ဆိုက်ကားဆရာတွေရဲ့ဘဝကိုစာနာပြီး စာသောက်ဖွယ်ရာတွေလှူတန်းခဲ့တဲ့ ဂန္တဝင်

Posted on

စီးပွားရေးတွေအားလုံး ကဏ္ဍအသီးသီးမှာ ကျပ်တည်းနေကြတာကြောင့် အခြေခံလူတန်းစား တွေအတွက် ပိုပြီးအခက်အခဲဖြစ်တာ တော့အမှန်ပါပဲ။ လက်ရှိမှာလည်း တတ်နိုင်သူတွေက လှူတန်းထောက်ပံ့မှုတွေအများကြီးလုပ်နေကြပြီး လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေး အတွက် တတ်နိုင်သမျှပံ့ပိုးပေးနေတာလည်းဖြစ်ပါတယ်။ ပရဟိတအဖွဲ့တွေက ကြိုးပမ်းစားနဲ့ လူတိုင်းနီးပါး အပြင်မထွက်ရဘဲ နေရေးစားရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနေကြပါတယ်။

ဒီလိုကြည်နူးစရာ ကိုယ်စီအလှူလေးတွေမှာ ဂန္တဝင်လည်းပါဝင်လာခဲ့ပြီး သူမရဲ့ အလှူလေးကို ” ဒီနေ့တန်ခူးလပြည့်နေ့လေးမှာ ကိုယ်တတ်နိုင်တဲ့တစ်ပိုင်တစ်နိုင် အလှူလေး လုပ်လိုက်တယ် ကိုယ်က(၅)သိန်းဖိုးလှူမယ်လို့စိတ်ကူးထားတော့ညီမျှတဲ့ package တွေ မှာလိုက်တယ် We Love Yangon ကို ဖုန်းခေါ်တာမရတာနဲ့ We Love South Okkalapa ကနေ package-A (၂၅) ထုပ်, package-C (၁၀) ထုပ်မှာလိုက်တယ် ”

” ပိတ်ရက်ကလဲ(၁၀)ရက်,ဒီကြားထဲလူတွေအပြင်မထွက် home stay ပဲ နေကြတော့ ဆိုက်ကား မောင်းရတဲ့ဆိုက်ကားသမားတွေမှာ နေပူထဲမှာတစ်နေကုန်နေနေရပြီး စီးမယ့်လူလဲမလာတော့ သူတို့တွေကိုလှူမယ်ဆိုပြီး ကိုယ့်အိမ်ယာအနီးအနားမှာရှိတဲ့ ဆိုက်ကား သမားတွေကိုလာယူဖို့ ခေါ်လိုက်တာ ပစ္စည်းတွေကုန်သွားပေမယ့် လူတွေကျန်နေသေးလို့ နောက်ထပ် (၁) သိန်း ထပ်စိုက်ပီး လှူလိုက် တယ် ကိုယ်တတ်နိုင်တဲ့တစ်ပိုင်တစ်နိုင်အလှူလေးကိုကိုယ့်ရဲ့ f.b က ပရိသတ်တွေထပ်တူသာဓုခေါ်နိုင်အောင်တင်ပေးလိုက်တာပါ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Actress Gantawinn

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဆိုက္ကားဆရာေတြရဲ႕ဘဝကိုစာနာၿပီး စာေသာက္ဖြယ္ရာေတြလႉတန္းခဲ့တဲ့ ဂႏၲဝင္

စီးပြားေရးေတြအားလုံး က႑အသီးသီးမွာ က်ပ္တည္းေနၾကတာေၾကာင့္ အေျခခံလူတန္းစား ေတြအတြက္ ပိုၿပီး အခက္အခဲျဖစ္တာေတာ့အမွန္ပါပဲ။ လက္ရွိမွာလည္း တတ္ႏိုင္သူေတြက လႉတန္းေထာက္ပံ့မႈေတြအမ်ားႀကီး လုပ္ေနၾကၿပီး လက္လုပ္လက္စားေတြရဲ႕ စားဝတ္ေနေရး အတြက္ တတ္ႏိုင္သမွ်ပံ့ပိုးေပးေနတာလည္းျဖစ္ပါတယ္။ ပရဟိတအဖြဲ႕ေတြက ႀကိဳးပမ္းစားနဲ႔ လူတိုင္းနီးပါးအျပင္မထြက္ရဘဲ ေနေရးစားေရးအဆင္ေျပေအာင္ ေဆာင္႐ြက္ေပးေနၾကပါ တယ္။

ဒီလိုၾကည္ႏူးစရာ ကိုယ္စီအလႉေလးေတြမွာ ဂႏၲဝင္လည္းပါဝင္လာခဲ့ၿပီး သူမရဲ႕ အလႉေလးကို ” ဒီေန႔တန္ခူးလျပည့္ ေန႔ေလးမွာ ကိုယ္တတ္ႏိုင္တဲ့တစ္ပိုင္တစ္ႏိုင္ အလႉေလး လုပ္လိုက္တယ္ ကိုယ္က(၅)သိန္းဖိုးလႉမယ္လို႔စိတ္ကူးထားေတာ့ညီမွ်တဲ့ package ေတြ မွာလိုက္တယ္ We Love Yangon ကို ဖုန္းေခၚတာမရတာနဲ႔ We Love South Okkalapa ကေန package-A (၂၅)ထုပ္, package-C (၁၀) ထုပ္မွာလိုက္တယ္ ”

” ပိတ္ရက္ကလဲ(၁၀)ရက္,ဒီၾကားထဲလူေတြအျပင္မထြက္ home stay ပဲ ေနၾကေတာ့ ဆိုက္ကား ေမာင္းရတဲ့ဆိုက္ကားသမားေတြမွာ ေနပူထဲမွာတစ္ေနကုန္ေနေနရၿပီး စီးမယ့္လူလဲမလာေတာ့ သူတို႔ေတြကိုလႉမယ္ဆိုၿပီး ကိုယ့္အိမ္ယာအနီးအနားမွာရွိတဲ့ ဆိုက္ကား သမားေတြကိုလာယူဖို႔ ေခၚလိုက္တာ ပစၥည္းေတြကုန္သြားေပမယ့္ လူေတြက်န္ေနေသးလို႔ ေနာက္ထပ္ (၁) သိန္း ထပ္စိုက္ပီးလႉလိုက္တယ္ ကိုယ္တတ္ႏိုင္တဲ့တစ္ပိုင္တစ္ႏိုင္အလႉေလးကိုကိုယ့္ရဲ႕ f.b က ပရိသတ္ေတြထပ္တူသာဓုေခၚႏိုင္ေအာင္တင္ ေပးလိုက္တာပါ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Actress Gantawinn