အပြင်မထွက်ရလို့ပျင်းနေတဲ့အဖွားကို အိမ်မှာ Tik Tok ဆော့ပြီး အတူ က ပေးနေတဲ့ စမိုင်းရဲ့ ဗီဒီယို
Posted on
လက်ရှိအချိန်ထိတော့ မိသားစုတွေအားလုံး အိမ်မှာပဲနေနေကြတဲ့ စမိုင်းတို့ကတော့ ကလေးတွေကို ထိန်းနိုင်ပေမယ့် အဖွားဖြစ်သူ လူကြီးကိုတော့ မထိန်းနိုင်တဲ့အနေအထားပါပဲ။ လူကြီးဆိုတော့လည်း အိမ်မှာချည်းနေရတော့ပျင်းပြီး အိမ်ကလူတွေကို ပြဿနာရှာပြီး အပြင်လိုက်ပို့ခိုင်းတဲ့အကြောင်းလေးကို စမိုင်းလ်ကပြောပြခဲ့ပါသေးတယ်။ ချစ်ရတဲ့အဖွား စိတ်ချမ်းသာအောင် ရန်ကုန်မြို့တစ်ပတ် ကားမောင်းပြီးလည်း လိုက်ပို့ခဲ့ပါသေးတယ်တဲ့။
” အိမ်မှာအဖွားကိုဘယ်မှမထွက်ရဘူး ဘာကိစ္စနဲ့မှလို့ပြောထားလို့ .. ရောဂါတွေကတစ်ခုပြီး တစ်ခုတိုး စိတ်တွေတိုပြီး အိမ်ကလူတွေကို ရန်လုပ် ကလေးထိန်းရတာအဆင်ပြေတယ် လူကြီးထိန်းမရတာပိုဆိုးတယ် ” ဆိုပြီး ကြည်နူးစရာအဖြစ်လေးကို ရေးသားခဲ့ပါသေးတယ်။ ချစ်စရာအဖွားကလည်း ဂျီကျတတ်တယ်နော်။
အိမ်မှာနေရင်း အဖွားမပျင်းရအောင် Tik Tok က သီချင်းသံစဉ်လေးတွေနဲ့ အတူတူ က နေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါ သေးတယ်။ ချစ်စရာကောင်းတဲ့ မြေးလေးကို ပိုင်ဆိုင်ထားတဲ့အဖွားကတော့ တကယ့်ကိုအိုဇာတာကောင်းတာပဲနော်။ အဖွားကိုလည်း အမြဲတမ်းစိတ်ချမ်းသာအောင်ထားတဲ့ မြေးမလေးမို့ တစ်မိသားစုလုံး ရောဂါဘယကင်းဝေး ပါစေနော်။
Happy – Cele Zone
Photo – Smile
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Smile