မြောက်ဒဂုံမြို့နယ်က အခြေခံလူတန်းစားတွေအတွက် ဆန်အိတ်တွေလှူတန်းခဲ့တဲ့ မြင့်မြတ်တို့မိသားစု

Posted on

စားဝတ်နေရေးအခက်အခဲအတွက် မဖြစ်မနေအလုပ်လုပ်နေရတဲ့ အခြေခံလုပ်သားတွေအတွက် တတ်နိုင်သူတွေက အသီးသီး အလှူငွေတွေထည့်ဝင်ကြသလို ကိုယ်တိုင်လည်း လိုအပ်နေသူ တွေအတွက် သွားရောက်လှူတန်းပေးတာကိုလည်း ဝမ်းသာစွာနဲ့မြင်တွေ့ ရမှာပါ။ အနုပညာရှင် တွေဟာလည်း ပရိသတ်တွေရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးဖို့အတွက် ဒီအချိန်မှာ အလှူအတန်း တွေလုပ်နေခဲ့ပါတယ်။

ဒီနေ့မှာလည်း မြင့်မြတ်တစ်ယောက် မြောက်ဒဂုံမြို့နယ် (၃၁) ရပ်ကွက်မှာ ဆန်အိတ်တွေ လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ လိုအပ်နေသူ တွေအတွက် အခုလိုဖြည့်ဆည်းပေးတာကို မြင်ရတော့ ဝမ်းသာမိပါတယ် မင်းသားရေ။ အားလုံး အိမ်ထဲမှာပဲနေဖို့လိုအပ်နေတဲ့အချိန်မို့ ပရဟိတအဖွဲ့တွေကလည်း အိမ်တိုင်ရာရောက်လှူတန်းမှုတွေလုပ်နေခဲ့ကြပါတယ်။

ကြည်နူးစရာအလှူလေးကို ” Now သရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ် + မခင်သူအောင် သားမောင်မြတ်သူမိသားစုမြောက်ဒဂုံမြိနယ် (၃၁) ရက်ကွက် ဆန်အိတ်များ လှူဒါန်းခဲ့ပါတယ်။ နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး မြင့်မြတ်ရဲ့ လူမှုကွန်ယက်ကနေတဆင့် ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ နောက်လည်း ဒီထက်မကတဲ့အလှူအတန်းတွေလုပ်နိုင်ပြီး အကယ်ဒမီဆုကြီး လည်း ထပ်မံဆွတ်ခူးနိုင်ပါစေမင်းသားရေ။

Happy – Cele Zone
Photo – Myat Wai Tun

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေျမာက္ဒဂံုျမိဳ႕နယ္က အေျခခံလူတန္းစားေတြအတြက္ ဆန္အိတ္ေတြလႉတန္းခဲ့တဲ့ ျမင့္ျမတ္တို႔မိသားစု

စားဝတ္ေနေရးအခက္အခဲအတြက္ မျဖစ္မေနအလုပ္လုပ္ေနရတဲ့ အေျခခံလုပ္သားေတြအတြက္ တတ္ႏိုင္သူေတြက အသီးသီးအလႉေငြေတြထည့္ဝင္ၾကသလို ကိုယ္တိုင္လည္း လိုအပ္ေနသူ ေတြအတြက္ သြားေရာက္လႉတန္းေပးတာကိုလည္း ဝမ္းသာစြာနဲ႔ျမင္ေတြ႕ရမွာပါ။ အႏုပညာရွင္ ေတြဟာလည္း ပရိသတ္ေတြရဲ႕ လိုအပ္ခ်က္ေတြကို ျပန္လည္ျဖည့္ဆည္း ေပးဖို႔အတြက္ ဒီအခ်ိန္မွာ အလႉအတန္းေတြလုပ္ေနခဲ့ပါတယ္။

ဒီေန႔မွာလည္း ျမင့္ျမတ္တစ္ေယာက္ ေျမာက္ဒဂုံၿမိဳ႕နယ္ (၃၁) ရပ္ကြက္မွာ ဆန္အိတ္ေတြ လႉတန္းခဲ့တာပဲျဖစ္ပါတယ္။ လိုအပ္ေနသူေတြအတြက္ အခုလိုျဖည့္ဆည္းေပးတာကို ျမင္ရေတာ့ ဝမ္းသာမိပါတယ္ မင္းသားေရ။ အားလုံး အိမ္ထဲမွာပဲ ေနဖို႔လိုအပ္ေနတဲ့အခ်ိန္မို႔ ပရဟိတအဖြဲ႕ေတြကလည္း အိမ္တိုင္ရာေရာက္လႉတန္းမႈေတြလုပ္ေနခဲ့ၾကပါတယ္။

ၾကည္ႏူးစရာအလႉေလးကို ” Now သ႐ုပ္ေဆာင္အကယ္ဒမီကိုျမင့္ျမတ္ + မခင္သူေအာင္ သားေမာင္ျမတ္သူမိသားစု ေျမာက္ဒဂုံ ၿမိိနယ္ (၃၁) ရက္ကြက္ ဆန္အိတ္မ်ား လႉဒါန္းခဲ့ပါတယ္။ နတ္လူသာဓုေခၚေစေသာ္ ” ဆိုၿပီး ျမင့္ျမတ္ရဲ႕ လူမႈကြန္ယ က္ကေနတဆင့္ ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ ေနာက္လည္း ဒီထက္မကတဲ့အလႉအတန္းေတြလုပ္ႏိုင္ၿပီး အကယ္ဒမီဆုႀကီး လည္း ထပ္မံဆြတ္ခူးႏိုင္ပါေစမင္းသားေရ။

Happy – Cele Zone
Photo – Myat Wai Tun