လွန်ခဲ့တဲ့(၂၅) နှစ်မော်ဒယ်လ်လုပ်တုန်းက ပုံရိပ်တွေကိုပြန်လည်ချပြလိုက်တဲ့ ဂျွန်လွင်

Posted on

ဂျွန်လွင်ကတော့ မော်ဒယ်လ်လောကရဲ့ ဖခင်ကြီးအဖြစ် အောင်မြင်စွာရပ်တည်နေသူတစ်ယောက်ပါ။ Star & Models Int’l Yangon ရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်သလို အောင်မြင်တဲ့မော်ဒယ်လ်သရုပ်ဆောင်များစွာကိုလည်း မွေးထုတ်ပေးခဲ့ပြီးပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဒီလိုမော်ဒယ်လ်လောကရဲ့ပဲ့ကိုင်ရှင်တစ်ယောက်မဖြစ်ခင် လွန်ခဲ့တဲ့(၂၅) နှစ်က ကိုယ်ကိုတိုင်မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တုန်းက ပုံရိပ်တချို့ကိုချပြခဲ့ပါတယ်။ ဂျွန်လွင်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ပြင်မထွက်ဘဲ အိမ်မှာပဲနေရင်း ကျန်းမာရေးလေ့ကျင့်ခန်းတွေလုပ်နေသူပါ။ ဒီနေ့မှာလည်း လွန်ခဲ့တဲ့ (၂၅) နှစ်တုန်းက ခန္ဓာကိုယ်မျိုးသာပြန်ရခဲ့ရင်ဆိုပြီး တမ်းတစိတ်နဲ့ ပြန်လည်မျှဝေခဲ့တဲ့အပြင် ဒီလိုအိမ်မှာနေဖြစ်တဲ့အချိန်ကို အမြတ်ထုတ်ပြီး လေ့ကျင့်ခန်းလုပ်သင့်ကြောင်းကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..

လွန်ခဲ့တဲ့(၂၅) နှစ်ကတည်းက မိမိုက်နေတဲ့ဂျွန်လွင်ကတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့မှာတော့ အမှန်ပါပဲ ပရိသတ်ကြီးရေ… အိမ်မှာ Personal Trainer ခေါ်ပြီး အပီအပြင်လုပ်နေတဲ့ ဂျွန်လွင်ကတော့ ဟိုးအရင်တုန်းကလိုခန္ဓာကိုယ်လေးပြန်ရအောင် ကြိုးစားနေပါပြီတဲ့နော်။ ပရိသတ်ကြီးအတွက် လွန်ခဲ့တဲ့(၂၅) နှစ်က ဂျွန်လွင်ကပုံရိပ်တချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။


Source – John Lwin
Ki Ki – Cele Zone