစီလှူဒါန်းပေးဖြစ်ခဲ့ပါတယ် နိုင်သလောက် အလှုုလေးပါ ” ဆိုပြီး ဝေမျှထားတာပဲဖြစ်ပါတယ်။ သာဓုပါ မင်းသားရေ နောက်လည်း ဒီထက်မက လှူနိုင်တန်းနိုင်ပါစေနော်။

Happy – Cele Zone
Photo – Tyron Bejay

(ဇော်ဂျီဖြင့်ဖတ်ရန်)

ရပ္ကြက္ထဲကလူအေယာက္ (၁၀၀) စာအတြက္ ဆန္နဲ႔ဆီေတြလႉေပးခဲ့တဲ့ တိုင္႐ြန္

ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္ ပ်ိဳပ်ိဳေမတို႔ရဲ႕အသည္းေက်ာ္ေလးလည္းျဖစ္တဲ့ တိုင္႐ြန္ကေတာ့ ရပ္ကြက္ထဲက ခ်ိဳ႕တဲ့သူ အေယာက္ (၁၀၀) စာအတြက္ ဆန္သုံးျပည္နဲ႔ ဆီ ငါးဆယ္သားကို တစ္ေယာက္သုံးေပအကြာစီနဲ႔ စနစ္တက်အလႉေပးခဲ့ပါတယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ အႏုပညာလမ္းေၾကာင္းေပၚမွာ ေနရာတစ္ေနရာရရွိလာခဲ့ၿပီး အခုခ်ိန္မွာေတာ့ ပရိသတ္ေတြကို ျပန္လည္အက်ိဳးျပဳတဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္လို႔ေနပါၿပီ။

လိုအပ္တဲ့အခ်ိန္မွာ လိုအပ္သလိုအက်ိဳးျပဳတဲ့ သ႐ုပ္ေဆာင္ေကာင္းေတြကေတာ့ တကယ့္ကို ေလးစားစရာပါပဲ။ လက္လုပ္လက္စားသမား ေတြအတြက္က မျဖစ္မေနအိမ္ျပင္ထြက္မွ ေနေရးစာေရးအဆင္ေျပမယ့္အေနအထားျဖစ္တာမို႔ အခုလိုလႉတန္းသူေတြေၾကာင့္ တိုင္းျပည္ကို ဗိုင္းရပ္(စ္)ရဲ႕ ရန္က ကာကြယ္ၿပီးသားျဖစ္သလို ကိုယ့္လူမ်ိဳးအခ်င္းခ်င္းလည္း ႐ိုင္းပင္းကူညီေနတာဟာ တကယ့္ကို မဂၤလာတစ္ပါးပါပဲ။

အလႉလုပ္ေနတဲ့ပုံရိပ္ေတြကို တိုင္႐ြန္က ” ဒီေန႔ မနက္ ရပ္ကြက္ထဲ လူတစ္ဦးကို ဆန္၃ျပည္ ဆီ ၅၀ သား အေယာက္ ၁၀၀ စာ စနစ္တက် ၃ေပျခား တန္းစီလႉဒါန္းေပးျဖစ္ခဲ့ပါတယ္ ႏိုင္သေလာက္ အလႈုေလးပါ ” ဆိုၿပီး ေဝမွ်ထားတာပဲျဖစ္ပါတယ္။ သာဓုပါ မင္းသားေရ ေနာက္လည္း ဒီထက္မက လႉႏိုင္တန္းႏိုင္ပါေစေနာ္။

Happy – Cele Zone
Photo – Tyron Bejay