အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ရဲ့ထောက်ပံ့မှုအစီအစဉ်မှာ သိန်းရာချီလှူတန်းခဲ့တဲ့ နေတိုး

Posted on

အကူအညီလိုအပ်တဲ့အချိန်တိုင်းမှာ ကမ်းတဲ့လက်ဟာ တန်ဖိုးအရှိဆုံးပါပဲ။ တတ်နိုင်သူတွေက တတ်နိုင်သလောက် လှူတန်းနေကြတဲ့ အချိန်မှာ နိုင်ငံတော်ကလည်း ချို့တဲ့ပြည်သူတွေအတွက် လိုအပ်တာတွေလှူတန်းမယ့်အစီအစဉ်လေးဟာ မင်္ဂလာရှိစွာနဲ့ အားလုံးကို ကြည်နူးစေပါတယ်။ မီတာခတွေလည်းလျော့ချပေးပြီး တတ်နိုင်သူတွေက လျော့ချပေးတဲ့ မီတာခတွေကို နိုင်ငံတော်ကို ပြန်လှူတန်းခဲ့ ပါတယ်။ တကယ့်ကိုကြည်နူးစရာကောင်းလွန်းပါတယ်။

ချို့တဲ့သူတွေကိုလှူတန်းမယ့်အစီအစဉ်မှာ တတ်နိုင်သူတွေအနေနဲ့ ပါဝင်လှူတန်းဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက နှိုးဆော်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အလှူရှင်တွေအသီးသီး လှူတန်းခဲ့ကြကာ ထပ်ဆင့်အကယ်ဒမီနေတိုးကတော့ နိုင်ငံတော်ရဲ့ လှူတန်းမှုအစီအစဉ် အတွက် ငွေကျပ် သိန်း (၁၀၀) လှူတန်းခဲ့ပါတယ်။ သာဓုပါမင်းသားရေ အကယ်ဒမီတွေ အများကြီးဆွတ်ခူးနိုင်ပါစေ။

ကြည်နူးစရာအလှူလေးကို ” ပရိသတ်များအားလုံးမဂ်လာပါခင်ဗျာ COVID-19 ကာကွယ် ထိန်းချုပ်ရေးနဲ့ ဆက်စပ်၍ အရေးကြီးကာလ အတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အိမ်ထောင်စု (၁) စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု (၅) မျိုးစီကို (၂၀၂၀) ပြည့်နှစ် ဧပြီလ (၁၀) ရက်နေ့မှ စတင်၍ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည်ဆိုတာသိရလို့ အရမ်းဝမ်းသာ ပီတိဖြစ်မိပါတယ် အခုလို ပြည်သူများအားထောက်ပံ့ကူညီမှုများ ပြုလုပ် နိုင်ရန်အတွက် အထက်ပါအစီအစဉ်တွင်အလှူငွေ သိန်း (၁၀၀) ကိုထပ်မံလှူဒါန်းဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး ရောဂါဘယ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း.. နေတိုး ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Nay Toe

(ဇော်ဂျီဖြင့်ဖတ်ရန်)

အေျခခံလူတန္းစားေတြအတြက္ ႏိုင္ငံေတာ္ရဲ႕ေထာက္ပံ့မႈအစီအစဥ္မွာ သိန္းရာခ်ီလႉတန္းခဲ့တဲ့ ေနတိုး

အကူအညီလိုအပ္တဲ့အခ်ိန္တိုင္းမွာ ကမ္းတဲ့လက္ဟာ တန္ဖိုးအရွိဆုံးပါပဲ။ တတ္ႏိုင္သူေတြက တတ္ႏိုင္သေလာက္ လႉတန္းေနၾကတဲ့ အခ်ိန္မွာ ႏိုင္ငံေတာ္ကလည္း ခ်ိဳ႕တဲ့ျပည္သူေတြအတြက္ လိုအပ္တာေတြလႉတန္းမယ့္အစီအစဥ္ေလးဟာ မဂၤလာရွိစြာနဲ႔ အားလုံး ကိုၾကည္ႏူးေစပါတယ္။ မီတာခေတြလည္းေလ်ာ့ခ်ေပးၿပီး တတ္ႏိုင္သူေတြက ေလ်ာ့ခ်ေပးတဲ့ မီတာခေတြကို ႏိုင္ငံ ေတာ္ကို ျပန္လႉတန္းခဲ့ပါတယ္။ တကယ့္ကိုၾကည္ႏူးစရာေကာင္းလြန္းပါတယ္။

ခ်ိဳ႕တဲ့သူေတြကိုလႉတန္းမယ့္အစီအစဥ္မွာ တတ္ႏိုင္သူေတြအေနနဲ႔ ပါဝင္လႉတန္းဖို႔ကိုလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံက ႏႈိး ေဆာ္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ အလႉရွင္ေတြအသီးသီး လႉတန္းခဲ့ၾကကာ ထပ္ဆင့္အကယ္ဒမီေနတိုးကေတာ့ ႏိုင္ငံေတာ္ရဲ႕ လႉတန္းမႈအစီအစဥ္ အတြက္ ေငြက်ပ္ သိန္း (၁၀၀) လႉတန္းခဲ့ပါတယ္။ သာဓုပါမင္းသားေရ အကယ္ဒမီေတြ အမ်ားႀကီး ဆြတ္ခူးႏိုင္ပါေစ။

ၾကည္ႏူးစရာအလႉေလးကို ” ပရိသတ္မ်ားအားလုံးမဂ္လာပါခင္ဗ်ာ COVID-19 ကာကြယ္ ထိန္းခ်ဳပ္​ေရးနဲ႔ ဆက္စပ္၍ အ​​ေရးႀကီး ကာလအတြင္းပုံမွန္ဝင္​ေငြမရွိ​ေသာ အ​ေျခခံလူတန္းစား မ်ားအတြက္ အိမ္​ေထာင္စု (၁) စုလွ်င္ ဆန္ (၈) ျပည္၊ ဆီ (၅၀) က်ပ္သား၊ ဆား (၅၀) က်ပ္သား ပဲ (၁) ပိႆာ၊ ၾကက္သြန္ (၁) ပိႆာ စုစု​ေပါင္း​ေထာက္ပံ့ကူညီမႈ (၅) မ်ိဳးစီကို (၂၀၂၀) ျပည့္​ႏွစ္ ဧၿပီလ (၁၀) ရက္​ေန႔မွစတင္၍အခမဲ့ ျဖန္႔ျဖဴး​ေထာက္ပံ့​ေပးမည္ဆိုတာသိရလို႔ အရမ္းဝမ္းသာ ပီတိျဖစ္မိပါတယ္ အခုလို ျပည္သူမ်ား အားေထာက္ပံ့ကူညီမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ အထက္ပါအစီအစဥ္တြင္အလႉ​ေငြ သိန္း (၁၀၀) ကိုထပ္မံလႉဒါန္းျဖစ္ပါတယ္ခင္ဗ်ာ အားလုံး ပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး ​ေရာဂါဘယ ကင္း​ေဝးၾကပါ​ေစ​ေၾကာင္း ဆု​ေတာင္း​​​ေမတၱာ ပို႔သရင္း.. ​ေနတိုး ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Nay Toe