ထူးအောင်ကို တော်ရုံလူမလုပ်နိုင်မယ့် အပြင်းစား Challenge တစ်ခုခေါ်ခဲ့တဲ့ စမိုင်းလ်ရဲ့ ဗီဒီယို

Posted on

အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားပြီး ပျိုပျိုမေတို့ရဲ့အသည်းကျော်တစ်ယောက်ဖြစ်တဲ့ ထူးအောင်ကတော့ Gym Trainer တစ်ယောက် ဖြစ်ပြီး သူကိုယ်တိုင်လည်း ဗလမရှိတဲ့ အနေအထားကနေ အခုလိုကြည့်ကောင်းအောင် အများကြီးကြိုးစားခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြန်ဝေမျှဖို့အတွက် Gym တစ်ခု ဖွင့်လှစ်ထားပြီး တက်ရောက်သူတွေလည်း အများအပြား ပါပဲ။

စမိုင်းကိုလည်း အိမ်တိုင်ရာရောက် လေ့ကျင့်မှုတွေလာလုပ်ပေးပြီး စမိုင်းလ်ဟာဆိုရင်လည်း ပေါင် (၂၀၀) ကျော် အလေးချိန်ကနေ အခုဆို အရမ်းကိုကြည့်ကောင်းတဲ့ တောင့်တောင့် တင်းတင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်ပြီပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း ရောဂါ အခြေအနေ တွေကြောင့် အိမ်ပြင်မထွက်ပဲ အိမ်ထဲမှာပဲနေရတဲ့အခိုက်အတန့်မှာ စမိုင်းလ်တစ်ယောက် ထူးအောင်ကို အပြင်းစား Challenge တစ်ခုခေါ်လိုက်ပါတယ်။

ဒိုက်ထိုးနေတဲ့အနေအထားကနေ ခြေထောက်ကို နံရံပေါ်မြှင့်ပြီး လက်နှစ်ဖက်တည်းနဲ့ အင်္ကျီဝတ်ရမယ့် Challenge ပါ။ တော်ရုံလူ လိုက်မလုပ်နိုင်လောက်တဲ့ အပြင်းစား Challenge မို့ ထူးအောင်တစ်ယောက် ဘယ်လိုလုပ်ပြမယ်ဆိုတာတော့ ရင်ခုန်ချင်စရာပဲနော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

ထူးေအာင္ကို ေတာ္ရံုလူမလုပ္ႏိုင္မယ့္ အျပင္းစား Challenge တစ္ခုေခၚခဲ့တဲ့ စမိုင္းလ္ရဲ႕ ဗီဒီယို

အမိုက္စားေဘာ္ဒီကိုပိုင္ဆိုင္ထားျပီး ပ်ိဳပ်ိဳေမတို႔ရဲ႕အသည္းေက်ာ္တစ္ေယာက္ျဖစ္တဲ့ ထူးေအာင္ကေတာ့ Gym Trainer တစ္ေယာက္ ျဖစ္ျပီး သူကိုယ္တိုင္လည္း ဗလမရွိတဲ့ အေနအထားကေန အခုလိုၾကည့္ေကာင္းေအာင္ အမ်ားၾကီးၾကိဳးစားခဲ့ရသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ကိုယ္ပိုင္အေတြ႕အၾကံဳေတြကို ျပန္ေဝမွ်ဖို႔အတြက္ Gym တစ္ခု ဖြင့္လွစ္ထားျပီး တက္ေရာက္သူ ေတြလည္း အမ်ားအျပားပါပဲ။

စမိုင္းကိုလည္း အိမ္တိုင္ရာေရာက္ ေလ့က်င့္မႈေတြလာလုပ္ေပးျပီး စမိုင္းလ္ဟာဆိုရင္လည္း ေပါင္ (၂၀၀) ေက်ာ္ အေလးခ်ိန္ကေန အခုဆို အရမ္းကိုၾကည့္ေကာင္းတဲ့ ေတာင့္ေတာင့္ တင္းတင္း ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားႏိုင္ျပီပဲျဖစ္ပါတယ္။ အခု ေနာက္ပိုင္း ေရာဂါအေျခအေန ေတြေၾကာင့္ အိမ္ျပင္မထြက္ပဲ အိမ္ထဲမွာပဲေနရတဲ့အခုိက္အတန္႔မွာ စမိုင္းလ္တစ္ေယာက္ ထူးေအာင္ကို အျပင္းစား Challenge တစ္ခုေခၚလိုက္ပါတယ္။

ဒိုက္ထိုးေနတဲ့အေနအထားကေန ေျခေထာက္ကို နံရံေပၚျမွင့္ျပီး လက္ႏွစ္ဖက္တည္းနဲ႔ အက်ၤီဝတ္ရမယ့္ Challenge ပါ။ ေတာ္ရံုလူလိုက္မလုပ္ႏိုင္ေလာက္တဲ့ အျပင္းစား Challenge မို႔ ထူးေအာင္တစ္ေယာက္ ဘယ္လိုလုပ္ျပမယ္ဆိုတာေတာ့ ရင္ခုန္ခ်င္စရာပဲေနာ္။

Happy – Cele Zone
Photo – Smile