ကျောက်ကပ်ဝေဒနာရှင်တွေအတွက် သင်္ကန်းကျွန်းစံပြဆေးရုံမှာ အလှူငွေ သိန်းဆယ်ချီ လှူတန်းခဲ့ကြတဲ့ အနုပညာရှင်တွေ

Posted on

လက်ရှိအချိန်မှာ အနုပညာရှင်တွေကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပြန်ပြီး ဖြည့်ဆည်းပေးနေကြတာ တကယ့်ကို ကြည်နူးစရာကောင်းလွန်းပါတယ်။ အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့တွေအနေနဲ့ အသီးသီး လိုအပ်တဲ့နေရာတိုင်းမှာ သွားရောက်လှူတန်းမှုတွေပြုလုပ်ခဲ့ကြတဲ့အထဲကမှ ပွင့်တို့ရဲ့ ” မေတ္တာအင်္သချေပရဟိတ ” အဖွဲ့ဟာလည်း သင်္ကန်းကျွန်းစံပြဆေးရုံမှာ လိုအပ်တာလေးတွေ လှူတန်းခဲ့ကြပါတယ်။

ကြည်နူးစရာအလှူလေးကို ” ဒီနေ့ ပွင့်တို့ အနုပညာရှင်မောင်နှမတွေစုစည်းထားတဲ့ ” မေတ္တာအသင်္ချေပရဟိတ” အဖွဲ့လေးရဲ့ ဒုတိယ မြောက်ခြေလှမ်း (ပွင့်တို့ လူကိုယ်တိုင် မလိုက် ဖြစ်ပေမယ့် တဖွဲ့လုံးကိုယ်စား သွားရောက်လှူဒါန်းပေးတဲ့မောင်နှမတွေ ကျေးဇူးအထူးပါ သင်္ကန်းကျွန်းစံပြဆေးရုံ ကျောက်ကပ်ဆေးနေရတဲ့ဝေဒနာရှင်များအတွက် တစ်ကြိမ်ဆေးရန် လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကို အကြိမ်ရေ .- ၄၀စာ ”

” Covid 19 ရောဂါကြိုတင် ကာကွယ်ရန်လိုအပ်သော ပစ္စည်းများ အတွက် (900000/-) ကိုးသိန်းကျပ်တိတိနှင့် ချို့တဲ့ နွမ်းပါးသူတို့ အတွက် ထမင်း​၂ ရက်စာ ကျွေး(140000/-) တစ်သိန်းလေးသောင်းကျပ်တိတိ စုစုပေါင်း အလှူငွေ (1040000/-) ဆယ်သိန်းလေးသောင်း ကျပ်တိတိကို လှူဒါန်းခဲ့ပါသည်။ နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး ပွင့်က ဝေမျှခဲ့ပါတယ်။ နောက်ထပ်လည်း အများကြီးလှူတန်းနိုင်ပါ စေနော်။

Happy – Cele Zone
Photo – Pwint Cele

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Pwint Cele