ဒီနေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ချောရတနာနဲ့ သန္တာဗိုလ်တို့ရဲ့ မိခင်ကြီး ဒေါ်ဝါနု

Posted on

သမီးနှစ်ယောက်လုံးကို အလှပဆုံးနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် ပျိုးထောင်နိုင်ခဲ့တဲ့ ဥယျာဉ်မှုး တစ်ယောက်ကတော့ ကြွေလွင့်သွားခဲ့ရ ပါပြီ။ အောင်မြင်တဲ့ မော်ဒယ် သရုပ်ဆောင်တွေဖြစ်ကြ တဲ့ချောရတနာနဲ့ သန္တာဗိုလ်တို့ရဲ့ မိခင်ကြီးဒေါ်ဝါနုဟာဆိုရင် ဒီနေ့မှာပဲ ကွယ်လွန် သွားခဲ့ပြီဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ လတုန်းကတောင် မြေးမလေး Co Co ရဲ့ မွေးနေ့အလှူကို တက်ခဲ့ပါသေးတယ်။

ဒီလို စိတ်မကောင်းစရာသတင်းလေးကို နှင်းဆီအဖွဲ့သားတွေရဲ့ တရားဝင် ဖေ့ဘုတ်ပေ့(ချ်)က ” သရုပ်ဆောင် ချောရတနာ နှင့် သန္တာဗိုလ်တို့၏ မိခင်ကြီး ကွယ်လွန်ကြောင်း ကြားသိရပါ၍ မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။ ” ဆိုပြီး ဝမ်းနည်း ကြောင်း စာလေးတင်ထားတာပဲဖြစ်ပါတယ်။

ညီမနှစ်ယောက်လုံးရဲ့ လူမှုကွန်ယက်မှာ မိခင်ကြီးနဲ့ပက်သက်လို့ ဘာမှတ်ချက်မှ မရေးထား သေးပါဘူး။ လက်ရှိအချိန်မှာတော့ မိခင်နဲ့ ပက်သက်ပြီး ပူဆွေးသောကရောက်နေမှာပါ။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက မြေးလေးရဲ့မွေးနေ့ပွဲမှာ သမီးတွေနဲ့အတူတူ ပျော်ခဲ့ တဲ့ မိခင်ကြီးက ဒီနေ့မရှိတော့ဘူးဆိုတဲ့ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ အန်တီဒေါ်ဝါနု ကောင်းရာမွန်ရာရောက်ပါစေနော်။

Happy – Cele Zone
Photo – Chaw Yadanar

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဒီေန႔မွာပဲ ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ေခ်ာရတနာနဲ႔ သႏၲာဗိုလ္တို႔ရဲ႕ မိခင္ႀကီး ေဒၚဝါႏု

သမီးႏွစ္ေယာက္လုံးကို အလွပဆုံးနဲ႔ အေကာင္းမြန္ဆုံးျဖစ္ေအာင္ ပ်ိဳးေထာင္ႏိုင္ခဲ့တဲ့ ဥယ်ာဥ္မႈး တစ္ေယာက္ကေတာ့ ေႂကြ လြင့္သြားခဲ့ရပါၿပီ။ ေအာင္ျမင္တဲ့ ေမာ္ဒယ္ သ႐ုပ္ေဆာင္ေတြျဖစ္ၾက တဲ့ေခ်ာရတနာနဲ႔ သႏၲာဗိုလ္တို႔ရဲ႕ မိခင္ႀကီးေဒၚဝါႏု ဟာဆိုရင္ ဒီေန႔မွာပဲ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ လတုန္းကေတာင္ ေျမးမေလး Co Co ရဲ႕ ေမြးေန႔အလႉကို တက္ခဲ့ပါေသးတယ္။

ဒီလို စိတ္မေကာင္းစရာသတင္းေလးကို ႏွင္းဆီအဖြဲ႕သားေတြရဲ႕ တရားဝင္ ေဖ့ဘုတ္ေပ့(ခ်္)က ” သ႐ုပ္ေဆာင္ ေခ်ာရတနာ ႏွင့္ သႏၲာဗိုလ္တို႔၏ မိခင္ႀကီး ကြယ္လြန္ေၾကာင္း ၾကားသိရပါ၍ မိသားစုႏွင့္ထပ္တူ အထူးဝမ္းနည္းေၾက ကြဲရပါသည္။ ” ဆိုၿပီး ဝမ္းနည္းေၾကာင္း စာေလး တင္ထားတာပဲျဖစ္ပါတယ္။

ညီမႏွစ္ေယာက္လံုးရဲ႕ လူမႈကြန္ယက္မွာ မိခင္ၾကီးနဲ႔ပက္သက္လို႔ ဘာမွတ္ခ်က္မွ မေရးထား ေသးပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ မိခင္နဲ႔ပက္သက္ ျပီး ပူေဆြးေသာကေရာက္ေနမွာပါ။ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက ေျမးေလးရဲ႕ေမြးေန႔ပြဲမွာ သမီးေတြနဲ႕အတူတူ ေပ်ာ္ခဲ့တဲ့ မိခင္ၾကီးက ဒီေန႔မရွိေတာ့ဘူးဆိုတဲ့ခံစားခ်က္က ေျပာမျပတတ္ေအာင္ပါပဲ။ အန္တီေဒၚဝါနု ေကာင္းရာမြန္ရာ ေရာက္ပါေစေနာ္။

Happy – Cele Zone
Photo – Chaw Yadanar