ပရိသတ်တွေအရမ်းသဘောကျနေကြတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့နှစ်ယောက်ရဲ့ အခွီ Tik Tok ဗီဒီယို
Posted on
အိမ်ထဲမှာပဲနေရင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးလွမ်းလာကြတာကြောင့် ဖြိုးလေးနဲ့ ဝါဆိုတို့နှစ်ယောက်သား အတူတူဆုံပြီး Tik Tok ရိုက်ခဲ့ပုံပါပဲ။ ချစ်ခဲ့ကြတဲ့ ကာလဟာလည်း လေးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အချစ်တွေက တစ်ရက်ထက်တစ်ရက် ပိုပိုပြီးနွေးထွေးလာခဲ့ပါတယ်။ လူတွေကတော့ အိမ်ထဲမှာရှိနေပေမယ့် စိတ်တွေကတော့ တစ်ယောက်ဆီတစ်ယောက် လွင့်ပျံနေမှာ အသေအချာပါပဲ။
ညီမလေးယောက်အတူတူ အိမ်ထဲမှာနေရင်း Tik Tok တွေ ကစားနေတဲ့ ဝါဆိုတစ်ယောက် ချစ်သူနဲ့လည်း အခွီ Tik Tok လေး ထပ်ကစား လိုက်ပြန်ပါပြီ။ ချစ်ဖို့ကောင်းတဲ့ နှစ်ယောက်သား ရဲ့ တင်ဆက်ပုံလေးက တကယ်သဘောကျစရာပါ။ ဝါသနာပါရာ လမ်းကြောင်းတွေ ပေါ်မှာ ကိုယ်စီလျှောက်လှမ်းရင်း နှစ်ယောက်ဘဝလေးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပုံဖော်နေကြပါတယ်။
ဒီနေ့မှာလည်း နှစ်ယောက်သားရဲ့ အခွီ Tik Tok လေးကို လူမှုကွန်ယက်မှာ ဝေမျှပြီးနောက် ပရိသတ်တွေကလည်း သေဘာတကျနဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အိမ်ထဲမှာနေပြီး ပျင်းနေတဲ့သူတွေအဖို့တော့ ဒီ Tik Tok ဗီဒီယိုလေးကို အပျင်းပြေစေဖို့ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်တယ်နော်။
Happy – Cele Zone
Photo – Warso Moe Oo
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Warso Moe Oo