အိပ်ခန်းထဲကနေကြည့်ရမယ့် စိုင်းစိုင်းရဲ့ Birthday Show ကို ဘယ်လို ထုတ်လွှင့်မှာလဲ

Posted on

စိုင်းစိုင်းကတော့ ပရိသတ်အချစ်တော် မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ပါ။ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ စိုင်းစိုင်းရဲ့Birthday Show ဟာဆိုရင်လည်း ပရိသတ်တွေဝက်ဝက်ကွဲအားပေးတာကြောင့် မြန်မာနိုင်ငံမှာ ပရိသတ်အများဆုံးအားပေးတဲ့ Show ပွဲတစ်ခုလို့တောင် တင်စားကြတာပါ။ အခုနှစ်မှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် ပရိသတ်တွေက စိုင်းစိုင်းရဲ့ Birthday Show ကို မလာရတော့ဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။


စိုင်းစိုင်းကတော့ ပရိသတ်တွေအတွက် အိပ်ခန်းထဲမှာကျင်းပမယ့် Birthday Show ကိုလည်း ထူးခြားစွာလုပ်ပေးဦးမယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒီလိုထူးခြားတဲ့ Birthday Show အစီအစဉ်ကို မိမိအိမ်မှာနေပြီး ဘယ်လိုကြည့်ရှု့ရမလဲဆိုတာကိုတော့ စိုင်းစိုင်းကသူ့ရဲ့ဖေ့ဘွတ်ခ်ကနေပြီး”ဒီနှစ်ရဲ့ SAISAI BIRTHDAY SHOW ကို SAISAI မွေးနေ့ APRIL လ 10 ရက်နေ့ ည 7:00pm
SAISAI PAY app ကနေ အခမဲ့ ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။ SAISAI PAY app ကို Google Play Store မှာရော Apple Store မှာပါ အလွယ်တကူ Download လုပ်လို့ရပါတယ်။အရင်နှစ်တွေကလိုပဲ ဝတ်စုံတွေလဲပြီးဆိုရမလား အိမ်နေရင်းအင်္ကျီတစ်စုံတည်းပဲဝတ်ရမလား စဉ်းစားရကြပ်တယ် အကြံပေးကြပါဦး။သီချင်းတော့ တိုက်ပြီးပြီ။” လို့ ရေးသားထားတာပါ။


ဒါ့အပြင် ပရိသတ်တွေကိုလည်း “SHOW ကြည့်မယ့်သူတွေလည်း ကြည့်မယ့်အကြောင်း ဘယ်လိုကြည့်ရမယ်ဆိုတဲ့အကြောင်း ပရိသတ် အချင်းချင်း မျှဝေပေးကြပါဦး”ဆိုပြီးတော့ ပြောထားပါသေးတယ်။ ဒီတစ်နှစ်မှာတော့အိမ်အပြင်ကိုမထွက်ရဘူးဆိုပေမဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းရဲ့Birthday Show ကို ကြည့်ခွင့်ရဦးမှာပါ။ စိုင်းစိုင်းရဲ့အိပ်ခန်းထဲကBirthday Show ကို ကြည့်ဖို့စောင့်မျှော်နေတဲ့သူတွေရှိကြလားနော်…
Source:SaiSaiKhamLeng
Anna – CeleZone