Covid -19 နဲ့ပက်သက်ပြီး လူတိုင်းသတိထားသင့်တဲ့ အကြောင်းအရာတွေကို ပြောပြခဲ့တဲ့ ဇာဏ်ခီရဲ့ ဗီဒီယို

Posted on

အမြဲတမ်းလေးစားစရာစကားတွေပြောတတ်ပြီး အိမ်ထောင်ရှင်ကောင်းတစ်ယောက်ပီသတဲ့ ဇာဏ်ခီကတော့ ပရိသတ်တွေရဲ့ အားပေးမှု ကို အခိုင်အမာရရှိထားတဲ့မင်းသားတစ်ယောက်ပါ။ အခုလက်ရှိ နိုင်ငံတကာမှာဖြစ်ပွားနေတဲ့ Covid – 19 ရောဂါနဲ့ပက်သက်ပြီး လိုက်နာ ရမယ့် အချက်တွေကို ဗီဒီယိုလေးနဲ့ သေချာရှင်းရှင်းလင်းလင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်။ ဒီကပ်ရောဂါဆိုးကြီးပြီးသွားရင် အရင်က မကျေနပ်တဲ့သူတွေကိုတောင် ပြေးဖက်မိမလားဆိုတာ မသေချာဘူးလို့ပြောခဲ့ပါသေးတယ်။

အားလုံးကြောက်နေကြတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ ရှေ့တန်းထွက်ပြီး ကုသပေးတဲ့ ဆရာဝန်တွေ နပ်(စ်)တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါသေးတယ်။ အစိုးရရဲ့ ကောင်းမွန်တိကျတဲ့ လုပ်ဆောင်ချက်တွေကို ကျေးဇူးတင်ပြီး ပြည်သူတွေအနေနဲ့လည်း အစိုးရက ချမှတ်ထားတဲ့ လမ်းစဉ်တွေကို လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ဒီရောဂါဆိုးကြီးကြောင့် လူ့တန်ဖိုးကို ပိုသိလာခဲ့ရပြီး အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေဖို့နဲ့ မဖြစ်မနေ အပြင်ထွက်ရတော့မယ်ဆိုရင်တော့ လိုအပ်တဲ့အကာအကွယ်တွေလုပ်ဖို့ကိုလည်း ပြောခဲ့ပါသေးတယ်။ တတ်နိုင်သလောက်တော့ အပြင်မထွက်ပဲနဲ့ ရက်ရှည်ရိပ်သာဝင်သလို စိတ်ထားပြီးနေကြဖို့နဲ့ သူကိုယ်တိုင်လည်း အားလုံးအတွက် မေတ္တာပို့ပေးနေကြောင်း ပြောခဲ့ပါတယ်။

Happy – Cele Zone
Photo – Zenn Kyi

(ဇော်ဂျီဖြင့်ဖတ်ရန်)

Covid -19 နဲ႔ပက္သက္ျပီး လူတိုင္းသတိထားသင့္တဲ့ အေၾကာင္းအရာေတြကို ေျပာျပခဲ့တဲ့ ဇာဏ္ခီရဲ႕ ဗီဒီယို

အျမဲတမ္းေလးစားစရာစကားေတြေျပာတတ္ျပီး အိမ္ေထာင္ရွင္ေကာင္းတစ္ေယာက္ပီသတဲ့ ဇာဏ္ခီကေတာ့ ပရိသတ္ေတြ ရဲ႕အားေပးမႈကို အခုိင္အမာရရွိထားတဲ့မင္းသားတစ္ေယာက္ပါ။ အခုလက္ရွိ ႏိုင္ငံတကာမွာျဖစ္ပြားေနတဲ့ Covid – 19 ေရာဂါနဲ႔ ပက္သက္ျပီး လိုက္နာရမယ့္ အခ်က္ေတြကို ဗီဒီယိုေလးနဲ႔ ေသခ်ာရွင္းရွင္းလင္းလင္း ေျပာျပခဲ့တာပဲျဖစ္ပါတယ္။ ဒီကပ္ေရာဂါဆိုးၾကီးျပီးသြားရင္ အရင္ကမေက်နပ္တဲ့သူေတြကိုေတာင္ ေျပးဖက္မိမလားဆိုတာ မေသခ်ာဘူးလို႔ေျပာခဲ့ပါေသး တယ္။

အားလံုးေၾကာက္ေနၾကတဲ့အခ်ိန္မွာ ရဲရဲဝ့ံဝ့ံနဲ႔ ေရွ႕တန္းထြက္ျပီး ကုသေပးတဲ့ ဆရာဝန္ေတြ နပ္(စ္)ေတြကိုလည္း ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါေသးတယ္။ အစိုးရရဲ႕ ေကာင္းမြန္တိက်တဲ့ လုပ္ေဆာင္ခ်က္ေတြကို ေက်းဇူးတင္ျပီး ျပည္သူေတြအေနနဲ႔လည္း အစိုးရက ခ်မွတ္ထားတဲ့ လမ္းစဥ္ေတြကို လိုက္နာၾကဖို႔ တိုက္တြန္းခဲ့ပါေသးတယ္။

ဒီေရာဂါဆိုးၾကီးေၾကာင့္ လူ႔တန္ဖိုးကို ပိုသိလာခဲ့ရျပီး အတတ္ႏိုင္ဆံုး အိမ္ထဲမွာပဲေနဖို႔နဲ႔ မျဖစ္မေန အျပင္ထြက္ရေတာ့မယ္ ဆိုရင္ေတာ့ လိုအပ္တဲ့အကာအကြယ္ေတြလုပ္ဖို႔ကိုလည္း ေျပာခဲ့ပါေသးတယ္။ တတ္ႏိုင္သေလာက္ေတာ့ အျပင္မထြက္ပဲနဲ႔ ရက္ရွည္ရိပ္သာဝင္သလို စိတ္ထားျပီးေနၾကဖို႔နဲ႔ သူကိုယ္တိုင္လည္း အားလံုးအတြက္ ေမတၱာပို႔ေပးေနေၾကာင္း ေျပာခဲ့ပါတယ္။

Happy – Cele Zone
Photo – Zenn Kyi