ကြည့်မိသူတိုင်းမျက်ရည်ကျသွားလောက်စေမယ့် ဝတ်မှုန်ရွှေရည်ရဲ့ လမ်းမထက်က အလှူ ဗီဒီယို

Posted on

လက်ရှိအချိန်မှာ ကပ်ရောဂါကြောင့် အားလုံးစိုးရိမ်ထိတ်လန့်နေကြပေမယ့် လှူတန်းသူတွေ လည်း အဆက်မပြတ်ရှိနေပြီး နိုင်ငံတော် ကလည်း ထောက်ပံ့မှုတွေပြုလုပ်တော့မယ်ဆိုတော့ အခြေခံလူတန်းစားတွေအတွက် တကယ့်ကိုသတင်းကောင်းပါပဲ။ ကစ်တစ်ယောက် လည်း အိမ်ထဲမှာနေတာ ဆယ်ရက်ကျော်ကြာလာခဲ့ပြီဖြစ်လို့ အပြင်ထွက်ပြီး လိုအပ်နေသူတွေကို သွားရောက်လှူတန်းခဲ့ပါသေးတယ်။

လှူတန်းနေရင်းနဲ့လည်း ကာလဒါနလေးတွေ လုပ်ဖြစ်တဲ့အကြောင်းကို ” aww မေ့တော့မလို့ လမ်းမှာတွေ့တဲ့ မုန့်သည်တွေဆီကလည်း မုန့်တွေအားပေးခဲ့သေးတယ်။ အခုချိန် အပြင်မထွက် ကြတော့ အရောင်းအဝယ်ပါးကြတဲ့တယ်လေ။ နောက်လည်း အလျဉ်းသင့်သလို လှူသွားပါအုံး မယ်ရှင့် ” ဆိုပြီး ပြောခဲ့ပါသေးတယ်။ စိတ်ထားကောင်းတဲ့ကစ်လေး အကယ်ဒမီထပ်ရပါစေနော်။

သူမရဲ့ အလှူဗီဒီယိုလေးကို ” ကစ် လည်း Stay Home နေတာ 10 ရက်ကျော်လာပြီဆိုတော့ ဟိုတနေ့ကစာအုပ်ဖတ်နေရင်း ကစ်တို့က အိမ်ထဲမှာနေလို့ရပေမယ့် အပြင်မှာ ဝမ်းရေးအတွက် သွားနေရတဲ့ သက်ကြီးရွယ်အိုတွေ နေ့စားလုပ်သားတွေ မယ်သီလရှင်တွေ တိုင်းပြည်သန့်ရှင်းရေးအတွက် မရှိမဖြစ် စည်ပင် ဝန်ထမ်းတွေကို အကူအညီလေးပေးချင်စိတ်လေးဖြစ်လာလို့ ဒီအလှူလေးကို ပြုဖြစ်ပါတယ်ရှင့်။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Wutt Hmone Shwe Yi

(ဇော်ဂျီဖြင့်ဖတ်ရန်)

ၾကည့္မိသူတိုင္းမ်က္ရည္က်သြားေလာက္ေစမယ့္ ဝတ္မႈန္ေ႐ႊရည္ရဲ႕ လမ္းမထက္က အလႉ ဗီဒီယို

လက္ရွိအခ်ိန္မွာ ကပ္ေရာဂါေၾကာင့္ အားလံုးစိုးရိမ္ထိတ္လန္႔ေနၾကေပမယ့္ လွဴတန္းသူေတြ လည္း အဆက္မျပတ္ရွိေနျပီး ႏိုင္ငံေတာ္ကလည္း ေထာက္ပံ့မႈေတြျပဳလုပ္ေတာ့မယ္ဆိုေတာ့ အေျခခံလူတန္းစားေတြအတြက္ တကယ့္ကိုသတင္း ေကာင္းပါပဲ။ ကစ္တစ္ေယာက္လည္း အိမ္ထဲမွာေနတာ ဆယ္ရက္ေက်ာ္ၾကာလာခဲ့ျပီျဖစ္လို႔ အျပင္ထြက္ျပီး လိုအပ္ေနသူေတြကို သြားေရာက္လွဴတန္းခဲ့ပါေသးတယ္။

လွဴတန္းေနရင္းနဲ႔လည္း ကာလဒါနေလးေတြ လုပ္ျဖစ္တဲ့အေၾကာင္းကို ” aww ေမ့ေတာ့မလို႔ လမ္းမွာေတြ႕တဲ့ မုန႔္သည္ေတြဆီကလည္း မုန႔္ေတြအားေပးခဲ့ေသးတယ္။ အခုခ်ိန္ အျပင္မထြက္ ၾကေတာ့ အေရာင္းအ၀ယ္ပါးၾကတဲ့ တယ္ေလ။ ေနာက္လည္း အလ်ဥ္းသင့္သလိုလႉသြားပါအုံး မယ္ရွင့္ ” ဆိုျပီး ေျပာခဲ့ပါေသးတယ္။ စိတ္ထားေကာင္းတဲ့ ကစ္ေလး အကယ္ဒမီထပ္ရပါေစေနာ္။

သူမရဲ႕ အလွဴဗီဒီယိုေလးကို ” ကစ္ လည္း Stay Home ေနတာ 10 ရက္ေက်ာ္လာၿပီဆိုေတာ့ ဟိုတေန႔ကစာအုပ္ဖတ္ေနရင္း ကစ္တို႔က အိမ္ထဲမွာေနလို႔ရေပမယ့္ အျပင္မွာ ဝမ္းေရးအတြက္ သြားေနရတဲ့ သက္ႀကီး႐ြယ္အိုေတြ ေန႔စားလုပ္သားေတြ မယ္သီလရွင္ေတြ တိုင္းျပည္သန႔္ရွင္းေ ရး‌အတြက္ မရွိမျဖစ္ စည္ပင္ ဝန္ထမ္းေတြကို အကူအညီေလးေပးခ်င္စိတ္ေလးျဖစ္လာလို႔ ဒီအလႉေလးကို ျပဳျဖစ္ပါတယ္ရွင့္။ ” ဆိုျပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – Wutt Hmone Shwe Yi