ကြည့်ရှူသူအများအပြားရှိခဲ့တဲ့ Liamလေးရဲ့ အသည်းယားစရာကောင်းလွန်းတဲ့ ဗီဒီယို

Posted on

အားလုံးရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားတဲ့ ယွန်းဝတီလွင်မိုး ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ Liam ေလးက ချစ်မွှေးပါတဲ့ ကလေးလေးလို့ ပြောရလောက်အောင် ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ဖြစ်ပါတယ်။ မင်းသားကြီး လွင်မိုးရဲ့ သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုး ကလည်း အနုပညာအလုပ်တွေကို လုပ်ရင်း ပရိသတ်တွေကြားမှာ ခေးလေးအဖြစ် ပုရိသတွေရဲ့ ဝန်းရံအားပေးမှုတွေကို များစွာရရှိခဲ့တဲ့ သူလေးတစ်ဦးပါ။

 

မေမေ ယွန်းဝတီလွင်မိုးက ချစ်စရာကောင်းတဲ့ သားလေး နဲ့အတူ ကြော်ငြာရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ ချစ်စရာကောင်းတဲ့ သားအမိလေးအဖြစ် အားလုံးက ဝိုင်းပြီးချစ်ခံရသူလေးပါ။ ဘိုးဘိုး လွင်မိုးနဲ့ အနေနီးတဲ့ Liam က ဘိုးဘိုးစကားကို နားထောင်ပြီး အရမ်းကို ချစ်စရာကောင်းတဲ့ အသည်းယားစရာအပြုအမူလေးတွေကြောင့် ပရိသတ်တွေ အနေနဲ့လည်း အသည်းယားချင်စရာ ကလေးလေး တစ်ယောက်ပါ။

ယခုလည်း ဘိုးဘိုးနဲ့ အတူ ကမ်းခြေမှာ လမ်းလျှောက်ရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပတ်ဝန်းကျင်လို့ စူးစမ်းနေတဲ့ Liam လေးရဲ့ ဗီဒီယိုလေးက တခဏအတွင်းမှာတင်ကြည့်ရှူသူဦးရေ များစွာရှိခဲ့ပါတယ်။ မေမေ ယွန်းဝတီလွင်မိုးက သားလေး Liam ရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။ ဒီတော့ CeleZone ပရိသတ်ကြီးလည်း ဗီဒီယိုလေးကို ကြည့်ရင်း ကြည်နူးမှုလေးတွေခံစားနိုင်ဖို့ တင်ပေးလိုက်ပါပြီနော်။

Source:Yun Waddy Lwin Moe

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ၾကည့္ရွဴသူအမ်ားအျပားရွိခဲ့တဲ့ Liamေလးရဲ႕ အသည္းယားစရာေကာင္းလြန္းတဲ့ ဗီဒီယို

အားလုံးရဲ႕ အခ်စ္ေတြကိုပိုင္ဆိုင္ထားတဲ့ ယြန္းဝတီလြင္မိုး ရဲ႕ တစ္ဦးတည္းေသာ သားေလးျဖစ္တဲ့ Liam ေလးက ခ်စ္ေမႊးပါတဲ့ ကေလးေလးလို႔ ေျပာရေလာက္ေအာင္ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ေလးတစ္ေယာက္ျဖစ္ပါတယ္။ မင္းသားႀကီး လြင္မိုးရဲ႕ သမီးႀကီးျဖစ္တဲ့ ယြန္းဝတီလြင္မိုး ကလည္း အႏုပညာအလုပ္ေတြကို လုပ္ရင္း ပရိသတ္ေတြၾကားမွာ ေခးေလးအျဖစ္ ပုရိသေတြရဲ႕ ဝန္းရံအားေပးမႈေတြကို မ်ားစြာရရွိခဲ့တဲ့ သူေလးတစ္ဦးပါ။

ေမေမ ယြန္းဝတီလြင္မိုးက ခ်စ္စရာေကာင္းတဲ့ သားေလး နဲ႔အတူ ေၾကာ္ျငာ႐ိုက္ကူးခဲ့တဲ့ ပုံရိပ္ေလးေတြက ပရိသတ္ေတြၾကားမွာ ခ်စ္စရာေကာင္းတဲ့ သားအမိေလးအျဖစ္ အားလုံးက ဝိုင္းၿပီးခ်စ္ခံရသူေလးပါ။ ဘိုးဘိုး လြင္မိုးနဲ႔ အေနနီးတဲ့ Liam က ဘိုးဘိုးစကားကို နားေထာင္ၿပီး အရမ္းကို ခ်စ္စရာေကာင္းတဲ့ အသည္းယားစရာအျပဳအမူေလးေတြေၾကာင့္ ပရိသတ္ေတြ အေနနဲ႔လည္း အသည္းယားခ်င္စရာ ကေလးေလး တစ္ေယာက္ပါ။

ယခုလည္း ဘိုးဘိုးနဲ႔ အတူ ကမ္းေျခမွာ လမ္းေလွ်ာက္ရင္း မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ ပတ္ဝန္းက်င္လို႔ စူးစမ္းေနတဲ့ Liam ေလးရဲ႕ ဗီဒီယိုေလးက တခဏအတြင္းမွာတင္ၾကည့္ရွဴသူဦးေရ မ်ားစြာရွိခဲ့ပါတယ္။ ေမေမ ယြန္းဝတီလြင္မိုးက သားေလး Liam ရဲ႕ ဗီဒီယိုေလးကို ပရိသတ္ေတြအတြက္ သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ျပန္လည္ေဝမွ်ထားတာျဖစ္ပါတယ္။ ဒီေတာ့ CeleZone ပရိသတ္ႀကီးလည္း ဗီဒီယိုေလးကို ၾကည့္ရင္း ၾကည္ႏူးမႈေလးေတြခံစားႏိုင္ဖို႔ တင္ေပးလိုက္ပါၿပီေနာ္။