ချစ်စရာအမူအရာလေးတွေနဲ့ မနားတမ်းရယ်နေရမယ့် နေခြည်ဦးရဲ့ ဟာသဗီဒီယို

Posted on

အိမ်ထဲမှာပဲနေနေရတဲ့ ပရိသတ်တွေမပျင်းရအောင် အနုပညာရှင်တွေက တစ်မျိုးပြီးတစ်မျိုး ဖျော်ဖြေမှုလေးတွေနဲ့ စိတ်အပန်းပြေ အောင် လုပ်ပေးနေတာ တကယ့်ကိုချစ်စရာပါ။ ဒီတစ်ခေါက်မှာလည်း နေခြည်တစ်ယောက် ချစ်စရာ Tik Tok လေးကို ဟာသသရုပ်ဖော် ရိုက်ကူးထားပြီး ချီချီ့ရဲ့ပရိသတ်တွေကတော့ အသည်းတယားယားနဲ့ အရမ်းကို အချစ်ပိုနေခဲ့ ကြပါတယ်။

အရင်ကလည်း Tik Tok လေးတွေဆော့တတ်ပြီး ချစ်စရာအမူအရာလေးတွေနဲ့ Chillies တွေရဲ့ အချစ်တွေကိုသိမ်းပိုက်တတ်သလို အခုတစ်ယောက်လည်း အသည်းယားစရာ ဟန်ပန်အမူအရာ လေးတွေနဲ့ ပုံဖော်ထားခဲ့ပါသေးတယ်။ အနုပညာရှင်ပီသက်ချက်က အိမ်ထဲမှာနေတာတောင် ပရိသတ်တွေ စိတ်ပျော်ဖို့ ဖျော်ဖြေပေးနေသေးတယ်နော်။

ဟန်ပန်အမူအရာတွေကတော့ ပြောစရာမလိုအောင် တကယ့်ကို ပရော်ဖက်ရှင်နယ် ဒီဂျေသမား တစ်ယောက်လိုပါပဲ။ သူမရဲ့မိတ်ကပ်ပစ္စည်းတွေကို DJ ပစ္စည်းတွေလို ပုံစံလုပ်ထားတာကအစ ရယ်စရာကောင်းသလိုချစ်စရာလည်းကောင်းနေပါတယ်။ သီချင်းလေးကလည်း အမြူးလေးမို့ ပရိသတ်ကြီးအပျင်းပြေစေဖို့ တင်ဆက်ပေးလိုက်တယ်နော်။

Happy – Cele Zone
Photo – Nay Chi Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Nay Chi Oo