မွေးနေ့အလှူအဖြစ် ဆန်အိတ်တွေအများကြီးဝယ်ပြီး မရှိဆင်းရဲသားတွေအတွက် လှူတန်းဖို့ ပြင်ဆင်နေတဲ့ ခင်လှိုင်

Posted on

ဟာသ သရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ ခင်လှိုင် တစ်ယောက် မကြာခင်မှာရောက်ရှိလာတော့မယ့် သူ့ရဲ့မွေးနေ့လေးမှာ နှစ်တိုင်းလိုလို စတုဒီသာ ကျွေးပြီး ပျော်ပျော်ပါးပါးဖြတ်သန်းလာခဲ့ပေမယ့် ဒီနှစ်မှာတော့ လူစုလူဝေးလုပ်လို့ မရတဲ့ အတွက်ကြောင့် ဆန်အိတ်တွေအများကြီးဝယ်ပြီး လိုအပ်သူတွေကို လှူတန်းပေးနိုင်ဖို့ ဆန်တစ်ပြည်အထုပ်တွေ ထုပ်နေခဲ့ပါတယ်။

အခုလိုအချိန်မှာ လိုအပ်သူအဖို့တော ဆန်တစ်ပြည်ဟာလည်း တစ်သိန်းလောက်ကို တန်ကြေးရှိပါရဲ့နော်။ တစ်ဘဝလုံး ပရိသတ်တွေကို ပျော်ရွှင်အောင်ဖန်တီးပေးတတ်တဲ့ လူရွှင်တော်ကြီးဟာ အခုတစ်ခေါက်မှာလည်း ပရိသတ်တွေရဲ့လိုအပ်ချက်တွေကို ဖန်တီးပေးဖို့ ပြင်ဆင်နေတာ တကယ့်ကိုကြည်နူးစရာပါ။ ဇနီးဖြစ်သူကလည်း ပါရမီဖြည့်ဖက်ကောင်း ပီသစွာနဲ့ ခင်ပွန်းရဲ့အလှူကို အားတက်သရော် ကူညီနေခဲ့ပါတယ်။

ဇနီးမောင်နှံနှစ်ယောက် အလှူလုပ်ဖို့ ပြင်ဆင်နေတဲ့ပုံရိပ်တစ်ချို့ကို ” ဆန်ဆိုင်မဟုက်ဘူးနော် မွေးနေ့မှာ လှူဖို့အတွက်ကြိုတင်ပြင်ဆင်နေ တာပါ ဒီနှစ်ကစတုဒီသာကြွေးလိုမရလောက်ဘူးလေ လူစုလူဝေးမလုပ်ရဘူး ရသလိုလေးလှူမယ်ဗျာ ” ဆိုပြီး ခင်လှိုင်က သူ့ရဲ့ လူမှုကွန်ယက်မှာ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက ပိုပြီးလှူနိုင်တန်းနိုင်ပါစေနာ်။

Happy – Cele Zone
Photo – Khin Hlaing

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေမြးေန႔အလႉအျဖစ္ ဆန္အိတ္ေတြအမ်ားႀကီးဝယ္ၿပီး မရွိဆင္းရဲသားေတြအတြက္ လႉတန္းဖို႔ ျပင္ဆင္ေနတဲ့ ခင္လႈိင္

ဟာသ သ႐ုပ္ေဆာင္အျဖစ္နဲ႔ ပရိသတ္ေတြရဲ႕အားေပးမႈကို အခိုင္အမာရရွိခဲ့တဲ့ ခင္လႈိင္ တစ္ေယာက္ မၾကာခင္မွာေရာက္ရွိလာ ေတာ့မယ့္ သူ႔ရဲ႕ေမြးေန႔ေလးမွာ ႏွစ္တိုင္းလိုလို စတုဒီသာ ေကြၽးၿပီး ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းလာခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ လူစုလူေဝးလုပ္လို႔ မရတဲ့ အတြက္ေၾကာင့္ ဆန္အိတ္ေတြအမ်ားႀကီးဝယ္ၿပီး လိုအပ္သူေတြကို လႉတန္း ေပးႏိုင္ဖို႔ ဆန္တစ္ျပည္အထုပ္ေတြ ထုပ္ေနခဲ့ပါတယ္။

အခုလိုအခ်ိန္မွာ လိုအပ္သူအဖို႔ေတာ ဆန္တစ္ျပည္ဟာလည္း တစ္သိန္းေလာက္ကို တန္ေၾကးရွိပါရဲ႕ေနာ္။ တစ္ဘဝလုံး ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ဖန္တီးေပးတတ္တဲ့ လူ႐ႊင္ေတာ္ႀကီးဟာ အခုတစ္ေခါက္မွာလည္း ပရိသတ္ေတြရဲ႕လိုအပ္ခ်က္ေတြကို ဖန္တီး ေပးဖို႔ ျပင္ဆင္ေနတာ တကယ့္ကိုၾကည္ႏူးစရာပါ။ ဇနီးျဖစ္သူကလည္း ပါရမီျဖည့္ဖက္ေကာင္း ပီသစြာနဲ႔ ခင္ပြန္းရဲ႕ အလႉကို အားတက္သေရာ္ကူညီေနခဲ့ပါတယ္။

ဇနီးေမာင္ႏွံႏွစ္ေယာက္ အလႉလုပ္ဖို႔ ျပင္ဆင္ေနတဲ့ပုံရိပ္တစ္ခ်ိဳ႕ကို ” ဆန္ဆိုင္မဟုက္ဘူးေနာ္ ေမြးေန႔မွာ လႉဖို႔အတြက္ႀကိဳ တင္ျပင္ဆင္ေနတာပါ ဒီႏွစ္ကစတုဒီသာေႂကြးလိုမရေလာက္ဘူးေလ လူစုလူေဝးမလုပ္ရဘူး ရသလိုေလးလႉမယ္ဗ်ာ ” ဆိုၿပီး ခင္လႈိင္က သူ႔ရဲ႕လူမႈကြန္ယက္မွာ ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ ေနာက္ႏွစ္ေတြမွာလည္း ဒီထက္မက ပိုၿပီးလႉႏိုင္တန္းႏိုင္ပါေစနာ္။

Happy – Cele Zone
Photo – Khin Hlaing