ဒဂုံဆိပ်ကမ်းက အိမ်ထောင်စု (၃၁၈) စုအတွက် စားနပ်ရိက္ခာတွေ သွားလှူပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

Posted on

အနုပညာရှင်တွေဟာလည်း တိုင်းပြည်ရဲ့ထွန်းလင်းနေတဲ့ကြယ်ပွင့်လေးတွေဖြစ်ပြီး ကောင်းမွန် တဲ့ အနာဂတ်ကို အလင်းပြနိုင်ဖို့ တစ်စိတ်တစ်ပိုင်းပါဝင်နေကြပါတယ်။ လက်ရှိ တိုင်းပြည်မှာ ဖြစ်နေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် လက်လုပ်လက်စားသမားတွေ အတွက် အခက်အခဲဖြစ်နေ ခဲ့ပြီး ဒီလိုအခက်အခဲတွေကိုတော့ တတ်နိုင်သူတွေက တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေကြတာ အားလုံးအသိပါပဲ။

ဒီရက်ပိုင်းမှာ တောက်လျောက်ဆိုသလို အလှူလေးတွေလည်းလုပ်နေပြီး ဖြည့်ဖို့လိုနေတဲ့ ကွက်လပ်လေးတွေလည်း တဖြည်းဖြည်းချင်း ပြည့်လာခဲ့ပါပြီ။ မကြာခင်မှာ နိုင်ငံတော်က လှူတန်းပေးမယ့် စားနပ်ရိက္ခာတွေလည်း ရရှိလာတော့မှာဖြစ်လို့ လူတော်တော်များများ အပြင် မထွက်ဘဲ ရက်အတန်ကြာလောက်နေနိုင်ဖို့အတွက် လုံလောက်ပါတယ်။

ဒီနေ့မှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်က အိမ်ထောင်စု (၃၁၈) စု စာအတွက် စားနပ်ရိက္ခာတွေ လှူတန်းပေးတဲ့ အလှူရှင်တွေအစား ခေတ်သစ်ဖောင်ဒေးရှင်းက လှူတန်းပေးနေတဲ့ ပုံရိပ်တွေကို ” Today ဒဂုံဆိပ်ကမ်း သို့ အိမ်ထောင်စု (၃၁၈) စုအတွက် အလှူရှင်များ အားလုံး ကျန်းမာပါစေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Htwe Lynn Ko

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဒဂုံဆိပ္ကမ္းက အိမ္ေထာင္စု (၃၁၈) စုအတြက္ စားနပ္ရိကၡာေတြ သြားလႉေပးခဲ့တဲ့ ေခတ္သစ္ေဖာင္ေဒးရွင္း

အႏုပညာရွင္ေတြဟာလည္း တိုင္းျပည္ရဲ႕ထြန္းလင္းေနတဲ့ၾကယ္ပြင့္ေလးေတြျဖစ္ၿပီး ေကာင္းမြန္ တဲ့ အနာဂတ္ကို အလင္းျပႏိုင္ဖို႔ တစ္စိတ္တစ္ပိုင္းပါဝင္ေနၾကပါတယ္။ လက္ရွိ တိုင္းျပည္မွာ ျဖစ္ေနတဲ့ ကပ္ေရာဂါဆိုးႀကီးေၾကာင့္ လက္လုပ္လက္စားသမားေတြအတြက္ အခက္အခဲျဖစ္ေန ခဲ့ၿပီး ဒီလိုအခက္အခဲေတြကိုေတာ့ တတ္ႏိုင္သူေတြက တတ္ႏိုင္သေလာက္ ျဖည့္ဆည္းေပးေန ၾကတာ အားလုံးအသိပါပဲ။

ဒီရက္ပိုင္းမွာ ေတာက္ေလ်ာက္ဆိုသလို အလႉေလးေတြလည္းလုပ္ေနၿပီး ျဖည့္ဖို႔လိုေနတဲ့ ကြက္လပ္ေလးေတြလည္း တျဖည္းျဖည္းခ်င္း ျပည့္လာခဲ့ပါၿပီ။ မၾကာခင္မွာ ႏိုင္ငံေတာ္က လႉတန္းေပးမယ့္ စားနပ္ရိကၡာေတြလည္း ရရွိလာ ေတာ့မွာျဖစ္လို႔ လူေတာ္ေတာ္မ်ားမ်ား အျပင္ မထြက္ဘဲ ရက္အတန္ၾကာေလာက္ေနႏိုင္ဖို႔အတြက္ လုံေလာက္ပါတယ္။

ဒီေန႔မွာေတာ့ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္က အိမ္ေထာင္စု (၃၁၈) စု စာအတြက္ စားနပ္ရိကၡာေတြ လႉတန္းေပးတဲ့ အလႉရွင္ေတြ အစား ေခတ္သစ္ေဖာင္ေဒးရွင္းက လႉတန္းေပးေနတဲ့ ပုံရိပ္ေတြကို ” Today ဒဂုံဆိပ္ကမ္း သို႔ အိမ္ေထာင္စု ၃၁၈ စုအတြက္ အလႉရွင္မ်ားအားလုံး က်န္းမာပါေစ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Happy – Cele Zone
Photo – Htwe Lynn Ko