အရင်နှစ်တွေက သင်္ကြန်ရက်တွေမှာ သီဆိုဖျော်ဖြေခဲ့ရတာကို သတိရမိတယ်ဆိုတဲ့ ဝါဆိုမိုးဦး

Posted on

ဝါဆိုမိုးဦးကတော့ အမိုက်စားကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက်အနေနဲ့ ရှိုးပွဲတွေမှာလိုက်လံဖျော်ဖြေသီဆိုတာ ကြော်ငြာရိုက်ကူးမှုတွေပြုလုပ်တာစသဖြင့် အနုပညာရိုက်ကူးမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတာပါ။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ ကပ်ရောဂါဆိုးကြီးကြောင့် နှစ်တိုင်းကျင်းပနေကြပွဲတွေဟာဖျက်သိမ်းခဲ့ရပါပြီ။


မြန်မာပြည်မှာတော့ အတာသင်္ကြန်ပွဲတော်ဟာနှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲလာတဲ့ ရိုးရာတစ်ခုပါ။ ဒီနှစ်မှာတော့ သင်္ကြန်ပွဲတော်လည်း လူစည်ကားစွာနဲ့မကျင်းပ ဖြစ်တော့ပါဘူး။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်မှာ ပရိသတ်တွေကို သီဆိုဖျော်ဖြေလေ့ရှိတဲ့ဝါဆိုမိုးဦးကတော့ “၁၉လမ်းChannel 9 မဏ္ဌပ်မှာပဲ ဖျော်ဖြေခွင့်ရခဲ့တာ ဒီနှစ်နဲ့ပါဆို ၇နှစ် ပေါ့ ချစ်မ မမီးနဲ့ skynet မိသားစုညီကိုမောင်နှမများအားလုံး ၁၉လမ်းChannel 9 ရဲ့အမာခံချစ်ပရိတ်သတ်များအားလုံးကို ဒီနှစ်သြက်န် ကြီး မှာ သတိရနေပါတယ်” လို့ ရေးသားခဲ့တာပါ။


သူကတော့ အရင်နှစ်တွေကသီဆိုဖျော်ဖြေခဲ့တဲ့ပုံရိပ်တွေနဲ့အတူ ပရိသတ်တွေကို သီဆိုဖျော်ဖြေခဲ့ရတဲ့သင်္ကြန်နဲ့ပရိသတ်တွေကို သတိရနေတာပါ။ ဒီနှစ်သင်္ကြန်ကတော့ ပွဲလမ်းသဘင်တွေလည်းမရှိတော့တာကြောင့် အရင်နှစ်သင်္ကြန်တွေကို ဝါဆိုမိုးဦးလိုပဲ သတိရမိနေတဲ့သူတွေရှိနေမလားနော်…
Source : WarsoMoeOo
Anna CeleZone