အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်တွေ ဆက်တိုက်လှူဒါန်းပေးနေတဲ့စမိုင်းလ်

Posted on

စမိုင်းလ်ကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို ဆက်တိုက်လှူဒါန်းနေသူတစ်ယောက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အခြေခံလူတန်းစားတွေ အင်မတန်ဒုက္ခရောက်နေတဲ့အချိန်မှာ စမိုင်းလ်ကတော့ လိုအပ်နေတဲ့နေရာတွေကို အဓိကရွေးပြီး လှူဒါန်းနေသူပါ။ We Love Yangon အဖွဲ့ကနေတဆင့် အခြေခံမိသားစု(၁၀၀)အတွက် တစ်ပတ်စာစားစရိတ် ဆယ်သိန်းလှူဒါန်းခဲ့ပြီး ရန်ကင်းရဲစခန်းနဲ့ ယာဉ်ထိန်းရဲတွေအတွက် ဆန်အိတ်တွေလည်း လှူဒါန်းခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ထပ်ပြီးတော့ ရပ်ကွက်ထဲက အနှေးယာဉ်လုပ်သားတွေနဲ့ မီးရထားဝန်းထဲက လူတွေအတွက် စားသောက်ကုန်တွေ ထပ်မံလှူဒါန်းခဲ့ပြန်ပါတယ် ပရိသတ်ကြီးရေ။

စမိုင်းလ်တို့မိသားစုကတော့ ကိုရိုနာဗိုင်းရပ်စ်ရန်ကို ကာကွယ်တဲ့အနေနဲ့ တစ်မိသားစုလုံးအိမ်မှာပဲ နေနေကြတဲ့အပြင် ဝန်ထမ်းတွေကိုလည်း လစာပေးပြီးနားစေခဲ့ပါတယ်။ ဒါ့အပြင် ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက်လည်း ပိုက်ဆံတတ်နိုင်တဲ့ပြည်သူတစ်ယောက်အနေနဲ့ ဆက်တိုက်ကူညီနေခဲ့တာပါ။ Quarantine ထားမယ့်နေရာတွေအတွက် လိုအပ်တဲ့ရေသန့်ကဒ်(၃၀၀)၊မောင်မောင်အေးရဲ့ပြည်သူနဲ့အတူလှူကြမယ် အစီအစဉ်မှာ ဆယ်သိန်း၊ ဆေးရုံများသို့ ဖြန့်ဝေရန် PPE အစုံ(၁၀၀)၊ မန္တလေးမြို့က Smiley တွေနဲ့အတူတူ ဆင်းရဲနွမ်းပါးသူတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်း စတာတွေကို ဆက်တိုက်ဆိုသလို လှူဒါန်းပေးခဲ့ပါတယ်။

ငွေကြေးကုန်ကျခံကာ လိုအပ်တဲ့နေရာတွေကို လိုက်ဖြည့်ဆည်းပေးရုံမကသေးဘဲ အိမ်မှာနေရင်း ပရိသတ်တွေမပျင်းရအောင်ပါ ပျော်စရာလေးတွေ မျှဝေပေးနေပါသေးတယ်။ အများအကျိုးအတွက်ဆိုရင် နောက်မတွန့်ဘဲ လက်မနှေးကူညီတတ်တဲ့စမိုင်းလ်ရဲ့ အလှူလေးတွေကိုတော့ ပရိသတ်ကြီးသာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။ စမိုင်းလ်တစ်ယောက် စီးပွားရေးတွေအစစအရာရာအဆင်ပြေပြီး လိုအပ်နေသူတွေကို ဒီထက်ပိုပြီးကူညီနိုင်တဲ့သူဖြစ်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်။


Source – Smile စမိုင်းလ်
Ki Ki – Cele zone