ဆန်အိတ်တွေကိုယ်တိုင်ထမ်းပြီး လိုအပ်သူတွေဆီအရောက်ပို့ပေးနေတဲ့ အေးမြတ်သူ

Posted on

ပျော်ပျော်နေတတ်ပြီး ခရီးတွေလည်းမကြာခဏထွက်တတ်တဲ့ အေးမြတ်သူတစ်ယောက် ပရဟိတလုပ်ငန်းတွေမှာလည်း လက်မနှေး တတ်သူတစ်ယောက်ပါ။ လက်ရှိမှာလည်း ကပ်ရောဂါဆိုးကြီးကြောင့် တစ်နိုင်ငံလုံး ပူပင်သောကရောက်နေကြတဲ့အချိန်မှာ လက်လုပ် လက်စားသမားတွေကတော့ မဖြစ်မနေအိမ်ပြင်ထွက်ပြီး အလုပ်လုပ်မှ အဆင်ပြေမယ့် အခြေအနေတွေရှိနေတာမို့ အဆင်ပြေတဲ့သူတွေ က အလှူအတန်းတွေလည်း အများအပြားလုပ်နေကြပါတယ်။

မင်းသားမင်းသမီးတွေအနေနဲ့လည်း ကိုယ်တိုင်ပါဝင်လှူတန်းကြတာတွေရှိသလို ပရဟိတအဖွဲ့တွေနဲ့လည်းချိတ်ဆက်ပြီး လှူတန်းကြ ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ မမြတ်လေးက ဆန်အိတ်တွေကို ကိုယ်တိုင်ထမ်းပြီး ပရဟိတအဖွဲ့နဲ့ပူးပေါင်းကာ လိုအပ်သူတွေထံ အရောက်ပို့ပေးနေတဲ့ ပုံရိပ်လေးကို မိတ်ကပ်ဖန်တီးရှင်ညီညီမောင်က လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

” ဒါလား မင်းသမီးဆိုတာ ပရဟိတစိတ် အမြဲရှိ လုပ်ဖော်ကိုင်ဖတ်တွေအပေါ်သိတက် တဲ့ သူမကို မိတ်ကပ်လိမ်းပေးခွင့်ရလို့ ကျေနပ်ပီတိ ဖြစ်ရပါတယ် ” ဆိုပြီး မမြတ်လေးရဲ့ ဟန်ဆောင်မှုကင်း တဲ့ ပရဟိတစိတ်စစ်စစ်နဲ့ ချွေးပေါက်ပေါက်ကျအောင် ကူညီနေပုံက တကယ့်ကို လေးစားစရာ ပါပဲ။ ဒါကြောင့်လည်း အောင်မြင်တဲ့အနုပညာရှင်အဖြစ်နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို ရနေတာပေါ့နော်။

Happy – Cele Zone
Photo – Nyi Nyi Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဆန္အိတ္ေတြကိုယ္တိုင္ထမ္းၿပီး လိုအပ္သူေတြဆီအေရာက္ပို႔ေပးေနတဲ့ ေအးျမတ္သူ

ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ခရီးေတြလည္းမၾကာခဏထြက္တတ္တဲ့ ေအးျမတ္သူတစ္ေယာက္ ပရဟိတလုပ္ငန္းေတြမွာလည္း လက္မေႏွးတတ္သူတစ္ေယာက္ပါ။ လက္ရွိမွာလည္း ကပ္ေရာဂါဆိုးႀကီးေၾကာင့္ တစ္ႏိုင္ငံလုံး ပူပင္ေသာကေရာက္ေနၾက တဲ့အခ်ိန္မွာ လက္လုပ္လက္စားသမားေတြကေတာ့ မျဖစ္မေနအိမ္ျပင္ထြက္ၿပီး အလုပ္လုပ္မွ အဆင္ေျပမယ့္ အေျခအေနေတြရွိေနတာမို႔ အဆင္ေျပတဲ့သူေတြက အလႉအတန္းေတြလည္း အမ်ားအျပားလုပ္ေနၾကပါတယ္။

မင္းသားမင္းသမီးေတြအေနနဲ႔လည္း ကိုယ္တိုင္ပါဝင္လႉတန္းၾကတာေတြရွိသလို ပရဟိတအဖြဲ႕ေတြနဲ႔လည္းခ်ိတ္ဆက္ၿပီး လႉတန္းၾကပါေသးတယ္။ ဒီတစ္ေခါက္မွာေတာ့ မျမတ္ေလးက ဆန္အိတ္ေတြကို ကိုယ္တိုင္ထမ္းၿပီး ပရဟိတအဖြဲ႕နဲ႔ ပူးေပါင္းကာ လိုအပ္သူေတြထံ အေရာက္ပို႔ေပးေနတဲ့ ပုံရိပ္ေလးကို မိတ္ကပ္ဖန္တီးရွင္ညီညီေမာင္က လူမႈကြန္ယက္မွာေဝမွ်လိုက္တာပဲ ျဖစ္ပါတယ္။

” ဒါလား မင္းသမီးဆိုတာ ပရဟိတစိတ္ အၿမဲရွိ လုပ္ေဖာ္ကိုင္ဖတ္ေတြအေပၚသိတက္ တဲ့ သူမကို မိတ္ကပ္လိမ္းေပးခြင့္ရ လို႔ ေက်နပ္ပိတိ ျဖစ္ရပါတယ္ ” ဆိုၿပီး မျမတ္ေလးရဲ႕ ဟန္ေဆာင္မႈကင္း တဲ့ ပရဟိတစိတ္စစ္စစ္နဲ႔ ေခြၽးေပါက္ေပါက္က်ေအာင္ ကူညီေနပုံက တကယ့္ကိုေလးစားစရာ ပါပဲ။ ဒါေၾကာင့္လည္း ေအာင္ျမင္တဲ့အႏုပညာရွင္အျဖစ္နဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ ေတြကို ရေနတာ ေပါ့ေနာ္။

Happy – Cele Zone
Photo – Nyi Nyi Maun